ဘယ်သူ့ကိုပိုချစ်တာလဲ?

0
2493

လူတစ်ယောက်က သူ့ရဲ့ကားအသစ်လေးကို သေသေချာချာ ပွတ်တိုက်နေပါတယ်။ အဲဒီအချိန်မှာ သူရဲ့ (၄)နှစ် အရွယ်သမီးကလေးက ကျောက်ခဲလေးနဲ့ ကားကို ခြစ်နေတာကို သိသွားတယ်။ သူလည်း ဒေါသတွေထွက်ပြီး အနားမှာရှိတာနဲ့ ကလေးလက်ကလေးကို မရပ်မနားရိုက်တော့တာပဲ။ နောက်မှသူသတိပြုမိတာက သူရိုက်နေတာ ခွရှင်တစ်ခုဖြစ်နေတယ်လေ။ ဆေးရုံကိုရောက်သွားတော့ ကလေးရဲ့လက်ချောင်းလေးတွေက ဘယ်လိုမှပြန်ဆက်လို့မရတော့လို့ ဆုံးရှုံးသွားရတဲ့အထိဖြစ်သွားခဲ့ရတယ်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သမီးလေးက နာကျင်တဲ့မျက်ဝန်းလေးတွေနဲ့ ” ဖေဖေ.. သမီးရဲ့လက်ချောင်းလေးတွေက ပြန်ပေါက်လာမှာလား ဟင်”ဟုမေးတော့ ဖခင်လည်း အလွန်နာကျင် ၀မ်းနည်းပြီး ဘာမှပြန်မပြောနိုင်တော့ဘူး။ အိမ်ပြန်ရောက်ကြတော့ သူ့ရဲ့ကားကိုတွေ့တော့ နာကျည်းစွာ ကန်တော့တာပဲ။ သူလုပ်ခဲ့တာတွေအတွက် ယူကျုံးမရဖြစ်နေတဲ့ ကလေးအဖေလည်း သမီးလေးခြစ်ထားတဲ့စင်းရာလေးရှေ့မှာ ထိုင်ချလိုက်တော့ သူတွေ့ရတာက ‘ဖေဖေ့ကိုချစ်တယ’် ဟူသော သူ့သမီးလေးရေးထားတဲ့ စာကလေးပါ။

သင်ခန်းစာ – ဒေါသ နဲ့ အချစ် မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတာကို မမေ့ပါနဲ့။ အရာဝတ္ထုပစ္စည်းတွေဆိုတာ အသုံးချဖို့အတွက်ပါ။ လူဆိုတာ မေတ္တာထားဖို့ပါ။ ဒါပေမယ့် ဒီနေ့ကမ္ဘာမှာတော့ လူတွေက အသုံးချခံနေရပြီး ဥစ္စာပစ္စည်းတွေက ချစ်ခံနေရပါတယ်။

မျှဝေပေးတယ်ဆိုတာဂရုစိုက်လို့ပါပဲ။အောက်ဖော်ပြပါ SHARE button လေးကို တစ်ချက်နှိပ်ပြီးသင့်သူငယ်ချင်းတွေကိုဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။