မစစ်မှန်တဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပေါင်းဖော်နေမိပြီဆိုတာ ဖော်ပြနေတဲ့အချက် ၉ ခု

0
856

၁။ သူတို့ကိုယ်ကျိုးအတွက်သာ ကိုယ့်ကိုခင်မင်ခြင်း။

၂။ ကိုယ့်ရဲ့မလှပတဲ့အတိတ်တွေကို မကြာခဏတူးဆွခြင်း။

၃။ သူတို့နဲ့အတူရှိနေတဲ့အခါ မွန်းကြပ်သလို ခံစားရခြင်း။

၎။ ကိုယ့်အိပ်မက်နဲ့ စွမ်းဆောင်ရည်တွေကို အသိအမှတ်မပြုခြင်း။

၅။ ကိုယ့်ကို မကြာခဏလိမ်ညာလှည့်ဖျားခြင်း။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သူတို့ရဲ့အပျက်သဘောဆောင်တဲ့လက္ခဏာရပ်တွေက ကိုယ့်အပေါ်သက်ရောက်စေခြင်း။

၇။ ကိုယ့်အပေါ် မနာလိုစိတ်ထားရှိခြင်း။

၈။ ကိုယ့်ကိုပြစ်တင်ဝေဖန်ဖို့ အမြဲတက်ကြွနေခြင်း။

၉။ ကိုယ့်ကိုတခြားတစ်ယောက်ဖြစ်အောင် ပြောင်းလဲချင်ခြင်း။

စာချစ်သူတို့ရေ… အထက်ပါအချက်လေးတွေကတော့ ကိုယ့်မှာ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ထားရဲ့လားဆိုတာ ဆန်းစစ်ကြည့်နိုင်စေမယ့် အချက်လေးတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ အပြန်အ လှန်အနေနဲ့ တွေးကြည့်ရင် သူငယ်ချင်းကောင်းကို ပိုင်ဆိုင်ခွင့်ရဖို့ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင် အရင်ကြိုးစားသင့်ပါတယ်နော်။ ဒါမှသာ အပြန်အလှန် ရေရှည်လက်တွဲနိုင်မယ့် စစ်မှန်တဲ့မိတ်ဆွေကောင်းတွေကို ပိုင်ဆိုင်ခွင့်ရရှိမှာပါ။

တိုက်ဆိုင်မှုလေးတွေပါတယ်ဆိုရင် SHARE လိုက်ပါဦးနော်။