၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇူလိုင် ၂ဝ မှ ၂၆ ရက်နေ့အထိ)

0
856
၁။ မိဿ      ရာသီဖွား (Aries)

မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ

အခုတစ်လော စိတ်တွေ မတည်မငြိမ် ဖြစ်နေတတ်တာကြောင့် ကိုယ်မကြာခင် တာဝန်ယူလုပ်ဆောင်ရတော့မယ့် အစည်းအဝေးအတွက် စီစဉ်စရာရှိတာတွေကိုလည်း တာဝန်ယူဖို့ ပျက်ကွက်နေတတ်ပါတယ်။ ဒါကြောင့် လုံလောက်တဲ့ အချိန်တစ်ခုယူပြီး ကိုယ့်စိတ်တွေကို တည်ငြိမ်အောင် ပြန်တည်ဆောက်လိုက်ပါ။ ပြီးသွားရင်တော့ လုပ်စရာရှိတာတွေကို ချက်ချင်း လုပ်ဆောင်လိုက်ပါ။ ပြီးရင်တော့ စနစ်ကျမကျ ပြန်စစ်ဆေးဖို့ မမေ့ပါနဲ့။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အနီရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကဲ ဘယ်လိုလဲ တိုက်ဆိုင်နေမယ်ဆိုရင်တော့ သူငယ်ချင်းတွေ အတွက်လည်း မျှဝေလိုက်ပါအုံးနော်။

၂။ ပြိဿ      ရာသီဖွား (Taurus)

ဧပရယ် (၂ဝ) မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ဘာကိစ္စနဲ့ပဲ ပတ်သက်ပတ်သက် ထိန်ချန်ထားတာမျိုး မဖြစ်ပါစေနဲ့ ။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့်ငွေကြေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေအတွက် ခေါင်းရှုပ်နေခဲ့ရင် ဖွင့်ဟတိုင်ပင်လိုက်ပါ။ သို့ပေမယ့် ပွင့်လင်းဆိုတိုင်းလည်း နားမလည်တဲ့ သူကို လုပ်ငန်းကိစ္စတွေ သွားတိုင်ပင်မိပြန်ရင် လည်း ထင်ထားတာထက်ပိုရှုပ်ထွေးစေမှာ ဖြစ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အဖြူရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ပြိဿ     ရာသီဖွား သူငယ်ချင်း (၃) ယောက်နဲ့ ဒီစာစောင်ကို Share ဖို့ မမေ့နဲ့နော်။

၃။ မေထုန်ရာသီဖွား (Gemini)

မေလ (၂၁) မှ ဇွန်လ (၂ဝ) ရက် အတွင်း မွေးဖွားသူများ

ကုံရာသီဖွား တွေက သင့်အတွက် အစစအရာရာ အကောင်းဆုံး ကူညီထောက်ပံ့ ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် သူတို့တွေနဲ့ ဆက်ဆံတဲ့ အခါ အထူး တလေးတစား ဆက်ဆံဖို့လိုအပ်ပါတယ်။ သင့်ရဲ့ ကောင်းခြင်းမင်္ဂလာတွေကို သယ်ဆောင်ပေးကြမယ့် သူတွေပါ။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ အတူရှိချိန်တွေကနေ ကိုယ်မမျှော်လင့်ထားတဲ့ အရမ်းကို အသုံးဝင်တဲ့ သတင်းတွေ ရလာတတ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အစိမ်းနုရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

မေထုန်ရာသီဖွားတွေ အတွက် ဒီဗေဒင်လေးကို မျှဝေလိုက်ပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက် အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီဖွားတွေအတွက် ဒီတစ်ပတ်ဟောကိန်းကတော့ လူမှုဆက်ဆံရေးမှာ ကိုယ်ထင်ထားသလောက် အဆင်မပြေတာမျိုးလေးတွေ ကြုံရတတ်ပါတယ်။ ဒီလိုအဆင်မပြေလို့လည်း ကိုယ့်ကိုယ်ကို တန်ဖိုးကျလောက်တဲ့အထိ တော့ အလျှော့ပေးဆက်ဆံဖို့ မလိုအပ်ပါဘူး။ သင့်ဘေးနားမှာ သင့်ကိုကူညီဖေးမမယ့် သင့်အပေါ် စစ်မှန်တဲ့ သူငယ်ချင်းတွေ အများကြီး ရှိနေပါတယ်။
ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ငွေရောင်၊ အဖြူရောင်လေးတွေပါဝင်တဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့ မမေ့နဲ့နော်။

၅။ သိဟ်ရာသီဖွား (Leo)

ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်အတွင်း မွေးဖွားသူများ

သိဟ်ရာသီဖွားတွေ အနေနဲ့ လူအများကြား ထင်ပေါ်ကျော်ကြားတော့မယ့် ကာလဖြစ်ပါတယ်။ ဒါကြောင့် ခြေလှမ်းမမှားဖို့ အရေးကြီးပါတယ်။ သို့ပေမယ့် သင့်စိတ်ကတော့ အပျော်ဘက်ကိုပဲ အားသန်နေတတ်ပါတယ်။ အဲဒါကြောင့် အပျော်ခရီးသွားချင်တာတို့ ၊ အပျော်အလုပ်တွေ လုပ်ချင်တာတို့နဲ့ ဗျာများနေပါလိမ့်မယ်။ ဒါပေမယ့် ဆန္ဒမစောပါနဲ့။ သင်ဘာမှ မလုပ်ရဘဲ သင်ဖြစ်ချင်တာတွေအားလုံး သူ့အလိုလို ဖြစ်လာပါလိမ့်မယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ရွှေရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေကို comment box မှာ tag လုပ်ပြီး အသိပေးဖို့လည်း မမေ့နဲ့နော်။

၆။ ကံရာသီဖွား (Virgo)

သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ

ကံရာသီဖွားတွေဟာ ဒီတစ်ပါတ်မှာ လူသစ်တွေအများကြီးနဲ့ ဆက်ဆံရကိန်းရှိပါတယ်။ မိတ်ဆွေသစ်တွေဆီမှာ သင်ယူစရာတွေ အများကြီး ရှိနေတာ တွေ့ရပါလိမ့်မယ်။ အစစ အရာရာ အဆင်ပြေဖို့အတွက်တော့ အတွေးတွေကို ဘောင်မခတ်ဘဲ အခြားသူတွေရဲ့ အတွေးတွေကို လက်ခံနားလည်နိုင်အောင် ကြိုးစားပါ။ ဘာပဲလုပ်လုပ် အလျှင်စလိုမလုပ်ဘဲ ဆုံးဖြတ်ဆောင်ရွက်ခြင်းက အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အစိမ်းရင့်ရောင် အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သူငယ်ချင်းတွေအတွက် ဒီဗေဒင်လေးကို SHARE လိုက်ဖို့လည်း မမေ့နဲ့နော်။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

တူရာသီဖွားတွေအနေနဲ့ကတော့ အလုပ်လုပ်တဲ့အခါမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို ဝေခွဲရင်း စိတ်တွေရှုပ်ထွေးနေတတ်ပါတယ်။ ဒါကြောင့် ဘာမှမလုပ်ခင် ကိုယ့်စိတ်ကိုသေချာ စဉ်းစားသုံးသပ်ပြီးမှ လုပ်ဆောင်ပါ။ ဘာကြောင့်လဲဆိုတော့ သင့်အနာဂတ်က သင့်ဆုံးဖြတ်ချက်တွေ အပေါ်မှာ မူတည်နေတာကြောင့်ပါ။ ကိုယ့်စိတ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ ဆုံးဖြတ်နိုင်လေ သင့်အတွက် ပျော်ရွှင်စရာအချိန်လေးတွေ အမြန်ရောက်လာလေလေပါပဲ။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ စိမ်းပြာရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ရဲ့ Comment box မှာ အခင်မင်ဆုံးသူငယ်ချင်း (၅) ဦးကို tag လုပ်ဖို့လည်း မမေ့နဲ့နော်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)

အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်း မွေးဖွားသူများ

သတင်းပတ်အစမှာပဲ ကိုယ်လုံးဝ မထင်မှတ်ထားတဲ့ သူငယ်ချင်းတစ်ယောက်ကို ရုတ်တရက်တွေ့ လိုက်ရတာကြောင့် ရုတ်တရက် ရှော့ရသွားတတ်ပါတယ်။ J ပြီးတော့ ဒီတစ်ပတ်အတွင်း စကားပြောတဲ့အခါမှာ အထူးဂရုစိုက် ဆင်ခြင်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် အချစ်ရေးနဲ့ ပတ်သက်ပြီး ကိုယ်ယုံကြည်ထားတဲ့ ချစ်သူက ကိုယ့်အပေါ် အချစ်စစ်နဲ့ မချစ်တာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့် အချစ်ရေးနဲ့ ပတ်သက်ပြီး ဆန္ဒမစောဖို့ အရေးကြီးပါတယ်။ ဤစာစောင်လေးကို သူငယ်ချင်း (၄) ယောက်နဲ့ SHARE လုပ်ဖို့ မမေ့နဲ့နော်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ လိမ္မော်ရောင်ပါတဲ့ အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ဖို့ မမေ့နဲ့နော်။

၉။ ဓနုရာသီဖွား (Sagittarius)

နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ဓနုရာသီဖွားတွေအနေနဲ့ အခုတစ်လော အလုပ်နဲ့ပတ်သက်ပြီး တစ်ချိန်လုံး ဗျာများနေတတ်ပါတယ်။ ဒါကလည်း သင့်ပန်းတိုင်ကိုသင် ရှင်းရှင်းလင်းလင်း မြင်နေရတာကြောင့် အားသွန်ခွန်စိုက် ကြိုးစားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။အကြီးအကဲ တစ်ယောက်ယောက်နဲ့စကားပြောရင်း ကိုယ်တစ်ခါမှ မတွေးဖူးတဲ့ အကြံကောင်းညဏ်ကောင်းတွေ ရတတ်ပါတယ်။
ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အဝါရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ဖို့ မမေ့နဲ့နော်။

၁ဝ။ မကာရ ရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ

မကာရရာသီဖွားတို့အနေနဲ့ ဘဝမှာ ဘာလုပ်လုပ်အဆင်ပြေမယ့် ကာလပါ။ ခေါင်းပေါ်မော့ကြည့်လိုက်ရင်တောင် ကြယ်လေးတွေက ကိုယ့်ကို လမ်းပြနေသယောင် ခံစားရစေတဲ့ ကာလပဲဖြစ်ပါတယ်။ ကိုယ်တိုင် မျှော်လင့်မထားတဲ့ အောင်မြင်မှုတွေ ရလာတတ်ပါတယ်။ ဒီအချိန်မှာ ဘယ်သူနဲ့မှ အဆင်မပြေဘူးဆိုတဲ့ သူတွေနဲ့ ပေါင်းရင်တောင် အဆင်ပြေနေတတ်ပါတယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ ခရမ်းရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ဤစာစောင်ကို ကိုယ့်ဘဝမှာ အရေးပါဆုံး သူ(၅)ဦးနဲ့ SHARE လိုက်ဖို့လည်းမမေ့နဲ့နော်။

၁၁။ ကုံရာသီဖွား (Aquarius)

ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ

ကုံရာသီဖွားတွေ အနေနဲ့တော့ ဒီတစ်ပတ်မှာ ငွေကြေးနဲ့ ပတ်သတ်ပြီး စိတ်ရှုပ်ရတတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ အခိုက်အတန့်ပါပဲ။ စိတ်ရှုပ်ရတယ်ဆိုပေမယ့်လည်း အရမ်းကြီး ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး။ အဲဒီ အချိန်တွေ ပြီးသွားရင်တော့ အားလုံး အဆင်ပြေသွားမှာပါ။ ဒါ့အပြင် အရမ်းရင်းနီးရတဲ့ သူငယ်ချင်းတစ်ယောက်ဆီက ကိုယ်မသိသေးတဲ့ သတင်းတစ်ခု ကြားရပါလိမ့်မယ်။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ မီးခိုးရောင်၊ အမဲရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

ကုံရာသီဖွားသူငယ်ချင်းတွေအတွက်လည်း share ပေးဖို့မမေ့နဲ့နော်။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

ချစ်သူကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုးလေးတွေ ကြုံရတတ်ပါတယ်။ ဥပမာ- ကိုယ်မကျွမ်းကျင်တဲ့ အလုပ်သစ်တွေ လုပ်ဆောင်ဖို့ တာဝန်ပေးတာမျိုးပေါ့။

ငြင်းပယ်လိုက်ပြန်ရင်လည်း ချစ်သူက တစ်မျိုးထင်ပြန်အုံးမယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ကူညီလုပ်ဆောင်ပေးလိုက်ပါ။ သင်ထင်ထားသလောက်လည်း ဆိုးရွား မသွားပါဘူး။

ယတြာ- ဘာပဲလုပ်လုပ် သင့်ရဲ့ ကံအကောင်းဆုံး အရောင်ဖြစ်တဲ့ အဝါရောင်အသုံးအဆောင် တစ်ခုခုဆောင်ထားပါ။ သင့်ကို အရာရာ အဆင်ပြေစေဖို့ ကူညီပေးပါလိမ့်မယ်။

သင်နဲ့ တိုက်ဆိုင်ခဲ့မယ်ဆို သင့်သူငယ်ချင်းတွေ အတွက်လည်း (Share) ဖို့ မမေ့နဲ့နော်။