ကိုယ်အရှံးပေးမှ တစ်ဖက်လူ နိုင်မယ့်ပွဲ

blank

လူတစ်ယောက်ကို သင့်အနားမှာ တစ်ဘဝလုံး ဆိုးတူကောင်းဖက် ရှိနေပေးဖို့အတွက် ခခယယတောင်းဆိုနေဖို့ မလိုပါဘူး။ တကယ်ရှိနေချင်တဲ့သူက ဘယ်လောက်ပဲ အခက်အခဲတွေ များနေပါစေ သင့်နားက ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။

Relationship တစ်ခု သာယာပျော်ရွှင်ဖို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အလျှော့ပေးညှိနှိုင်းမှုတွေ လိုအပ်ပါတယ်။ သင်ကပဲ အစကတည်းက တစ်ဖက်သက် အလျှော့ပေးလွန်းရင် သင့်ကို တန်ဖိုးမထားပဲ ချနင်းသွားပါလိမ့်မယ်။ သင့်အပေါ် မစစ်မှန်တဲ့ သူတစ်ယောက်ကို သင့်ရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုတွေကို ချုပ်ကိုင်ခွင့် မပေးလိုက်ပါနဲ့။ အထူးသဖြင့် သင့်ရဲ့ ဖြူစင်သန့်ရှင်းတဲ့ မေတ္တာတွေကိုပေါ့။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်နဲ့ မထိုက်တန်သေးတဲ့ သူတစ်ယောက်အတွက် သင်တန်ဖိုးထားတဲ့ အရာတွေကို စွန့်လွှတ်ပြီး သူနဲ့ လိုက်လျောညီထွေ ဖြစ်နေပေးဖို့ မလိုပါဘူး။ သင့်ရင်ထဲက စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကို မမြင်နိုင်၊ တန်ဖိုးမထားနိုင်ရင်တော့ သူ့ကို သင့်ဘဝထဲက ထွက်ခွာခွင့်ပေးလိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။

တစ်ခုခု ခံစားလိုက်ရမယ်ဆို Share ပေးဖို့မမေ့နဲ့နော်။