သူတပါးအပေါ် ကောင်းမှုပြုခြင်းက ကိုယ့်အပေါ်လည်း ရောင်ပြန်ဟပ်တတ်ကြောင်း

0
933

ကမ္ဘာလောကကြီးက အပေးအယူ သဘောနဲ့ လည်ပတ်နေတာပါ။ ဒါပေမဲ့ သူများလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေကျ လူဟာ တဖြည်းဖြည်းနဲ့ ပေးကမ်းထောက်ပံ့ရတာကို နှစ်သက်လာပါတယ်။ ဒီလို သူများအပေါ် ကောင်းမွန်တဲ့ စေတနာနဲ့ ကူညီခြင်းက သင်တစ်ချိန်ချိန် လိုအပ်လာတဲ့အခါ သင့်ကိုအကောင်းဆုံးပြန် အကျိုးပြုမှာပါ။

ကောင်းတာတွေ များများလုပ်နေကျ လူတစ်ယောက်ဟာ အမြဲ စိတ်ကြည်လင်နေပြီး အေးချမ်းတယ်။ တစ်ဖက်လူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ခြင်းက ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်မှုတွေကို တိုးပွားစေတဲ့ အောက်ဆီတိုစင်ဟော်မုန်းကို ဖြစ်ပေါ်စေပါတယ်။ ရက်ရောတတ်တဲ့ စိတ်ခံစားမှုလေးကလဲ စိုးရိမ်ပူပန်မှုနဲ့ ဒေါသတွေကို ဖြေလျော့ပေးတယ်။ ဒ့ါအပြင် စိတ်ဓါတ်ခိုင်မာလာစေပြီး သက်ရှည်ကျန်းမာစွာ နေနိုင်ဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။

ကူညီထောက်ပံ့ခြင်းဆိုတာ ကြီးကြီးမားမား ပေးဆပ်မှုမျိုးကိုခေါ်တာ မဟုတ်ပါဘူး။ မေတ္တာငတ်နေသူကို နွေးနွေးထွေးထွေး ဆက်ဆံတာ၊ အောက်လက်ငယ်သားတွေကို တသားထဲ ဆက်ဆံတာ၊ တဖက်လူ အခက်ခဲဖြစ်နေချိန် ကူညီပေးလိုက်တာမျိုး စတာတွေပါပဲ။

အကယ်၍ သင်စိတ်တွေမွန်းကျပ်နေတဲ့ အခါမျိုးတွေမှာ လူတွေကို အရင်က ကူညီခဲ့ပုံတွေ၊ နောက်ထပ် လူတွေကို ဘယ်လိုကူညီမယ် ဆိုတာတွေတွေးပြီး ဖြေသိမ့်လိုက်ပါ။ သင့်စိတ်တွေ ဖြေသာသွားပါလိမ့်မယ်။ သင်ကူညီလိုက်တဲ့ သူတွေရဲ့ အပြုံးတွေက သင့်ဘဝကိုလဲ ကျေနပ်ပျော်ရွှင်လာအောင် စွမ်းဆောင်ပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတ တိုးပွားစေခဲ့ရင် Share ။