ဘဝမှာ အရေးပါဆုံး အရာက ဘာလဲ

0
469

တစ်နေ့ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဟာ မက်ဆီကို ပြည်နယ်တောင်ပိုင်း တံငါရွာလေးတစ်ရွာရဲ့ ကမ်းစပ်မှာ နေပူဆာလှုံရင်း သဘာဝအလှတွေ ခံစားနေပါတယ်။ အဲဒီအချိန်သူ့ မြင်ကွင်းထဲကို လှေငယ်လေးတစ်စီး ဝင်လာနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီလှေထဲမှာပါလာတဲ့ ကြီးမားလှတဲ့ ငါးကြီးကို စိတ်ဝင်စားသွားပြီး တံငါသည်နဲ့ စကားသွားပြောဖို့ ဆုံးဖြတ်လိုက်တယ်။

သူတို့နှစ်ယောက် ပြောဆိုနေကြတာတွေကတော့

အမေရိကန်ကြီး     ” ခင်များ ဒီငါးကြီးဖမ်းဖို့ အချိန်ဘယ်လောက်ကုန်လဲ”

တံငါသည်ကြီး      ” နာရီ အနည်းငယ်ပဲ ကြာတယ်”

အမေရိကန်ကြီး     ” ဒါဖြင့် တစ်နေ့လုံး အချိန်ရတာ ငါးတွေဘာလို့ထပ်မဖမ်းလဲ ”

တံငါသည်ကြီး      ” ဒီငါးတစ်ကောင်ဟာ ကျုပ်တို့မိသားစု စားဝတ်နေရေး အတွက် ဖူလုံတာထက်ပိုပါတယ်။”

အမေရိကန်ကြီး     ” ဒါဆို ခင်များ တစ်နေ့တစ်နေ့ ပိုနေတဲ့ အချိန်တွေ ဘာတွေလုပ်လေ့ရှိလဲ။

တံငါသည်ကြီး      “မနက်ဆိုလည်း အိပ်ရေးဝတဲ့ထိ အိပ်တယ်။ ပြီးရင် ကလေးတွေနဲ့ အချိန်ဖြုန်းတယ်။ ဝါသနာပါတဲ့ ဘောလုံးပွဲတွေ ထိုင်ကြည့်တယ်၊ ကျုပ်မိန်းမနား စကားလေးဘာလေးပြောရင်း တစ်ရေးတစ်မော အိပ်ကြတယ်။ ပြီးရင် ဂစ်တာလေးဘာလေးတီး ၊ သီချင်းလေး ဘာလေးဆို ဘဝကို သာသာယာလေးေ ဖြတ်သန်းနေတာပေါ့ဗျာ”

ဒါနဲ့ အမေရိကန်ကြီးလည်း မနေနိုင်တော့တာနဲ့

” ခဏနေပါအုံးဗျာ ကျွန်တော်က အမေရိကန် ဟားဘတ်တက္ကသိုလ် က စီးပွားရေးပညာဘွဲ့ ရထားတာပါ။ ခင်များ လက်ရှိအခြေအနေထက် မြင့်မြင့်မားမား နေရဖို့ ခင်များ လုပ်ငန်းတွေ ပိုတိုးချဲ့နိုင်ဖို့ကျွန်တော်ကောင်းကောင်း ကူညီနိုင်ပါတယ်။ ပထမဆုံး ခင်များ အရင်ကထက် ကြာကြာ ငါးဖမ်းဖို့လိုမယ်။ ငါးတွေအများကြီး ရလာတဲ့အခါ ခင်များ ဝင်ငွေတွေ အများကြီး ရလာမယ်။ တစ်ဖြည်းဖြည်းနဲ့ ဒီထက်နည်းနည်းကြီးတဲ့ လှေတစ်စီးဝယ် ၊ နောက်ထပ်လှေတစ်စီး …နောက်ထပ် ….ဒီလိုနဲ့ ခင်များ ငါးဖမ်းလှေတွေ အများကြီးပိုင်သွားမယ်။ ရေလုပ်သားတွေအများကြီးနဲ့ ငါးတွေအများကြီးဖမ်း ။အဲအချိန်ကျ ဒီလိုဈေးသေးသေးလေးတွေမှာ ရောင်းမယ့်အစား ငါးသေတ္တာလုပ်တဲ့ ကုမ္ပဏီလိုမျိုး လုပ်ငန်းကြီးတွေမှာ တိုက်ရိုက်သွားရောင်း

ခင်များ ငွေတွေများ မလိုချင်အောင် ရလာလိမ့်မယ်။ ဘယ်လိုလဲ….စိတ်ဝင်စားလားပေါ့။

အဲအချိန်မှာ တံငါသည်ကြီး မေးလိုက်တာက ” အဲဒါတွေဖြစ်လာဖို့ အချိန်ဘယ်လောက်ကြာမှာလဲ” တဲ့

ဒါနဲ့ အမေရိကန်ကြီးက “ခင်များအပေါ်မှာပဲ မူတည်တယ် ။ ပျမ်းမျှအားဖြင့်တော့ ၁၅-၂၀ နှစ်ကြား လောက် ကြာမှာပေါ့။”

တံငါသည်ကြီး က ဆက်ပြီးမေးလိုက်တယ်။ ” အဲလိုလုပ်ငန်းတွေပိုင်ပြီး ကျုပ်ကဘာဖြစ်လာမှာလဲ။”

အမေရိကန်ကြီးလည်း ” ခင်များအရမ်း ချမ်းသာလာပြီး သန်းကြွယ် သူဌေးကြီး ဖြစ်လာမှာပေါ့။ အဲဒီငွေတွေနဲ့ ကျုပ်ကဘာတွေလုပ်ရမှာလဲ။ အဲဒီအချိန်က ခင်များမြို့ကြီးပြကြီးနဲ့ ဝေးရာ ဒီလိုအေးအေးချမ်းချမ်းရှိတဲ့ ရွာလေးမှာလာပြီး အနားယူလို့ရမယ်၊ ခုလိုပဲ အိပ်ယာနောက်ကျမှထ၊ ခင်များကလေးတွေ၊မိန်းမတွေနဲ့ ပျော်ပျော်ပါးပါးနဲ့။ ခင်များဝါသနာပါတဲ့ အလုပ်တွေ လုပ်လို့ရပြီလေဗျာ။”

ဇာတ်လမ်းလေးကတော့ ဒီမှာတင် ရပ်ထားပါတယ်။

ကဲ စာဖတ်ပရိသတ်တို့ရေ ဆက်တွေးကြည့်ရအောင် ။ အမှန်တော့ တံငါသည်ကြီးက သူ လက်ရှိပိုင်ဆိုင်ထားတဲ့ ဘဝကို နှစ်ပေါင်းများစွာ ကြိုးစားပြီး ငွေတွေရှာ။ ပြီးမှ ဒီလိုအေးချမ်းတဲ့ ဘဝလေးကို ပြန်ရလာမှာ ဘာထူးမှာလဲ။ လက်ရှိလည်း အေးအေးချမ်းချမ်း နေနိုင်နေတာပဲလေ။

ဒီလိုပါပဲ ကျွန်ုပ်တို့  ဘဝမှာ ကျွန်ုပ်တို့ လိုချင်တဲ့ အရာတွေက ကိုယ်ထင်ထားသလောက် ကိုယ်နဲ့ အလှမ်းဝေးမနေဘူး ဆိုတာသတိပြုမိဖို့လိုပါတယ်။ ဒါလေးကို ဆင်ခြင်ရင်း ဘဝမှာ ကိုယ့်အတွက် ဘာအရေးကြီးဆုံးလဲသိပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို တစိုက်မတ်မတ် လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုရင်း ဂန္ထဝင်မှ တင်ဆက်လိုက်ရပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

 

Leave a Reply