အသည်းဒဏ်ရာတွေကို ဆံပင်ပုံစံလန်းလန်းလေးနဲ့ ကုစားစို့

0
1447

မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ပုံစံဆက်စပ်မှုရှိတယ်လို့ဆိုခဲ့ရင် သင်ယုံမလား။

ဆံပင်ပုံစံအသစ်ပြောင်းလိုက်တိုင်း အသည်းကွဲလာပြန်ပြီလို့ စရလောက်တဲ့အထိ ရည်စားနဲ့ပြတ်တဲ့အခါ ဆံပင်ပုံစံပြောင်းတတ်တဲ့ သူငယ်ချင်းကော သင့်ဆီမှာရှိလား။

တကယ်တော့ စာချစ်သူတို့ရေ…..

မိန်းကလေးတစ်ယောက် စိတ်တွေသိပ်ရှုပ်လာတဲ့အခါ ဆံပင်တိုတိုညှပ်၊ အရောင်တွေဆိုးပြီး ဆံပင်ပုံစံပြောင်းပစ်တတ်တယ်။ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆံပင်ကေအသစ်က စိတ်ပြောင်းစိတ်လွဲတွေပြုလုပ်ပေးနိုင်ပြီး ဒဏ်ရာဟောင်းတွေကို ကုစားပေးနိုင်တဲ့နည်းလို့ ကျွန်မတို့ မိန်းကလေးတွေယူဆထားကြတယ်လေ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဆံပင်ပုံစံပြောင်းခြင်းအားဖြင့်….

စိတ်ပြောင်းစိတ်လွဲဖြစ်ပြီး မိမိကိုယ်ကို အသစ်တစ်ခုအဖြစ်မြင်ယောင်စေတယ်။

မိမိရဲ့ပုံစံအသစ်ကိုမြင်ရစေတာကြောင့် ခံစားချက်အဟောင်းတွေကို ခွာချလိုက်သလိုခံစားရစေတယ်။

အပြောင်းအလဲ သေးသေးလေးတွေကနေ အပြောင်းအလဲအကြီးကြီးတွေကို ဦးတည်ပေးနိုင်တယ်။

မိမိကိုယ်ကို လှလှပပမြင်ရတဲ့အတွက် ဘဝကိုလည်း လှပစွာပုံဖော်လိုစိတ်ကို ရင့်သန်စေတယ်။

မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ အချစ်ရေးထက် အရေးကြီးတဲ့အရာတွေများစွာရှိတယ်ဆိုတာကို နားလည်လာစေတယ်။

ဘဝမှာအရှေ့ကိုတိုးဖို့ ခံစားချက်အဟောင်းတွေကို ဖက်တွယ်ထားလို့မရဘူးဆိုတာ နားလည်လာစေတယ်။

မှန်ထဲမှာပေါ်လာတဲ့ ဆံပင်တိုတို၊ အရောင်တောက်တောက်နဲ့ ကောင်မလေးဟာ ဘဝကိုရဲရင့်စွာ ရင်ဆိုင်မယ့်သူအဖြစ် မြင်ယောင်စေတယ်။

အလုပ်အကိုင်အသစ်၊ မိတ်ဆွေသစ်၊ နေရာအသစ်၊ ဆံပင်ပုံစံအသစ်ဟာ ဘဝအသစ်တစ်ခုအတွက် သိပ်ကိုအရေးပါတာကို ခံစားတတ်လာစေတယ်။

ဒါကြောင့် ချစ်ပရိသတ်တို့ရေ….

အသည်းကွဲသွားတဲ့အခါ ချောင်တစ်ချောင်ကိုသွားပြီး ငိုယိုနေမယ့်အစား နီးစပ်ရာအလှပြင်ဆိုင်ကိုသွားပြီး ဆံပင်ပုံစံအသစ်ပြောင်းလိုက်ပါ၊ ရည်းစားဟောင်းကို ထိုင်ပြီးစိတ်ဆိုးနေမယ့်အစား ဆံပင်အရောင်လှလှဆေး ဆိုးပစ်လိုက်ပါ။ ချစ်သူရည်းစားဟောင်းအကြောင်းတွေးပြီး ငိုင်တွေနေမယ့်အစား ဆံပင်ပေါင်းတင်ရင်းထိုင်နေလိုက်ပါ။