သင်ယူတတ်မယ်ဆိုရင် အရာအားလုံးဟာ ဘဝသင်ခန်းစာတွေပါ

blank
  • စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အရာတွေကြောင့် သည်းခံခြင်းကို သင်ယူတတ်လာတယ်။
  • ကိုယ်သွားမယ့်လမ်းကို တားဆီးထားတဲ့ အရာတွေကြောင့် ကိုယ့်အားကိုယ်ကိုးပြီး အရာရာတွန်းလှန်ဖို့ ရဲရင့်လာတယ်။
  • ကိုယ့်ကို စိတ်တိုဒေါသထွက်စေတဲ့ အရာတွေကြောင့် ခွင့်လွှတ်ခြင်းနဲ့ မေတ္တာတရားတွေကို သင်ယူတတ်လာတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • အင်အားတကြီးနဲ့ ကိုယ့်ကိုလွှမ်းမိုးလာတဲ့ အရာတွေကြောင့် ကိုယ့်စွမ်းအားတွေ ပြန်တည်ဆောက်ဖို့ သတိရလာတယ်။
  • ကိုယ်မုန်းတီးတဲ့ အရာတွေကြောင့် စိတ်အေးချမ်းစေဖို့ အနှိုင်းမဲ့တဲ့ မေတ္တာတရားတွေ ထားတတ်လာတယ်။
  • ကိုယ်ကြောက်ရွံ့နေတဲ့ အရာတွေကြောင့် ဒါတွေကို ကျော်လွှားရင်ဆိုင်ဖို့ သတ္တိတွေ မွေးဖွားလာနိုင်တယ်။
  • ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေကြောင့်ပဲ စွန့်လွှတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်လာရတယ်။ – ဂျက်ဆန် ကစ်ဒါ့

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။