လူအမျိုးမျိုးကတော့ ချစ်နည်းအမျိုးမျိုးနဲ့ ချစ်နေကြတာပါ။ သင်ကိုယ်တိုင်ရော ဘယ်လို ချစ်ခြင်းမျိုးနဲ့ သင့်ချစ်သူကိုပေးဆပ်နေလဲ သိရအောင် အောက်ဖော်ပြပါ အချက်လေးတွေကို လေ့လာ ကြည့်လိုက်ပါနော်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၁။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ မျှော်လင့်ခြင်း ကင်းမဲ့စွာ ပေးဆပ်ကြတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ ပေးဆပ်မှုမှာ မျှော်လင့်ချက်တွေ ပါနေတယ်။
၂။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ ချစ်သူအတွက် ကိုယ့်ကိုယ်ကို အမြဲ အနစ်နာ ခံကြတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သူတို့ အလိုဆန္ဒတွေကိုပဲ အမြဲ ရှေ့တန်းတင်တတ်တယ်။
၃။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ အပြစ်တစ်ခုခု လုပ်လိုက်ရင် အမြဲ ခွင့်လွှတ်ပေးတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ တစ်ခုခု ပြန်အပြစ်ပေး ရမှ ကျေနပ်တယ်။
၎။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ ချစ်သူအတွက် နာကြင်ကြေကွဲ ခဲ့ရရင် မေ့ဖျောက်ပစ်ကြတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ နာကြင် ကြေကွဲမှုတွေကို မမေ့နိုင်ဘဲ တေးမှတ် ထားတတ်တယ်။
၅။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သင့်ကို လွတ်လပ်စွာ ရပ်တည်ခွင့်ပေးပါလိမ့်မယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သင့်ကို အမြဲလွှမ်းမိုး ချုပ်ကိုင်ချင်တယ်။
၆။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သင့်လက်ရှိအခြေအနေနဲ့ သင့်ရပ်တည်မှုကို လက်ခံနိုင်ပါတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သင့်ကို သူတို့ သတ်မှတ်ထားတဲ့ စံတွေထဲကို ဝင်အောင် ပုံသွင်းလိုကြတယ်။
၇။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သင့်စကားတွေကို နားထောင်ပေးဖို့ အမြဲ အသင့်ရှိနေတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သူတို့ ဆန္ဒတွေကိုပဲ အမြဲ ပြောနေတတ်တယ်။
၈။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ ပြသနာ ဖြစ်လာရင် အမြဲ ညှိနှိုင်းမှုတွေနဲ့ ရှေ့ဆက်လိုကြတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ သူတို့မှန်တယ်ဆိုတာကို သက်သေပြဖို့ အမြဲ ကြိုးစားနေတတ်တယ်။
၉။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ နှစ်ဦးကြားက စစ်မှန်တဲ့ မေတ္တာတရားတွေကို တန်ဖိုးထားကြတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ တွယ်တာ မက်မောမှု သက်သက်မျှသာ ဖြစ်ပါတယ်။
၁ဝ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ နှစ်ဦးကြား ဆက်ဆံရေးမှာ လျို့ဝှက်ချက် မရှိဘူး။ အမြဲ ပွင့်ပွင့်လင်းလင်း ရှိတယ်။
မစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ _ ခံစားချက်တွေဖုံးကွယ်ထားပြီး တစ်ဘက်လူရဲ့ ခံစားမှုတွေကို အရောင်ဆိုးချင်ကြတယ်။
သဘောကျ နှစ်သက်ခဲ့ရင် Share ပေးဖို့မမေ့နဲ့နော်။