ပျော်ရွှင်နေတဲ့လူတွေ မယုံကြည်တတ်တဲ့ အချက် (၇)ချက်

blank

[pull_quote_center]စာဖတ်ပရိတ်သတ်ကြီး ပျော်ပျော်ရွှင်ရွှင်နေချင်ပါသလား။ ပရိတ်သတ်ကြီးရဲ့ ပျော်ရွှင်မှုခရီးလမ်းမှာ ပိတ်ဆို့နေတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပရိသတ်ကြီးကိုယ်တိုင်ပါပဲ။ ပျော်ရွှင်မှုဆိုတာ ပျော်ပျော်နေတတ်မှရတာပါ။ ဒါကြောင့်ပျော်ရွှင်နေတဲ့ လူသားဖြစ်အောင် ပျော်ပျော်နေတတ်တဲ့သူတို့မယုံကြည်ကြတဲ့ အချက်လေး (၇)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။[/pull_quote_center]

၁။ ဘဝဆိုတာ မျှတပါတယ်။

တခါတရံမှာဘဝဆိုတာဟာ မျှမျှတတမရှိဘူးလို့ ပျော်ရွှင်နေတဲ့လူတွေကနားလည်ကြပါတယ်။ သူတို့နားလည်တာနောက်တစ်ခုကတော့ အရာရာကို ကိုယ့်အစွမ်းအစနဲ့ အကောင်းဆုံးလုပ်ဖို့်ပါပဲ။ ကိုယ်ကြိုးစားလို့ဖြစ်မလာတဲ့အရာတွေအတွက်လည်းကိုယ့်ကိုယ်ကိုခွင့်လွှတ်နားလည်ပေးတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အရာရာကိုထိန်းချုပ်ထားနိုင်တယ်။

ကိုယ်အလုပ်ဘယ်လောက်ကြိုးစားကြိုးစား၊ ကြိုတင်ပြင်ဆင်မှုတွေဘယ်လောက်လုပ်လုပ် အရာရာတိုင်းကိုတော့ မထိန်းချုပ်ထားနိုင်ပါဘူး။ တခြားလူတွေရဲ့စိတ်တွေနဲ့ လုပ်ရပ်တွေကိုထိန်းချုပ်ထားလို့မရပါဘူး။ ပျော်ရွှင်ခြင်းပန်းတိုင်ဆီကိုရောက်ဖို့ဆိုရင် ဒီရှောင်လွှဲလို့မရတဲ့အမှန်တရားကိုလက်ခံရမှာဖြစ်ပါတယ်။ ရုတ်တရက်ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေ၊ မတော်တဆလွှဲချော်မှုတွေအတွက် ဖြစ်လာမှတုန့်ပြန်မယ့်အစား ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၃။ လူတွေကကိုယ့်ကိုတစ်နည်းနည်းနဲ့တော့ ချစ်နေရမယ်။

ကိုယ့်ပျော်ရွှင်မှုက တစ်ဖက်လူတွေ ကိုယ့်အပေါ်ထားတဲ့ခံစားချက်အပေါ် မူတည်နေမယ်ဆိုရင် ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ စိတ်ကျေနပ်အောင်မထားနိုင်ပါဘူး။ ကိုယ့်ကိုလည်းတစ်နည်းနည်းနဲ့ ချစ်လာအောင် ဘယ့်သူကိုမှလည်းဇွတ်တိုက်တွန်းလို့မရပါဘူး။ ပျော်ရွှင်နေတဲ့လူတွေကသူတို့ချစ်တဲ့သူရဲ့ခံစားချက်နဲ့ သူတို့သဘောထားကိုနားလည်ပေးကြပြီးသူ့အချစ်ကိုပြန်လည်တုန့်ပြန်ပေးပါတယ်။

၎။ ကိုယ်မလုပ်နိုင်ဘူး။

ကိုယ်ကမစွမ်းဆောင်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုထင်နေတာကပျော်ရွှင်မှုကိုရဖို့ တားဆီးပေးနေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာ ဒီမှားယွင်းနေတဲ့အယူအဆလေးကတကယ်ဖြစ်လာပါတယ်။ အခက်အခဲတွေ၊ ကျရှုံးမှုတွေဘယ်လောက်ရှိရှိတစ်ခုခုမှာတိုးတက်ဖို့ အောင်မြင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းက ကြိုစားရမယ်၊ကျရှုံးမှုနဲ့ ရင်ဆိုင်ရင်တောင်  ထပ်ထပ်ပြီးကြိုးစားရမယ်ဆိုတာကို ပျော်ရွှင်နေတဲ့လူတွေကယုံကြည်ထားကြပါတယ်။ သူတို့တွေကကိုယ့်ကိုယ်ကို ကိုယ့်သံသယတွေကြောင့် ပျော်ရွှင်မှုနဲ့ဝေးကွားသွား ခွင့်မပြုကြဘူးလေ။

၅။ သူတစ်ပါးရဲ့ထောက်ခံမှုကိုရရမယ်။

မပျော်မရွှင်ဖြစ်နေတဲ့လူတွေကသူတစ်ပါးက ကိုယ့်ကိုထောက်ခံပေးနေတာမျိုကို လိုလားကြတယ်။ ပျော်ရွှင်ခြင်းကကိုယ့်ကိုယ်ကိုလက်ခံနိုင်ခြင်းကနေပဲရရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်လိုနေတဲ့စိတ်ကျေနပ်မှုဆိုတာကိုယ်ကိုတိုင်ပါပဲ။

၆။ ကိုယ်သာဒီလိုဖြစ်ခဲ့ရင် ပျော်ရွှင်နိုင်ပါလိမ့်မယ်။

ကိုယ်သာပိန်ခဲ့မယ်ဆိုရင်၊ လှခဲ့မယ်ဆိုရင်၊ ချမ်းသာခဲ့မယ်ဆိုရင်၊ ထက်မြတ်ခဲ့မယ်ဆိုရင် စတဲ့ဆိုရင်ဆိုရင်တွေကြောင့်သာပျော်ရွှင်မှုကိုရရှိနိုင်လိမ့်မယ်လို့ ထင်ကောင်းထင်နေလိမ့်မယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့အပြစ်အနာအဆာအပါအဝင် အရာရာတိုင်းကိုအရှိအတိုင်းလက်ခံနိုင်ခြင်းကသာပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်ဖြစ်တယ်လို့ ပျော်ရွှင်နေတဲ့လူတွေကသိနားလည်ကြပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်ပုံစံတိုးတက်ပြောင်းလဲဖို့ ကြိုးစားတာကကြိုးစားနိုင်ပါတယ်။ ကျွန်မတို့အားလုံးကသင်ယူနေကြတာပဲလေ။ ဒါပေမယ့်ကိုယ့်မှာရှိတဲ့ မပြည့်စုံတဲ့အချက်တွေကြောင့် ကိုယ့်ကိုယ်ကိုဝေဖန်အပြစ်တင်နေမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ကိုယ့်မှာရှိတဲ့ အားသာချက်တွေအပေါ် အာရုံစိုက်ပါ။

၇။ ကိုယ်ကအသက်အရွယ်ကြီးနေပြီ။

ပျော်ရွှင်ဖို့အတွက် ဘယ်တော့မှမအိုပါဘူး။ ပျော်ရွှင်နေတဲ့လူတွေကသူတို့ဘဝရဲ့လျှို့ဝှက်ချက်ကိုစောစီးစွာသိတာဖြစ်ဖြစ်၊ နောက်ကျမှသိတာဖြစ်ဖြစ် ပျော်ရွှင်မှုကိုနေ့တိုင်းရွေးချယ်ကြပါတယ်။ ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့မရပါဘူး။ သေချာတာတစ်ခုကတော့ ကျွန်မတို့အားလုံးကတစ်ရက်ပြီးတစ်ရက်အသက်ကြီးလာတာပါပဲ။ ဒီအသက်အရွယ်ကြောင့် ကိုယ့်ပျော်ရွှင်မှုတွေကိုအတားအဆီးမခံပါနဲ့။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။