သင့် လက်သန်းကလေးက ပြောနေသော သင့်အကြောင်း…

1
34247

၁။ ပုံ(၁)မှာ ပြထားတဲ့ အတိုင်း သင့်လက်သန်းက လက်သူကြွယ်အဆစ်နဲ့ ညီနေမယ် ဆိုရင် သင်ဟာ ကိုယ့်ကိုယ်ကို ဘယ်လို ဖော်ပြရမလဲဆိုတာနဲ့ ပတ်သက်ပြီး စိတ်ရှူပ် နေတတ်သူပါ။ အဲ့ဒါက သင့်ကို ဆိုင်းငံ့စေပါတယ်။ တစ်ခုခုအရာကို မလုပ်ခင်အမြဲ အတွေးလွန်စေတတ်ပါတယ်။ သင်က ဖော်ရွေတတ်သူဆိုတော့ သင့်မှာ သင်ငယ်ချင်းတွေ များပြားပါတယ်။ သင့်မျက်နှာမှာတော့ အပြုံးကို အမြဲဆောင်ထားပါ။ အဲ့ဒါက သင့်ကို အခွင့်အလမ်းဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။

၂။ ပုံ (၂) မှာ ပြထားတဲ့ အတိုင်း သင့်ရဲ့ လက်သန်းက လက်သူကြွယ်အဆစ်ထက် နည်းနည်းကျော်တယ် ဆိုရင် သင်ဟာ ဥာဏ်ထက်သူပါ။ အမြဲတက်ကြွနေသူ ဖြစ်ပါတယ်။ သင့်ရဲ့ခံစားချက်တွေကို သဘာဝဆန်ဆန် ဖော်ပြတတ်ပြီး သင့်ကို လူ ချစ်ခင်လာအောင် နေထိုင်တတ်ပါတယ်။ သင့်ရဲ့လူမှုဆက်ဆံရေးကြောင့်သင်ဟာ လူတွေကြားမှာဆို့  အမြဲထင်ပေါ်နေတယ်။

၃။ ပုံ (၃)မှာပြထားတဲ့အတိုင်း သင့်လက်သန်းက လက်သူကြွယ်အဆစ်တောင် မရောက်ဘူး ဆိုရင် သင်ဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်တတ်တဲ့လူဖြစ်ပါတယ်။ သင်တစ်စုံတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးမပေါင်းခင် သူ့ရဲအကြောင်းစုံစမ်းလေ့ရှိတယ်။ သင်က လူတစ်ယောက်ရဲ့ မျက်နှာအနေအထား၊ ဆက်ဆံမှုတွေကို အလွယ်တကူ အကဲဖြတ်နိုင်ပါတယ်။ သင့်ကို သူများက လိမ်ပြောမှာတို့၊ သစ္စာဖောက်မှာတို့ကို သင်အမြဲ ကြောက်ရွံနေသူဖြစ်ပါတယ်။

တိုက်ဆိုင်ပါက သူငယ်ချင်းတွေနဲ့ SHARE လိုက်ပါ။

1 COMMENT

Comments are closed.