အချစ်စစ်ဆိုသည်မှာ

blank

တစ်စုံတစ်ယောက်နဲ့ ပိုရင်းနီးလာလေလေ တစ်ယောက် အားနည်းချက် တစ်ယောက် ပိုမြင်သာ လာလေလေပါပဲ။ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲ ချစ်မြတ်နိုးနေပါစေ အားနည်းချက်တွေ၊ အပြစ်အနာအဆာတွေကို ခွင့်မလွှတ်နိုင်တော့တဲ့အခါ အိမ်ထောင်ရေးပြိုကွဲမှု၊ အမွေဖြတ်စွန့်လွှတ်မှု ဆိုတာတွေ ဖြစ်ပေါ်လာရတာပါ။

တကယ်တော့ အချစ်ဆိုတဲ့ ဝေါဟာရထဲမှာ နူးညံ့သိမ်မွေ့မှုတွေ၊ ကြင်နာနွေးထွေးမှုတွေ ပေါင်းစပ်ပါဝင်နေသလို နာကျင်မှုတွေ၊ အနစ်နာခံ စွန့်လွှတ်မှုတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် မိမိချစ်သူရဲ့ ဆိုးရွားတဲ့ အမူအကျင့် အားနည်းချက်တွေ သိသည့်တိုင် သည်းခံခွင့်လွှတ်ပြီး သစ္စာရှိရှိနဲ့ တစ်သက်လုံး လက်တွဲသွားနိုင်ခြင်းတွေ ပါဝင်နေတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် Relationship တစ်ခုမှာ ရေရှည်ပေါင်းသင်းသွားနိုင်မလားဆိုတာ သိချင်ရင် သူ ကိစ္စတစ်ခုခုကြောင့် ဒုက္ခရောက်နေတဲ့အချိန် သို့မဟုတ် စိတ်ဖိစီးမှု အရမ်းများနေချိန်မှာ ကိုယ့်အပေါ် ဘယ်လိုပြုမူ ဆက်ဆံလဲ ဆိုတာကို ကြည့်ပါ။ အဲ့ဒီ အမူအကျင့်တွေ၊ စိတ်နေစိတ်ထားတွေကို သည်းခံနားလည်ပြီး ချစ်နိုင်သေးရဲ့လား ဆိုတာကို ကိုယ့်ကိုယ့်ကို ဆန်းစစ်ကြည့်ပါ။ ဒါဟာအတော်အရေးပါတဲ့ အချက်လေးဖြစ်ပါတယ်။

ဗဟုသုတရမယ်ဆို Share ဖို့ မမေ့နဲ့နော်။