သင်အကြိုက်ဆုံးအရောင်က ပြောပြနေတဲ့ သင့်အကြောင်း

0
2887

၁။ သင်က အပြာရောင်ကိုကြိုက်တဲ့သူဆိုရင်…

အပြာဆိုတာ ပင်လယ်ရဲ့အရောင်ဖြစ်တာကြောင့် တည်ငြိမ်အေးချမ်းတဲ့အသွင်ကို ဆောင် တယ်။ ဒါကြောင့် သင်က တည်ငြိမ်အေးချမ်းစွာနေတတ်တယ်။ ရောက်တဲ့နေရာမှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို အလေးထားရှာဖွေလေ့ရှိတယ်။ သင့်ပတ်ဝန်းကျင်က သင့်ကို  အားကိုးအားထား ပြုစရာတည်ငြိမ်အေးချမ်းသူ၊ နှစ်လိုဖွယ်ကောင်းသူအဖြစ် မြင်ကြတယ်။

၂။ သင်က အနီရောင်ကို ကြိုက်တဲ့သူဆိုရင်…

အနီရောင်က တခြားအရောင်တွေထက် ထင်ပေါ်ပါတယ်။ ဒါကြောင့် သင်က ရဲရင့်တယ်။ ဆွဲ ဆောင်မှုရှိတယ်။ ရောက်တဲ့နေရာမှာ တခြားသူတွေထက် အသိအမှတ်ပြုခံရတယ်။ ဘွင်းဘွင်းရှင်းရှင်း နေထိုင်ပြောဆိုတတ်ပြီး ဘာလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိသူဖြစ်ပါတယ်။ သင်ဟာရည်မှန်းချက်ပြည့်ဝပြီး ဖြစ်ချင်တာတွေကို မဆုတ်မနစ်အကောင်အထည်ဖော်တတ်သူလည်း ဖြစ်ပါတယ်။

၃။ သင်က အစိမ်းရောင်ကို ကြိုက်တဲ့သူဆိုရင်…

သင်က အားလုံးနဲ့ လိုက်လျောညီထွေနေတတ်တဲ့သူပါ။ ရိုးသားပွင့်လင်းတယ်။ ပေါင်းသင်း ဆက်ဆံရေး နွေးထွေးတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေတတ်တဲ့အပြင်  ခပ်လျှို လျှိုနေတတ်တယ်။ ရှက်ကြောက်တတ်တယ်။ သည်းခံတတ်တယ်။ ယဉ်ကျေးပြီး သိက္ခာတရားကို တန် ဖိုးထားတာကြောင့် တခြားသူတွေက သင့်ကို ချစ်ခင်ကြတယ်။

၎။ သင်ကလိမ္မော်ရောင်ကို ကြိုက်တဲ့သူဆိုရင်…

သင်က နွေးထွေးတယ်။ အပူအပင်မထားတတ်ဘူး။ တခြားသူတွေရဲ့ အာရုံစိုက်ခံရတာကို သ ဘောကျတယ်။ သိပ်လေးလေးနက်နက်တွေးရတာတွေကို မကြိုက်ဘူး။ လွတ်လပ်မှုကို မြတ်နိုးတဲ့အ တွက် အိမ်ထောင်ပြုရတာကို မကြိုက်ဘူး။ တခြားသူတွေက သင့်ကို ခင်မင်သဘောကျကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ သင်က ခရမ်းနုရောင်ကို ကြိုက်တဲ့သူဆိုရင်…

သင်က သီးခြားနေတတ်တယ်။ နည်းနည်းဇီဇာကြောင်တယ်။ ချက်ကျလက်ကျ ပြောဆိုတတ် တယ်။ အထအနကောက်တတ်တယ်။ အများနဲ့မတူ တမူထူးခြားတယ်။ စိတ်ထက်တယ်။ အနုပညာဝါ သနာပါတယ်။ အခက်အခဲတွေကို ဇွဲနဘဲနဲ့ဖြေရှင်းတတ်တယ်။

၆။ သင်က မီးခိုးရောင်ကို ကြိုက်တဲ့သူဆိုရင်…

သင်က စိတ်လှုပ်ရှားမှုနည်းတယ်။ အေးအေးဆေးဆေးနေတတ်တယ်။ ကြိုးကြိုးစားစားလုပ် တတ်တယ်။ လုပ်စရာရှိတာတွေကို အကျိုးအမြတ်မမျှော်ကိုးဘဲ ပြီးမြောက်အောင်လုပ်တတ်တယ်။ တ ခြားသူတွေအတွက် အတုယူစရာ စီးပွားရေးသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။

၇။ သင်က ပန်းရောင်ကို ကြိုက်တဲ့သူဆိုရင်…

သင်က ကလေးဆန်ပြီး ရိုးသားဖြူစင်သူပါ။ အကာအကွယ်ပေးခံရတာ၊ အထူး ဂရုစိုက်ခံရတာ တွေကို အထူးနှစ်သက်တယ်။ အချစ်ခံရတာကို သဘောကျတယ်။ ကြမ်းတမ်းမှုတွေကို မနှစ်သက်ပါ ဘူး။ နူးညံ့သိမ်မွေ့ပြီး အကြင်နာတရားနဲ့ပြည့်စုံတယ်။

၈။ သင်က အနက်ရောင်ကို ကြိုက်တဲ့သူဆိုရင်

သင်က ဉာဏ်ပညာထက်မြက်ပြီး ရဲရင့်သူပါ။ ခေတ်နဲ့ လိုက်လျောညီထွေရှိအောင် နေထိုင် တတ်တယ်။ စမတ်ကျကျဝတ်စားဆင်ယင်တတ်ပြီး လူအများ ရဲ့ အာရုံစိုက်မှုကို ရယူတတ်တယ်။ ကြီး မားတဲ့ဘဝရည်မှန်းချက်တွေရှိတယ်။

၉။ သင်က အဖြူရောင်ကိုကြိုက်တဲ့သူဆိုရင်…

သင်က ပွင့်လင်းရိုးသားစွာ နေထိုင်တတ်ပြီး ဟန်ဆောင်မှုတွေကို မနှစ်မြို့သူပါ။ ဘာမဆို ပြီး ပြည့်စုံတဲ့အထိ စိတ်ရှည်လက်ရှည်လုပ်တတ်တယ်။ တက်တက်ကြွကြွလန်းလန်းဆန်းဆန်းနေတတ် တယ်။ အနာဂတ်နဲ့ပတ်သက်ရင် စိတ်ကူးယဉ်တတ်ပြီး ဘဝကို ရိုးစင်းစွာ တည်ဆောက်တတ်သူဖြစ်ပါ တယ်။

၁ဝ။ သင်က အညိုရောင်ကို ကြိုက်တဲ့သူဆိုရင်…

သင်က ဇွဲကောင်းတယ်။ စိတ်ရှည်တယ်။ ဖြစ်ချင်တာကို လက်တွေ့အကောင်အထည်ဖော် တတ်တယ်။ ဖြောင့်မတ်တယ်။ အမှီအခိုကင်းတယ်။ ရှေးရိုးစွဲအမြင်ရှိတယ်။ အတိုက်အခံလုပ်ရတာကို မကြိုက်ဘူး။ တာဝန်ယူရတာကိုကြိုက်တယ်။ ကြင်နာတတ်ပြီး တခြားသူတွေအတွက် အားကိုးယုံ ကြည်ထိုက်သူဖြစ်ပါတယ်။

၁၁။ သင်က အဝါရောင်ကို ကြိုက်တဲ့သူဆိုရင်…

ပျော်ပျော်နေတတ်တယ်။ ဉာဏ်ပညာကြီးတယ်။ စိတ်ကူးကောင်းတယ်။ စွန့်စားရတာတွေကို နှစ်သက်တယ်။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်နေတတ်တယ်။ ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်းနဲ့ အနုစိပ်တွေးခေါ်တတ်တယ်။ လွတ်လွတ်လပ်လပ်နေရတာကို မြတ်နိုးတယ်။

ကဲ… သင့်အကြိုက်ဆုံးအရောင်လေးကကော ဘာများလဲဆိုတာ comment box မှာ ရေးသွား ပါဦးနော်။

Leave a Reply