၂ဝ၁၇ ကို ကောင်းခြင်းတွေနဲ့ အစပျိုးနိုင်စေဖို့ ဒီဇင်ဘာ ကြိုတင်စီမံကိန်း။

0
164

လာမယ့် ဒီဇင်ဘာလမှာ ဘာတွေလုပ်ဖို့ စီစဉ်ထားကြသလဲ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ ဒီဇင်ဘာလမှာ ကိုယ့်ကိုယ်ကို ပိုမိုတိုးတက်အောင် ကြိုးစားကြမယ့်သူတွေအဖို့ ဆုံးဖြတ်ချက်တွေကို ပိုမိုခိုင်မာပြတ်သားစေနိုင်မယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်မှ တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ လူပင်ပန်း စိတ်ပင်ပန်းဖြစ်စေမယ့် လုပ်ရပ်မျိုးတွေကို ရှောင်ကြဉ်ပါ။ လုပ်ငန်းကိစ္စတွေကို ပိုမိုအာရုံစိုက်နိုင်ဖို့ နောက်တစ်နေ့အတွက် အစီအစဉ်တွေကို ညကတည်းက ကြိုတင်စီစဉ်ထားပါ။

၂။ အကောင်းမြင်စိတ်တွေ များလာပြီး ဘဝနေပျော်လာစေဖို့ သင့်ကိုပျော်ရွှင်စေတဲ့ လုပ်ရပ် (၃)ခုကို ချရေးပြီး အဲဒီလုပ်ရပ်လေးတွေကို (၃)ရက်တိတိလုပ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ သင်ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က မှားယွင်းသွားတယ်ဆိုရင် နောက် ၆လအကြာမှာ ဘာဖြစ်လာနိုင်မလဲဆိုတာကို ကြိုတင်စဉ်းစားကြည့်ပါ။ အဲဒီအချိန်မှာ သင်ဘယ်လိုဖြေရှင်းပြီး ရှေ့ဆက်မလဲဆိုတာကိုပါ တွေးကြည့်ပါ။

၎။ သင်တွေးတောထားတဲ့ အစီအစဉ်အကြောင်းကို သူငယ်ချင်းတွေကို ပြောပြပါ။ သူတို့ရဲ့ အကြံဉာဏ်တွေ၊ ထင်မြင်ချက်တွေကို တောင်းခံပါ။

၅။ ကိုယ်ချမှတ်ထားတဲ့အစီအစဉ်ကို ချရေးပါ။ တကယ်အကောင်အထည်ဖော်နိုင်လား၊ အကျိုးအမြတ်တွေ ရရှိလာမှာလားဆိုတာကို ပြန်လည်သုံးသပ်ပါ။

၆။ ခက်ခဲတဲ့ ပြဿနာတစ်ခုကို မဖြေရှင်းနိုင်ဘူးဆိုရင် ပြဿနာကိုရှောင်ဖယ်ပြီး နောက်ထပ် နည်းလမ်းအသစ်တစ်ခုနဲ့ ကြိုးစားကြည့်ပါ။ ဦးနှောက်သုံးလွန်းရင် စိတ်ဖိစီးမှုတွေများလာပြီး အလုပ်မတွင်တာတွေ ဖြစ်တတ်ပါတယ်။

၇။ အကောင်းဆုံးကြိုးစားပါ။ အရှုံးကိုလက်ခံနိုင်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားပါ။

၈။ သင့်အနေနဲ့ စိတ်အားထက်သန်စွာလုပ်ချင်တဲ့ လုပ်ရပ် (၃)ခုကို ချရေးပါ။ တစ်နေ့တာ ကြိုးစားမှုမှာ အဲဒီလုပ်ရပ်လေးတွေကို ဘယ်လိုပေါင်းစပ်အသုံးချနိုင်မလဲဆိုတာကို စဉ်းစားပါ။

၉။ ဆုံးဖြတ်ချက်သေးသေးလေးတွေကို ချမှတ်တာကအစ စဉ်းစားတွေဝေနေတာမျိုး မဖြစ်ပါစေနဲ့။ မြန်မြန်ဆုံးဖြတ်ပြီး မြန်မြန်ရှေ့ဆက်ပါ။ ဆုံးဖြတ်ချက်မှားသွားရင်တောင် ပြင်ဆင်နိုင်ဖို့အခွင့်အလမ်းတွေ ဘဝလမ်းခရီးတစ်လျှောက်မှာ တွေ့လာပါလိမ့်မယ်။

၁ဝ။ သင့်ချမှတ်ခဲ့တဲ့ အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုကို ချရေးပြီး မြင်သာတဲ့နေရာမှာ ကပ်ထားပါ။ လက်ရှိရောက်နေတဲ့နေရာကို တွန်းပို့ပေးခဲ့တဲ့ ရွေးချယ်မှုကို ပြန်လည်သတိရပါ။

လက်တွေ့အသုံးချနိုင်ဖို့ SHARE ထားလိုက်နော်။

Leave a Reply