Facebook တချိန်လုံးသုံးချင်နေတဲ့စိတ်ကို လျှော့ချလိုက်မယ်ဆိုရင်

blank

သင့်ရဲ့Facebook သုံးတဲ့ အချိန်တွေ လျှော့ချလိုက်မယ်ဆို ဘာတွေဖြစ်သွားနိုင်လဲလို့ သင်တွေးကြည့်ဖူးပါသလား။ ဥပမာ-သူငယ်ချင်းတွေက မခင်မင်တော့မှာ၊ ချစ်သူက ကိုယ့်ကို စိမ်းကားသွားမှာ… စတာတွေပေါ့။ အမှန်တော့ အဲလိုဖြစ်ခဲ့တယ် ဆိုရင်တောင် ခဏပါပဲ။ သင်ရလာမယ့် ပိုကောင်းမွန်တဲ့ အချက်တွေအများကြီးရှိနေပါသေးတယ်။ အဲဒါတွေကတော့

၁။ သင့်စိတ်ကိုသင် ပိုသုံးသပ်တတ်လာပါလိမ့်မယ်။

Facebook ကို လျှော့သုံးခြင်းအားဖြင့် အခြားသူတွေရဲ့ Post တွေကြောင့်  အနှောင့်အယှက် ဖြစ်ရတာမျိုးတွေ၊ သူများနဲ့နှိုင်းယှဉ်ပြီး သင့်ကိုယ်သင် အလိုမကျ ဖြစ်ရတာမျိုးတွေက နေလွတ်ကင်းသွားပြီး  သင့်ကိုယ်သင် အကောင်းဆုံး သုံးသပ်တန်ဖိုးထားတတ် လာပါလိမ့်မယ်။

၂။ သင့်လုပ်ငန်းဆောင်တာတွေ ပိုထိရောက်လာစေပါတယ်။

Facebook သုံးတဲ့အချိန် လျှော့လိုက်ခြင်းကြောင့် အခြားလုပ်ငန်းဆောင်တာတွေ ပိုမို အာရုံစိုက်လာနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဝါသနာအတွက်ရော အချိန်ပိုတွေ ထွက်လာတာကို အံ့သြစရာကောင်းလောက်အောင် သင်တွေ့လာရမှာပါ။

၃။ likes ဆိုတဲ့အဓိပ္ပါယ်ကို  သင်ကောင်းကောင်း သဘောပေါက်လာမှာပါ။

အမှန်တော့  Facebook မှာရှိနေတဲ့ ကိုယ်ရလိုက်တဲ့ Like ဆိုတာ သူတို့တကယ် နှစ်သက်လို့ပေးတယ်လို့ အကြွင်းမဲ့ယူဆလို့ မရပါဘူး။ တကယ့်အပြင်မှာရှိတဲ့ ဆက်ဆံရေးတွေကသာ အရေးကြီးတယ်ဆိုတာကို နားလည်သဘောပေါက်စေပါလိမ့်မယ်။

၎။ အနားယူချိန်တွေ ပိုထွက်လာပါလိမ့်မယ်။

Facebook စသုံးလိုက်ပြီဆိုတာနဲ့ လက်ကချဖို့ သိပ်ကိုခက်ခဲပါတယ်။ စိတ်ကိုရအောင်ဖြတ်ပြီး ကောင်းကောင်း အိပ်စက် အနားယူလိုက်ခြင်းဟာ နောက်နေ့မနက် အတွက်လဲ လန်းဆန်းတက်ကြွနေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

၅။ ပြီးဆုံးသွားတဲ့ Relationship နဲ့ ပတ်သက်တဲ့ Updatesတွေ မမြင်ရတော့ စိတ်အနှောက်အယှက်လဲ မဖြစ်တော့ပါဘူး။

ဘယ်လောက်ပဲ ပြတ်သားတဲ့သူဖြစ်ပါ့စေ ကိုယ့်ချစ်သူဟောင်းရဲ့ လှုပ်ရှားမှုလေးတွေကိုတော့ အဝေးကနေ မြင်နေချင်တတ်ကြပါတယ်။ ကြေကွဲနေရုံကလွဲ ဘာတတ်နိုင်တော့မှာလဲ။ ဒီတော့ Facebook သုံးချိန်တွေလျှော့ချလိုက်တာနဲ့ တပြိုင်ထဲ သင့်လက်ရှိ တာဝန်ဝတ္တရားတွေကိုသာ အာရုံစိုက်နိုင်လာမှာ အသေချာပါပဲ။

၆။ ကိုယ့်အနားမှာရှိတဲ့ပတ်ဝန်းကျင်ကိုလဲ ပိုသတိထားမိလာ စေပါတယ်။

Facebook သုံးနေမယ့်အချိန်တွေမှာ အနီးနားမှာရှိတဲ့သူတွေနဲ့ ပိုပြီးရင်နီးမှုရလာမယ်။ အဲဒါက သူများဘာတွေလုပ်နေလဲဆိုတဲ့ Post တွေ လိုက်ဖတ်နေတာထက်တော့ ပိုအကျိုးရှိမယ်ထင်ပါတယ်။

၇။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေပိုပြီး ထိန်းသိမ်းလာနိုင်စေပါတယ်။

အကယ်၍ Facebook ကို တစ်ချိန်လုံးသုံးဖြစ်နေမယ်ဆို ကိုယ့်အကြောင်းတွေ၊ ခံစားချက်တွေကို တစ်နည်းမဟုတ်တစ်နည်း ဖော်ပြဖြစ်နေမှာပါ။ သုံးတဲ့အချိန်လျှော့ချလိုက်ခြင်းအားဖြင့် ကိုယ်ရေးကိုတာတွေ ထိန်းသိမ်းပြီးသားလဲ ဖြစ်သွားပါတယ်။

၈။ ပိုပြီးအမှီအခို ကင်းကင်း ရပ်တည်နိုင်လာပါလိမ့်မယ်။

Facebook အရမ်းသုံးတဲ့သူတွေဟာ တစ်ခုခုလုပ်တော့မယ်ဆို သူငယ်ချင်းတွေရဲ့ ထောက်ခံမှုကို သိပ်မက်မော တတ်ကြပါတယ်။ အမှန်တော့ အဲဒါတွေဟာ အစစ်အမှန်တွေလို့ ယူဆလို့မရပါဘူး။ တစ်ခါတစ်လေ ကိုယ့်ဆန္ဒထက် အများသဘောကျမယ့် အရာတွေ ရွေးချယ်မိသွားတတ်ကြပါတယ်။Facebook လျှော့သုံးလိုက်ခြင်းဟာ ဒီလို သူများအပေါ် မှီခိုမှုတွေကနေလဲ သွေဖယ်သွားစေမှာ အမှန်ပါပဲ။

အရာအားလုံး အကောင်းနှင့်အဆိုး ဒွန်တွဲနေပါတယ်။ Facebook သုံးခြင်းအားဖြင့် ရရှိနိုင်လာသော အကျိုးကျေးဇူးများလဲ ရှိနေပါသေးတယ်။ ဤဆောင်းပါးအား Facebook သုံးခြင်းမှ သတိထားသင့်သည် များကိုသာ သိစေလိုသောဆန္ဒဖြင့် ဂန္ထဝင်မှ တင်ဆက်ခြင်းဖြစ်သည်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။