ခေတ်သစ်အချစ်ရေးတွေဟာ ဘာကြောင့် ခိုင်မြဲမှုလျော့နည်းလာရတာလဲ။

0
434

၁။ တစ်ဦးအပေါ်တစ်ဦး ပေးဆပ်မှုတွေလျော့နည်းလာခြင်း။

၂။ အချစ်ကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ သက်သေပြလာခြင်း။

၃။ ချစ်လွယ် ကြိုက်လွယ်ပြီး မေ့လွယ်၊မုန်းလွယ်သည့် အချစ်ရေးများကို ဥပမာယူမိခြင်း။

၎။ အချစ်နဲ့ အခြားခံစားချက်တွေကို ရောထွေးခြင်း။

၅။ ရုပ်ဝတ္ထုပစ္စည်းတွေကို ဖြည့်စွမ်းဖို့ ကြိုးစားရင်း အချိန်တွေကုန်လာခြင်း။

၆။ တစ်ဦးကိုတစ်ဦး နားလည်ရန် အချိန်ပေးမှု လျော့နည်းလာခြင်း။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ မိမိချစ်သူနှင့် အခြားလူများအား နှိုင်းယှဉ်မှုများ ရှိလာခြင်း။

၈။ လူမှုကွန်ယက်များပေါ်တွင် အချိန်ကုန်မှုများလာခြင်း။

၉။ တစ်ယောက်တည်းကို ရေရှည်လက်တွဲဖို့ ငြီးငွေ့လာခြင်း။

၁ဝ။ အားနည်းချက်တွေကို လက်ခံနိုင်မှု လျော့နည်းလာခြင်း။

၁၁။ အခက်အခဲတွေကို ကျော်လွှားလိုစိတ် လျော့နည်းလာခြင်း။

၁၂။ ချစ်သူအချင်းချင်း အသိအမှတ်ပြုမှု လျော့နည်းလာခြင်း။

၁၃။ အချစ်ထက် အပေါ်ယံပကာသနတွေကို အလေးပေးလာခြင်း။

ပရိသတ်ကြီးရေ…

အချစ်ရေးတစ်ခုတည်ဆောက်ဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေများပြားလာတဲ့ခေတ်၊ အခက်အခဲ၊စိန်ခေါ်မှုတွေ ထူပြောလာတဲ့ခေတ်ကြီးမှာ ချစ်သူတွေရဲ့ လမ်းခရီးဟာလည်း ယခင်ကထက် ခလုတ်ကန်သင်းတွေများလာပါတယ်။ ဒါကြောင့် ချစ်သူနဲ့ ရွှေလက်တွဲပြီး ဘဝခရီးကိုလျှောက်လှမ်းချင်သူတွေအနေနဲ့ အခက်အခဲတွေကို အတူတကွဖြေရှင်းရင်း နားလည်မှုတွေနဲ့ချည်နှောင်ရင်း ပျော်ရွှင်တဲ့အချစ်ဇာတ်လမ်းတွေကို တည်ဆောက်နိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုတောင်းမေတ္တာပို့သရင်းရေးသားတင်ဆက်လိုက်ပါတယ်ရှင်။

Leave a Reply