ဘာကြောင့် ဗိုက်ထဲမှာ တဂွီဂွီမြည်ရတာလဲ။

0
139

အစည်းအဝေးလုပ်နေတဲ့အချိန်၊ အများနဲ့ရှိနေတဲ့အချိန်တွေမှာ ဗိုက်ထဲက ဂွီကနဲမြည်တာဟာ နည်းနည်းတော့ရှက်စရာကောင်းနေမှာပါ။ တကယ်တော့ ဒါဟာ ဖြစ်နေကျ သဘာဝဖြစ်ရပ်တစ်ခုပါ။

အစာနဲ့ လေတွေဖြတ်သန်းသွားပြီး အူနံရံက ကြွက်သားတွေကျုံ့ခြင်းကြောင့် ထွက်ပေါ်လာတဲ့အသံဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို peristalsis လို့လည်းခေါ်ပါတယ်။

ဒီလို အသံမြည်ခြင်းဟာ ဗိုက်ထဲမှာ နေ့တိုင်းပုံမှန်ဖြစ်နေတတ်ပါတယ်။ အသံတိုးလို့ အမြဲတမ်းမကြားနိုင်တာဖြစ်ပြီး အသံကျယ်တဲ့အခါမှ ကြားနိုင်တာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလို တဂွီဂွီမြည်တဲ့အသံဟာ ဗိုက်ဆာနေတဲ့အချိန်မှာ ပိုပြီးကျယ်တာကြောင့် လူတွေက တဂွီဂွီမြည်တာဟာ ဗိုက်ဆာလို့ လို့ သတ်မှတ်ကြပါတယ်။

အမြဲတမ်းဗိုက်ဆာနေတတ်တဲ့ အစားတလိုင်းသူငယ်ချင်းတွေကို mention ခေါ်လိုက်ရအောင်။