ကိုယ်တိုင် တည်ဆောက်ယူရမယ့် စိတ်နေစိတ်ထားလေးများ

blank

၁။ သင့်စိတ်အေးချမ်းမှုကို ဘယ်အရာကမှ ဖျက်စီးလို့မရဘူးဆိုတာ အခိုင်အမာ ယုံကြည်ထားပါ။

၂။ အနီးအနားက လူတွေကို ကျန်းမာရေးအကြာင်း၊ ပျော်ရွှင်မှုအကြောင်းနဲ့ စိတ်ချမ်းသာစရာတွေ မျှဝေပါ။

၃။ မိတ်ဆွေ အပေါင်းအသင်းတွေကို သူတို့ဟာ သိပ်တန်ဖိုးရှိတဲ့ လူသားတွေ ဖြစ်ကြောင်း အသိအမှတ်ပြုပါ။

၎။ အရာရာ ကို အကောင်းမြင်စိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်ပါ။

၅။ အကောင်းဆုံးတွေ တွေးပြီး သင် တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်ပါ။

၆။ သူများအောင်မြင်မှုတွေကို ကိုယ်ပိုင်အောင်မြင်မှုတွေ ဖြစ်လာဖို့ အားကျအတုယူပါ။

၇။ အတိတ်ကအမှားတွေကို ပြန်အောက်မေ့မနေဘဲ အနာဂတ်အောင်မြင်မှုအတွက် အားယူပါ။

၈။ လူတွေကို နှစ်လိုဖွယ် အပြုံးလေးတွေနဲ့ စိတ်ချမ်းသာမှုတွေ မျှဝေလိုက်ပါ။

၉။ သူများကို ဝေဖန်ရင်း အချိန်ကုန်နေမယ့်အစား ကိုယ့်ကိုယ်ကို တိုးတက်အောင်ကြိုးစားပါ။

၁၀။ အကြောက်တရားတွေကို အံတုဖို့ ရဲရင့်ပါ။

၁၁။ ဒေါသတွေ မပေါက်ကွဲစေဖို့ သည်းခံပါ။

၁၂။ ဒုက္ခတွေကို တွန်းလှန်ဖို့ ပျော်ပျော်နေပါ။

၁၃။ စကားလုံးတွေနဲ့ မဟုတ်ဘဲ ကောင်းမွန်တဲ့ လုပ်ရပ်တွေနဲ့

သင့်ကိုယ်သင် အကောင်းဆုံး လူသားအဖြစ် ပုံဖော်ပါ။

၁၄။ အသက်ရှင်နေသမျှ ကာလတစ်လျှောက်လုံး သစ္စာရှိရှိ ရပ်တည်ပါ။

Christian D Larson(ခရစ်စတန် ဒီလာဆန်)

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။