နိုင်ငံတကာက ရိုးရာမင်္ဂလာဓလေ့များနဲ့ ထူးထူးဆန်းဆန်းအဓိပ္ပာယ်လေးများ

0
151
၁။ မင်္ဂလာလက်စွပ်ကို ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်ဆင်ရတဲ့အကြောင်းရင်း။

စေ့စပ်လက်စွပ်နဲ့မင်္ဂလာလက်စွပ်တွေကို ဘယ်ဘက်လက်သူကြွယ်မှာဝတ်ဆင်ရတဲ့အကြောင်း ရင်းက အဲ့ဒီလက်ချောင်းပေါ်ကသွေးကြောဟာ နှလုံးနဲ့တိုက်ရိုက်ဆက်သွယ်နေလို့ ဖြစ်ပါတယ်။

၂။ မင်္ဂလာသတို့သမီးက အဟောင်း၊ အသစ်၊ ငှားရမ်းထားတာတွေနဲ့ အပြာရောင်တွေကို ဝတ်ဆင်ရတဲ့ အကြောင်းရင်း။ 

အဟောင်းတချို့က ဆက်လက်တည်ရှိခြင်း၊ အသစ်တချို့က အနာဂတ်အတွက် ကောင်းတဲ့ အရာတွေကို ကြိုဆိုခြင်း၊ ကိုယ်စားပြုတာပါ။ ငှားရမ်းတာတချို့က ပျော်ရွှင်ခြင်းနဲ့ အပြာရောင်က သန့် စင်မှု၊ အချစ်နဲ့ သစ္စာရှိခြင်းတို့ကို ကိုယ်စားပြုတာပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ လက်ထပ်ခြင်းဓလေ့ဆင်းသက်လာရတဲ့အကြောင်းရင်း။

ဆဲလ်တစ်(Celtic)၊ ဟိန္ဒူ(Hindu)နဲ့ အီဂျစ်(Egyptian)နိုင်ငံတွေအပါအဝင် နိုင်ငံတစ်ဝှမ်းက မင်္ဂလာဓလေ့မှာ သတို့သားနဲ့သတို့သမီးတို့ရဲ့လက်တွေကို ထပ်ပေးခြင်းက တစ်ဦးအပေါ်တစ်ဦး ကတိ သစ္စာပေးခြင်းနဲ့ အနာဂတ်အသစ်တွေမွေးဖွားခြင်းရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

၎။ သတို့သားက သတို့သမီးကို ပွေ့ချီသယ်ဆောင်ရတဲ့အကြောင်းရင်း။

ရိုးရာဓလေ့အရ သတို့သားက သတို့သမီးကို တံခါးဘောင်ကိုဖြတ်ပြီး ပွေ့ချီသယ်ဆောင်လာ ရတာက ပုန်းကွယ်နေတဲ့နတ်ဆိုးတွေဆီကနေ သူမကို ရဲရင့်စွာကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

၅။ ဇွန်လကို မင်္ဂလာလအဖြစ်သတ်မှတ်ကြတဲ့အကြောင်းရင်း။  

ရောမအချစ်နတ်ဘုရားမ ဂျူနို(Juno)က လက်ထပ်ဖို့နဲ့ ကလေးမွေးဖွားဖို့အတွက် ဇွန်လကို အကြံပြုထားတဲ့အတွက် ဇွန်လမှာမင်္ဂလာဆောင်တာကို လူကြိုက်အများဆုံးဖြစ်နေတာပါ။သိမှတ်စရာဗဟုသုတလေးတွေကို မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။