အိမ်ထောင်သည် အမျိုးသားတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်းများ

0
3229

အိမ်ထောင်သည် အမျိုးသားတွေ ဖောက်ပြန်ကြတဲ့ပြဿနာကို အဖြေရှာ ကြည့်တော့ များသောအားဖြင့် လက်ရှိ အိမ်ထောင်ရေးမှာ သူတို့ မပျော်ပိုက်ကြတော့ လို့ပါ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မိမိတို့ အမျိုးသားတွေရဲ့ လိုအပ်ချက်တွေကို သိရှိပြီး အချိန်မှီ ပြင်ဆင်လို့ ရအောင် ဂန္ထဝင်မဂ္ဂဇင်းမှ ဒီစာစောင်လေးကို မျှဝေပေးလိုက်ရပါတယ်။ အိမ်ထောင်သည် ယောက်ျားအများစု ဖောက်ပြန်စေတဲ့ အဓိကအကြောင်းအရာတွေကို အောက်ဖက်မှာ ဖော်ပြလိုက်ရပါတယ်။

၁။ ဇနီးသည်နဲ့ အမြဲအဆင်မပြေ ဖြစ်နေရလို့ပါ။

အိမ်မှာနေတဲ့ အချိန်တွေဆို အမြဲတမ်း အဆင်မပြေမှုတွေနဲ့ ကြုံနေရတယ်။ အလုပ်ပင်ပန်းနေတဲ့အချိန်မှာ ဇနီးသည်က ဗျစ်တောက်ဗျစ်တောက် လုပ်တာတွေကလည်း သူတို့အတွက် ဒုက္ခတစ်မျိုးပါ။ တစ်ချို့ပြဿနာတွေက မဖြေရှင်းဘဲထားတာ ကြာလာတော့ရင်ထဲမှာ အစိုင်အခဲတွေဖြစ်လာကြတယ်။ အဲဒီအခါ တစ်ယောက်ကိုတစ်ယောက် ကြင်နာနွေးထွေးမှုတွေလည်း မရှိတော့ဘူး။ လက်ရှိ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာမှု မရတဲ့အခါ အပြင်မှာ သူတို့ဘာသာ အပျော်ရှာရင်း ဖောက်ပြန်တတ်ကြပါတယ်။

၂။ အိမ်ထောင်သည် ဘဝကို တဖြည်းဖြည်း ငြီးငွေ့စိတ်ပျက်လာလို့ပါ။

သူတို့အနေနဲ့ အိမ်ထောင့်တာဝန်တွေကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ ဆိုတော့ ကြာလာတဲ့ အခါ ဒီဘဝကြီးကို ငြီးငွေ့လာတတ်ကြတယ်။ အဲဒီအခါ လက်ရှိ အိမ်ထောင်ရေး အဆင်မပြေမှုတွေကို ဘယ်လို ပြုပြင်ထိန်းသိမ်းမလဲ မစဉ်းစားတော့ပဲ အခြားသူတစ်ယောက်ဆီမှာ သာယာမှု ရှာလိုက်ကြပါတော့တယ်။ အဲလို အပြင်မှာ အပျော်ရှာတာဟာ လတ်တလော စိတ်ရှုပ်ထွေးမှုတွေက နေလည်း ရုန်းထွက်ပြီးသား ဖြစ်စေတယ်လို့ ယူဆလိုက်ကြလို့ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဇနီးသည်အပေါ် အချိန်ကြာလာတာနဲ့ အမျှ ငြီးငွေ့သွားကြလို့ပါ။

အိမ်ထောင်ပြုလိုက်ပြီဆို ဇနီးသည်တွေဟာလည်း အလှအပနဲ့ ပတ်သက်ပြီး သိပ်ပြီး ဂရုမစိုက်ကြတော့ပါဘူး။ အဲဒီအခါ ခင်ပွန်းသည်တွေဟာ သူတို့ဘဝတစ်လျှောက်လုံးကို မိမိ ဇနီးသည်နဲ့ပဲ သစ္စာရှိရှိပေါင်းသင်းသွားဖို့ ငြီးငွေ့သွားတတ်ပါတယ်။ ယောက်ျားတို့သဘာဝ အသစ်အဆန်းရှာဖွေ ခံစားချင်ကြတယ်။ ဒါဟာလည်း အိမ်ထောင်ရေးဖောက်ပြန်မှုတွေရဲ့ အကြောင်းအရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

၎။ မိမိအိမ်ထောင်ဖက်ဆီက အသိအမှတ်ပြု၊ တန်ဖိုးထားမှုတွေ လိုအပ်နေလို့ပါ။

အိမ်ရှင်မတွေဟာ သားသမီးအရေး၊ အိမ်ထောင်မှုတွေကတစ်ဖက်၊ မိဘတွေကို ပြုစုရတာ တစ်ဖက်နဲ့ဆိုတော့ ခင်ပွန်းသည်တွေကို ဂရုမစိုက်နိုင်တော့ပါဘူး။ အဲဒီအခါ သူတို့ဟာ ဒီမိသားစုဘဝမှာ မပျော်ရွှင်တော့ဘူး။ သူတို့ဇနီးသည်တွေက သူတို့ကြိုးစားအားထုတ်မှုတွေအတွက် တလေးတစားနဲ့ အသိအမှတ်ပြု တာကိုလိုချင်ကြတယ်။ အဲလိုမခံစားရတဲ့ အခါ သူတို့လုပ်ရပ်တွေကို ချီးကျူးဂုဏ်ပြုတတ်တဲ့ နီးစပ်ရာတွေနဲ့ ဖောက်ပြန်သွားတတ်ကြတယ်။ ဒီိလိုဖောက်ပြန်စေတဲ့ အကြောင်းအရင်းကတော့ သူတို့ကို တန်ဖိုးထားတာကို လိုအပ်နေလို့ ပေးနိုင်တဲ့သူဆီကို ရောက်သွားရတာဖြစ်ပါတယ်။

၅။ မျိုးရိုှးဗီဇကြောင့် သော်လည်းကောင်း၊ ဖောက်ပြန်မှုများတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရတာကြောင့်ပါ။

တစ်ချို့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ မိသားစုက မွေးဖွားလာတဲ့သူတွေဟာ များသောအားဖြင့် ဖောက်ပြန်တတ်ကြပါတယ်။ နောက် ပတ်ဝန်းကျင်က အပေါင်းအသင်းမိတ်ဆွေတွေ၊ မောင်နှမသားချင်းတွေထဲမှာ ဖောက်ပြန်တတ်တဲ့ သူတွေမြင်တွေ့ပါ များလာရင် သူတို့စိတ်ထဲမှာ ဒီဖောက်ပြန်ခြင်းဆိုတာ မထူးဆန်းသလို တောင်ဖြစ်နေပါပြီ။ တစ်ချို့ကျလည်း သူတို့ငယ်ရွယ်စဉ် လူပျိုဘဝမှာ ရည်းစားတွေအများကြီး ထားတတ်ကြတယ်။ အဲဒီအခါ အိမ်ထောင်ကျသွားတဲ့အခါမှာလည်း အရင်ကလိုပဲ ဆက်ပြီး ပွေရှုပ်နေတတ်ပါသေးတယ်။ တစ်ချို့မိန်းကလေးတွေကလည်း သူတို့ကိုယ်တိုင် သတိမထားမိပေမယ့် ဒီလိုလူမျိုးတွေကိုမှ သဘောကျတတ်တာမျိုး ရှိတတ်ပါတယ်။

၆။ ဖောက်ပြန်တတ်တဲ့ ဇနီးသည်တွေကို အရွဲ့တိုက်ချင်လို့ပါ။

ဒီလိုသစ္စာမရှိတဲ့ ဇနီးသည်တွေကြောင့် သူတို့ပါ ဒီလိုဖောက်ပြန်မှုတွေကို ကျူးလွန်ပစ်ကြတာပါ။ အကယ်၍သူတို့ ဇနီးသည်တွေက မှားမှန်းသိပြီး ပြင်လာခဲ့ရင်တောင် သူတို့က ဒီနွံထဲမှာ ဆက်နစ်နေတုန်းပါပဲ။ သူတို့တစ်သက်လုံး ခွင့်မလွှတ်နိုင်တော့တာကြောင့် သူတို့ဘဝကိုရင်းပြီး ဇနီးသည်တွေကို လက်စားချေ လိုက်တာပါ။

၇။ အိမ်ထောင်ရေး မသာယာတဲ့အခါ ဇနီးသည်က ကွာရှင်းပြတ်စဲပေးဖို့ အကြောင်းရှာချင်လို့ပါ။

တစ်ချို့ အိမ်ထောင်ရှင်အမျိုးသားတွေဟာ အိမ်ထောင်ရေးမသာယာမှုတွေ များလာတဲ့အခါ အရမ်းစိတ်ဖိစီးလာပါတယ်။ ဒီအကြပ်အတည်းထဲက ရုန်းထွက်ချင်တဲ့ အတွက် အခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်ပါတယ်။ ဒါကိုဇနီးဖြစ်သူက ဘယ်လိုမှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ သူ့အပေါ်တဖြည်းဖြည်း စိတ်ပျက်လာပါပြီး ကွာရှင်းဖို့ တောင်းဆိုလာပါလိမ့်မယ်။ ဒါဆိုရင်တော့ သူဖြစ်ချင်တဲ့ ဒီအိမ်ထောင်ရေးထဲက ရုန်းထွက်ဖို့ လမ်းစ ရသွားပါလိမ့်မယ်။ ဒီလိုဖြစ်စဉ်မျိုးကတော့ အရမ်းကို ရှားပါးလွန်းပါတယ်။ သို့ပေမယ့်လည်း ရှိနေပါတယ်။

၈။ ဇနီးဖြစ်သူက ကိုယ့်ကို လျစ်လျူရှုတာ များလာလို့ပါ။

တဖြည်းဖြည်းနဲ့ ဇနီးသည်က ကိုယ့်ကို မလိုအပ်တော့သလို၊ အလေးမထားတော့သလိုမျိုး ခံစားလာရပြီဆို မိမိတို့ အိမ်ထောင်ရေးမှာ မပျော်မွေ့တော့ပါဘူး။ ဒါဟာ ယောက်ျားတွေကို ဖောက်ပြန်စေဖို့ တွန်းအားပေးလိုက်တာပါပဲ။ သူတို့အပေါ် အလေးထားဆက်ဆံမှုတွေ၊ ကြင်နာမှုတွေကို လက်ရှိ ဇနီးဖြစ်သူဆီက မရတဲ့အခါ အခြားတစ်ယောက်ဆီက ရအောင် ကြိုးစားပါလိမ့်မယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။