မိမိအသားအရည်နှင့် လိုက်ဖက်တဲ့ အနီရောင် နှုတ်ခမ်းနီလေးများ

Red Lipstick
Red Lipstick

အနီရောင်နှုတ်ခမ်းနီလေးတွေက ဘာနဲ့မဆို လိုက်ဖက်တယ်၊ ဂန္တ၀င်ဆန်တယ်၊ လှပကြော့ရှင်းတယ်။ ဒါပေမယ့် အခြားလူတွေနဲ့ကျတော့လှပြီး ကိုယ်နဲ့မှ ဘာလို့မလိုက်ဖက်ရတာလဲ ဆိုတဲ့မေးခွန်းတွေထုတ်ဖူးကြမှာပါ။ အမှန်တကယ်တော့ ကိုယ့်အသားအရောင်နဲ့လိုက်ဖက်ညီတဲ့ အနီရောင် ကို ရွေးချယ်တတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မက ပျိုမေတို့အတွက် ရွေးချယ်ပုံ နည်းလမ်းလေးတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။

ကိုယ့်အသားအရေက ဖော်ပြထားတဲ့ထဲမှာမပါဘူးဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ကိုယ်အသားအရေနဲ့ အနီးစပ်ဆုံးအရောင် နှစ်ရောင်ကြားက နှုပ်ခမ်းနီအရောင်တွေကို ရွေးဆိုးနိုင်ပါတယ်။ တကယ်လို့မသေချာရင်တော့ သန္တာအနီရောင်မျိုးသုံးလိုက်ပါ။ ဒီအရောင်က လူတိုင်းနဲ့လိုက်ဖက်တဲ့ အရောင်မျိုးဖြစ်လို့ပါ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အသားဖြူသူများ

Light Toneကိုယ့်ရဲ့အသားအရေက ဖြူဝင်းနေမယ်ဆိုရင်

–     ပန်းနုရောင်သန်းတောအသားဖြူသူများအတွက် သန္တာနီမျိုးလေးရွေးချယ်နိုင်ပါတယ်၊ လိမ္မော်ရောင်သန်းတဲ့ အနီမျိုးလေးနဲ့လည်း လိုက်ဖက်ပါတယ်

–      ဝါဝင်းပြီး နို့နှစ်ရောင်သန်းသော အသာဖြူသူများအတွက် သန္တာနီ နှင့် အုတ်ခဲနီ အရောင်မျိုး ကိုရွေးချယ်နိုင်ပါတယ်။

ပုံမှန်အသားအရေ

midရွှေဝါရောင်သို့မဟုတ် သံလွင်သီးရောင်ဘက်သန်းသော အသားအရေပိုင်ရှင်များအတွက်

–      ကံကောင်းကြတဲ့ အသားအရေပိုင်ရှင်တွေပါ၊ ဘယ်အရောင်မျိုးနဲ့မဆို လိုက်ဖက်တဲ့အတွက် စိတ်ကြိုက်ဆိုးနိုင်ပါတယ်။

–      အနီစစ်စစ်၊ ဘယ်ရီသီးရောင် နှင့် ပန်းရဲရောင်လေးတွေနှင့် ပိုပြီးလိုက်ဖက်ညီပါတယ်။

 

ညိုသောအသားရေ

darkအသားအရေ ညိုသူများအတွက်

–      ခရမ်းရောင်သန်းတဲ့ အနီရောင်၊ သဖန်းရောင်၊ ချယ်ရီရင့်ရောင် နှင့် အနီရင့်ရောင်လေးတွေနဲ့လိုက်ဖက်ပါတယ်။

–      အရောင်တောက်တောက်တွေကို မရွေးချယ်သင့်ပါဘူး။

ကိုယ့်အသားအရေနဲ့လိုက်ဖက်တယ်ထင်တဲ့ သင့်စိတ်ကြိုက် ဘရန်း(brand) နဲ့ အရောင်လေးတွေရှိရင်လည်း မျှဝေပေးပါဦး။

 

အတွေးအခေါ်များကို  မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။