စိတ်ချမ်းမြေ့ပျော်ရွှင်ရသော ဆက်ဆံရေး

blank
Happy Relationship

[quote_box_center]လျှို့ဝှက်ချက်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အိမ်ထောင်တစ်ခုမှာဖြစ်ဖြစ်၊ ချစ်သူစုံတွဲကြားမှာဖြစ်ဖြစ်၊ လီးဗင်း တူဂဲသား (living together) တွေမှာဖြစ်ဖြစ် စိတ်ချမ်းမြေ့ရသော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှာပါ။ အားလုံးသိကြတဲ့အတိုင်း ပေါင်းသင်းဆက်ဆံရေးဆိုတာ တစ်ဦးချင်းစီရဲ့စိတ်ခံစားချက်ပေါ်မှာ မူတည်တယ်လေ။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေကို လုံးဝလိုက်နာဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် အခုဖော်ပြပေးမယ့် လမ်းညွှန်ချက်အချို့ကို လိုက်နာမယ်ဆိုရင်တော့ ပျော်ရွှင်တဲ့ဆက်ဆံရေးမျိုးကို တည်ဆောက်နိုင်ကြမှာပါ။[/quote_box_center]

လမ်းခွဲခြင်းနှင့် ကွာရှင်းခြင်းဆိုတာတွေက အဖြေမဟုတ်ဘူးလေ။

ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ ပြဿနာလေးတွေ၊ အငြင်းပွားစရာလေးတွေရှိခဲ့ရင် လမ်းခွဲကြဖို့ကို အရင်ဆုံး မတွေးကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ အငြင်းပွားစရာလေးတွေက လက်တွဲနေထိုင်လာကြတဲ့ အတောအတွင်း ဆင့်ကဲပေါ်ပေါက်လာတဲ့ ပျော်ရွှင်စရာအမှတ်တရလေးတွေ ဖြစ်နေလို့ပါပဲ။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကြုံတွေ့နေရတဲ့ အခြေအနေတစ်ခုမှာ အကောင်းဆုံးနေတတ်ဖို့လိုတယ်။

ပြီးပြည့်စုံသော ပေါင်းသင်းဆက်ဆံရေးတွင် စုံတွဲနှစ်ဦး အဆင်ပြေနေကြတယ်ဆိုရင် သူတို့ဘယ်လောက်ပျော်နေကြလဲဆိုတာထက် သူတို့ပျော်အောင် ဘယ်လိုနေထိုင်ကြလဲဆိုတာပိုအဓိကကျပါတယ်။ ပျော်ရွှင်ရတဲ့ အချိန်ရှိသလို ရုန်းကန်ရတဲ့ အချိန်တွေလည်းရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် နားလည်ပြီး အကောင်းဆုံးနေပေးဖို့လိုပါတယ်။

ကိုယ့်လက်တွဲဖော်ကိုလည်းမကြောက်ပါနဲ့ ကိုယ်ကလည်းကြောက်အောင်မလုပ်မိပါနဲ့။

ဘယ်လောက်သေးငယ်တဲ့ ကိစ္စပင်ဖြစ်စေ စိတ်ထဲမှာ တော်တော်ကြာကြာ မျိုသိပ်ထားမယ်ဆိုရင် အလိုမကျတာတွေ၊ ဒေါသမီးတွေ၊ ပေါက်ကွဲမှုတွေ ဖြစ်လာပါလိမ့်မယ်။ ထို့ကြောင့် ချစ်သူနှစ်ဦးကြား ပုံမှန်ဆက်ဆံရေးတွင် မိမိပြောဆိုလိုသည်များကို မြိုသိပ်ထားခြင်းမပြုပါနဲ့။ ကိုယ့်အနေနဲ့လည်း ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ သတ္တိရှိပါစေ။ ကိုယ့်လက်တွဲဖော်ကိုလည်း ပွင့်ပွင့်လင်းလင်းရှိစေဖို့ ကိုယ့်ဘက်ကနားလည်မှုရှိပေးပါ။

ချစ်ခြင်းဆိုတာ ရိုသေလေးခြင်းနှင့် ဂရုစိုက်ခြင်း

ကိုယ့်အချစ်ကို တစ်ဖက်သားသိအောင်ဖော်ထုတ်တဲ့ နည်းလမ်းလေးတွေအများကြီးရှိတယ်။ ကိုယ့်လက်တွဲဖော်ကို ရက်ရက်ရောရောချစ်ပါ၊ ကပ်စေးမနဲပါနဲ့။ ထိုက်တန်တဲ့ ရိုသေခြင်း၊ ဂရုစိုက်ခြင်းတွေ မပေးဘူးဆိုရင် ကိုယ့်လက်တွဲဖော်က ပေးနိုင်တဲ့ တစ်စုံတစ် ယောက်ကို မျှော်လင့်မိမှာပဲလေ။

တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ကူညီကြပါ။

ဘယ်တော့မှ ကိုယ့်လက်တွဲဖော်ကို အားမပေး မကူညီဘဲ မထားပါနဲ့။ ကိုယ်ကဘေးနားမှာရှိပြီး အမြဲအားပေးနေတယ်ဆိုတာ သူသိပါစေ။ လူပုံအလည်မှာ ကိုယ့်လက်တွဲဖော်ဘက်က မားမားမက်မက်ရှိနေပေးဖို့လိုတယ်။ တစ်ယောက်က၀မ်းနည်းနေရင် တစ်ယောက်ကဖြေသိမ့်ပေးရမယ်။ နှစ်ယောက်တူတူလက်တွဲကြပြီ ဆိုမှတော့ လက်တွဲဖြုတ်ဖို့ စိတ်ကူးထဲမှာတောင် မတွေးသင့်တော့ဘူးလေ။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။