Single Mother များသာ နားလည်နိုင်မည့်ခံစားချက်များ

0
860

သားသမီးတွေကို တစ်ယောက်တည်းရုန်းကန်ပြီး ပြုစုပျိုးထောင်ပေးနေတဲ့ Single Mother လေးရေ…

မင်းဟာသားသမီးတွေရဲ့ အလိုဆန္ဒတွေကို တစ်ယောက်တည်းဖြည့်ဆည်းပေးခဲ့ရတယ်။

ဖခင်တစ်ယောက် မာန်မဲဆူပူမယ့်နေရာတွေမှာလည်း အသည်းမာမာနဲ့ ကြိမ်းမောင်းခဲ့ရတယ်။

သားသမီးပူဆာသမျှတွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရင်း

သားသမီးတွေအတွက် ဆုံးဖြတ်ချက်တွေကို တစ်ဦးတည်းစဉ်းစားချမှတ်ရင်း  တာဝန်တွေအားလုံးကို တစ်ယောက်တည်း ထမ်းဆောင်ခဲ့ရတယ်။

အိမ်ခွန်ကအစ၊ ကျောင်းလခအဆုံး ငွေကြေးတွေကို ခေါင်းခြောက်ခံစီမံရတယ်။

လိုအပ်မယ့် ငွေတွေကို ရှာဖွေစုဆောင်းရတယ်။ နောင်ရေးအတွက်ပြင်ဆင်ရတယ်။

သားသမီးတွေကျောင်းသွားဖို့ပြင်ဆင်ပေး၊ ရေချိုးဖို့စီစဉ်ပေးရ၊ မနက်စာတွေကျွေးပေးရပေမယ့် မိခင်တစ်ယောက်လို တစ်ချိန်လုံးနူးညံ့နေလို့မရပြန်ခဲ့ဘူး။

ဖခင်တစ်ယောက်လို မျက်နှာထားတင်းရတယ်၊ မိခင်တစ်ယောက်လိုနူးညံ့ချိုသာပေးရတယ်။ သွားချင်တာတွေလိုက်ပို့ပေးရတယ်၊ အိမ်စာတွေကူလုပ်ပေးရတယ်၊ သားသမီးတွေအရှေ့ကမားမားမတ်မတ်ရပ်တည်ပေးရတယ်။

သားလေးနဲ့အတူ ဘောလုံးကန်ဖော်၊ သမီးလေးအတွက် ဂီတတွေကိုနားထောင်ပေးတဲ့အဖော်၊

သားနဲ့သမီးရန်ဖြစ်တဲ့အခါ ဒိုင်သူကြီးအဖြစ်ဝင်ပါရသေးတယ်။ တစ်ခါတလေမှာ မောပန်းမှုတွေကြောင့် ငိုချင်မိမယ်။ ဒေါသတွေပေါက်ကွဲချင်မိမယ်။ မှီခိုလို့ရတဲ့ ပုခုံးလေးတစ်ဖက် ဆုပ်ကိုင်ဖို့လက်ကလေးတစ်စုံ၊ တိုင်ပင်ဆွေးနွေးဖို့ နှလုံးသားနဲ့ ဦးနှောက်လေးတစ်စုံကို အလိုရှိမိလိမ့်မယ်။

ဒါပေမဲ့လေ…

မင်းဟာသားသမီးတွေရဲ့ အချစ်ကိုတစ်ဦးတည်းရထားတဲ့သူ…

သားသမီးတွေအတွက် မူပိုင်အားကိုးချစ်ခင်ရတဲ့သူ…

သားသမီးတွေအတွက် အရေးအပါဆုံးသူ

သားသမီးတွေအတွက် တစ်ခုတည်းသော မဟာတံတိုင်းတစ်ခု ပဲမဟုတ်လား….

မင်းမှာ ရေပန်းအောက်မှာ ငိုမိတဲ့အချိန်တွေရှိကောင်းရှိလိမ့်မယ်.. ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အိမ်အလုပ်တွေကို ညဥ့်နက်အောင်လုပ်ပြီး အစောကြီးထရတဲ့ ပင်ပန်းမှုတွေရှိကောင်းရှိလိမ့်မယ်

မင်းကိုယ်မင်း တာဝန်တွေမကျေပွန်မှာ စိုးရိမ်မိတဲ့ စိုးစိတ်လေးတွေရှိလိမ့်မယ်။

သားသမီးတွေရဲ့ မပြည့်စုံမှုတွေအတွက် ကိုယ့်ကိုယ်ကိုအပြစ်တင်မိတဲ့စိတ်လေး ဝင်ကောင်းဝင်မိလိမ့်မယ်။

တာဝန်တွေကြောင့် ပုခုံးလေးလေးလံသလို ခံစားမိချင်ခံစားရလိမ့်မယ်။

မင်းရဲ့ မိခင်ပီသမှုအပေါ်သံသယဝင်မိကောင်း ဝင်မိလိမ့်မယ်။

ဒါပေမဲ့လေ…

မင်းဟာ သိပ်ကိုလေးစားမြတ်နိုးစရာကောင်းပါတယ်။

ကြံ့ခိုင်သန်စွမ်းပါတယ်။

မိခင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေအားလုံးရှိပါတယ်။

ဘာဖြစ်လို့လဲဆိုတာ မင်းဟာ မင်းရင်သွေးတွေအတွက် အကောင်းဆုံးကြိုးစားခဲ့တယ်။ အပြီးပြည့်ဆုံးမဟုတ်ရင်တောင် မင်းအတတ်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တာပဲမဟုတ်လား။ မင်းဟာ Single Mother တစ်ယောက်ပေမဲ့ သားသမီးတွေကို ဖခင်နဲ့ မိခင်မေတ္တာနှစ်ခုလုံးကို ပေးခဲ့တယ်။ ဒါကြောင့်မင်းဟာ Single Mother မဟုတ်ပါဘူး။ Super Mother တစ်ယောက်ပါ။