စစ်မှန်တဲ့ ချစ်ခြင်းတွေမှာ တွေ့ရတဲ့ ဝိသေဿလေးများ

blank

လူတိုင်းကတော့ ကိုယ့်ချစ်ခြင်းကို အပြည့်အဝ ယုံကြည်နေတဲ့သူချည်းပါ။ သို့ပေမယ့်လည်း မိမိတို့ချစ်ခြင်းဟာ တစ်ကယ် စစ်မှန်တယ် မစစ်မှန်ဘူးဆိုတာ ဘာနဲ့ တိုင်းတာမှာလဲ။ အရင်က အချစ်နဲ့ပတ်သက်ပြီး ကြေကွဲခံစားခဲ့ရသူတွေအတွက်ဆို ပိုလို့တောင်ဆိုးပါသေးတယ်။

ဒါကြောင့် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲဆိုတာသိရအောင် ဂန္တဝင် မဂ္ဂဇင်းမှ ဤစာစောင်လေးကို ရေးသားတင်ဆက်လိုက်ပါတယ်။ အောက်ဖော်ပြပါ အချက်(၁၀)ချက်နဲ့ တိုက်ကြည့်လိုက်ရအောင်။

၁။ တစ်ယောက်ခံစားချက်တစ်ယောက် ပြောပြဖို့မလိုဘဲ နားလည်နေတယ်။

တစ်ယောက်နဲ့တစ်ယောက် မျက်လုံလေး ၊အပြုံးလေးတွေ ကြည့်လိုက်ရုံနဲ့ သူ့စိတ်ထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ သိနေနှင့်ပြီ။

၂။ ဘဝအတွက် အရေးကြီးဆုံး ဆုံဖြတ်ချက်တွေချပြီဆို ချစ်သူရဲ့အဆင်ပြေမှုကို ဦးစားပေး စဉ်းစားတတ်တယ်။

အနာဂတ် အစီအစဉ်တွေကို ချစ်သူအတွက် အမြဲစဉ်းစားချင့်ချိန်ပြီးမှ စနစ်တကျ ရေးဆွဲတတ်တယ်။ မိမိချစ်သူ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အရာမျိုးကို စိတ်ထဲကနေတောင် လုပ်ဖို့ မကြံရွယ်ပါဘူး။ ဒါ့အပြင် တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ပြီး အနာဂတ်ခရီးအတွက် ကြိုရင်ခုန်နေတတ်ကြသေးတယ်။

၃။ ချစ်သူနဲ့ပတ်သက်ရင် အသေးအဖွဲ ကိစ္စလေးတွေက အစ ဂရုတစိုက် ရှိနေတတ်တယ်။

ချစ်သူနှစ်သက်တတ်တဲ့ လက်ဆောင်ပစ္စည်းလေးတွေကို မျှော်လင့် မထားတဲ့ အချိန်မှာ ပေးခြင်းကလည်း မိမိချစ်သူအပေါ် ဘယ်လောက် အလေးအနက်ထားတယ်ဆိုတာ ပြလိုက်တာပါပဲ။ ကိုယ်စိတ်မကြည်မလင်ဖြစ်နေတဲ့အချိန် ပန်းစည်းလေးရောက်လာတာမျိုး၊ ကိုယ်တောင် အိပ်ယာထဲမှာပဲ ရှိသေးတယ် မနက်စာရောက်နှင့်နေတာမျိုးလေးတွေက တစ်ယောက်အပေါ်ထားတဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေ ပေါ်လွင်စေပါတယ်။

၎။ တစ်ယောက်ကိုတစ်ယောက် အမြဲ ဂရုတစိုက်ရှိနေသလောက် တစ်ခုခုဆို အရမ်းစိတ်ပူတတ်တယ်။

အကြောင်းတစ်ခုခုကြောင့်များ အိမ်ပြန်နောက်ကျတာမျိုးဆို နေမထိ ထိုင်မသာနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ချစ်သူအကြောင်းကို အမြဲ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြောချင်တယ်။

ဒါဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါ။ ဒီလိုကိုယ့်အသိုင်းအဝိုင်း သူ့အသိုင်းအဝိုင်းရှေ့မှာ ချစ်သူအကြောင်း ဂုဏ်ယူစွာ ပြောနိုင်တယ်ဆိုတာ ချစ်သူကို ဘယ်လောက်တန်ဖိုးထားလဲ ဆိုတာ ပြလိုက်တာပါ။

၆။ သင့်အတွက် အရေးပါတဲ့ အရာလေးတွေကို အမြဲဂရုတစိုက် လုပ်ဆောင်တတ်တယ်။

သူ့စိတ်ပျော်ရွှင်စေမယ့် အရာလေးတွေဆို အမြဲဂရုတစိုက် ဖန်တီးပေးတတ်တယ်။ သူစိတ်ဝင်စားသည်ဖြစ်စေ၊ မဝင်စားသည်ဖြစ်စေ သင်နှစ်သက်တဲ့ အရာတိုင်းကို စိတ်ပါဝင်စားစွာ ခံစားပေးတတ်တယ်။ (ဥပမာ- စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမျိုး အတူ ကြည့်ကြတာမျိုးပေါ့။)

၇။ သူမရှိတဲ့ အချိန်တွေဆို တစ်ချိန်လုံး သတိရနေတတ်တယ်။

လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိသလို တစ်ယောက်ထဲ အေးအေးဆေးဆေး ဖြတ်သန်းနိုင်ဖို့ အချိန်လိုအပ်ပါတယ်။ ဒီလိုကိုယ်ပိုင်လွတ်လပ်ချိန်တွေမှာ ဝါသနာပါတာလေးတွေ လုပ်ရင်း တစ်ယောက်ထဲ အဆင်ပြေပျော်ရွှင် နေပေမယ့်လည်း သူရှိဖို့ မျှော်လင့်နေတတ်တယ်။

၈။ နှစ်ဦးကြားပဲ နားလည်နိုင်တဲ့ ရယ်မောပျော်ရွှင်ဖွယ်ရာတွေ ရှိတယ်။

အချစ်စစ်အချစ်မှန်ဆိုတာ ချစ်သူတွေကြားမှာပဲ ရှိတဲ့ အရာမဟုတ်ပါဘူး။ သူငယ်ချင်းတွေကြားမှာလည်း ရှိတတ်ပါတယ်။ တစ်ချို့အကြောင်းအရာလေးတွေက နှစ်ကိုယ်ကြားမှာပဲ ရယ်ရွှင်ကြည်နူးနေလို့ရတဲ့ လျို့ဝှက်ဟာသလေးတွေပေါ့။ သူတို့ချင်းပဲ နားလည်နိုင်မယ်။ J

၉။ သူ့ကို ချစ်တယ်လို့ မပြောဘဲ တစ်နေ့မှ ဖြတ်သန်းလို့မရဘူး။

စကားလုံးတွေက ခံစားမှုတွေကို လုံလောက်စွာ ပုံဖော်မပေးနိုင်တာ မှန်ပါတယ်။ သို့ပေမယ့် ချစ်သူရဲ့ အပြုအမူလေးတွေကို ကြည့်ရင်းကြည့်ရင်း တချိန်လုံး “ရမ်းချစ်တယ်ဆိုတာပဲပြောနေမိတော့တယ်။”

၁၀။ သူကလွဲရင် အခြားသူတွေကို စိတ်မဝင်စားတော့ပါဘူး။

နှစ်ယောက်အတူတူ ရှိနေရင် အရာအားလုံးပြီးပြည့်စုံနေတယ်။ အတိတ်က သိပ်ချစ်ခဲ့ဖူးတဲ့ ချစ်သူဟောင်းကိုတောင် ဘာမှ မဆိုင်သလို ရင်ဆိုင်နိုင်သွားပါပြီ။ လက်ရှိ ကိုယ့်ချစ်သူကလွဲ အခြားဆန့်ကျင်ဘက်လိင်တွေကို စိတ်မဝင်စားတော့ပါဘူး။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။