သိမ်ငယ်နေတဲ့အခါ သင့်ကို ထွေးပိုက်ပေးမယ့် ခြုံစောင် ရောက်လာပါပြီ

0
600
Photo Credit: http://www.miacinelli.com/

အနုပညာရှင် မီယာ စီနလီ (Mia Cinelli) ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတဲ့အခါ ခင်ပွန်းသည်ရဲ့ ကြင်နာနွေးထွေးတဲ့ အပြုအမူတွေကို အမြဲ သတိတရ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီနွေးထွေးမှုတွေလိုပဲ ထွေးပွေ့ယုယမှုမျိုး ပေးနိုင်တဲ့ အနွေးစောင် တစ်မျိုး ဖန်တီးခဲ့ပါတယ်။

Photo Credit: http://www.miacinelli.com/
Photo Credit: http://www.miacinelli.com/

သူမရဲ့တီထွင်မှုကိုတော့ “The Weight” လို့ နာမည်ပေးထားပါတယ်။ ခန္ဓာကိုယ်ကို ပွေ့ဖက်နိုင်တဲ့ အတော်အသင့် လေးလံတဲ့ လက်တစ်စုံနဲ့ ဖန်တီးထားပါတယ်။ အဲဒီလက်တစ်စုံကတော့ ခံစားနေရတဲ့ သိမ်ငယ်မှု၊ အထီးကျန်လွမ်းဆွတ်မှုတွေ ကိုနှစ်သိမ့်ပေးဖို့ အကောင်းဆုံး အထောက်အကူ ဖြစ်ပါတယ်။ တစ်ချို့လူတွေကတော့ လက်ခံချင်မှ လက်ခံပါလိမ့်မယ်။

ဒါပေမဲ့ စင်နလီဟာ သူမလိုပဲ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်ကြေကွဲ နေရသူတွေ အတွက် နွေးထွေးကြင်နာမှုလေးတွေ ခံစားနိုင်စေဖို့ ခုချိန်ထိ သူမတီထွင်မှုကို အလုံးအရင်းဖြင့်ထုတ်ဖို့ ကြိုးစားနေဆဲပါ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

စာစောင်ကို သဘောကျရင် Share လိုက်ပါ။