လက်ထပ်ခြင်းအပေါ် ထားရှိတဲ့ မိန်းကလေးတို့၏ သဘောထား

blank

မိန်းမတစ်ယောက် သူတို့ဘဝတစ်ခုလုံးကို ရင်းနှီးမြှပ်နှံပြီး ကြင်သူဇနီးမယားအဖြစ် ခံယူဖို့ ဆုံးဖြတ်တဲ့အခါ အခြေခံစိတ် (၅)မျိုး ရှိပါတယ်။

၁။ မိခင်စိတ်

မွေးကတည်းက ပါလာတဲ့ သနားညှာတာတတ်တဲ့စိတ် ၊နွေးထွေးကြင်နာလိုစိတ်၊ မိခင်တစ်ယောက်ရဲ့ ကာကွယ်လိုတဲ့စိတ်နဲ့ တစ်သက်လုံး မိမိချစ်သူကို ချစ်မြတ်နိုးသွားချင်တာကြောင့်ပါ။

၂။ လုံခြုံစိတ်ချလိုစိတ်

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ အားကိုလိုမှုထက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပိုတောင့်တကြပါတယ်။ မိမိဘဝတစ်ခုလုံး သူ့အတွက် ရင်နှီးမြှပ်နှံလိုက်သလို ချစ်သူထံမှ တူညီသော သစ္စာစောင့်သိမှု၊ နွေးထွေး ကြင်နာမှုတို့ကို ချစ်သူဘဝကထက် ပို သေချာလိုမှု တို့ကြောင့်ဖြစ်သည်။

၃။ အချစ်စိတ်

ယောက်ျားတစ်ယောက်ကို ဘဝတစ်လျှောက်လုံးထိ လက်တွဲဖို့ ဆုံးဖြတ်ခြင်းမှာ တတိယအဆင့်အနေနဲ့ စဉ်းစားတာကတော့ ထိုယောက်ျားအပေါ် မြတ်မြတ်နိုးနိုး တွယ်တာနေတာကြောင့်ပါ။

၎။ ဖန်တီးလိုစိတ်

အမြဲလိုလို ထိန်းချုပ်ကန့်သတ်ချက် ဘောင်တွေနဲ့ ကြီးပြင်းခဲ့ရတဲ့ မိန်းမတွေရဲ့ မသိစိတ်ထဲမှာ တစ်ခုခုကို ဦးဆောင်ဖန်တီးလိုစိတ် ကိန်းအောင်နေပါတယ်။ ဘဝတစ်ခုလုံးရင်းနှီးမြှပ်နှံပြီး အိမ်ထောင်တစ်ခုကို သာယာအောင်ဖန်တီးဖို့ ကြီးလေးတဲ့ တာဝန်တစ်ခုယူလိုက်တာ သူမရဲ့ စွန့်စားဖန်တီးလိုစိတ် ကြောင့်ဖြစ်ပါတယ်။

၅။ လိင်ကိစ္စ ခွင့်ပြုလိုစိတ်

လိင်ကိစ္စ ခွင့်ပြုလိုစိတ်ကတော့ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့အခါ နောက်ဆုံးအနေနဲ့ စဉ်းစားတဲ့အချက် ဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။