ကိန်းအောင်းနေသော ဖန်တီးမှုစွမ်းရည်များ

0
1991
Playful artwork by Javier Perez

[quote_box_center]အဆိုလေးတစ်ခုအတိုင်း ကျွန်မတို့တွေဟာ ကိုယ့်အရည်အချင်းကိုယ်စီနဲ့မွေးဖွားလာကြတယ်၊ ဒီအရည်အချင်းတွေ အသုံးချနိုင်ဖို့ကတော့ စိန်ခေါ်မှုတစ်ရပ်ပါပဲ။[/quote_box_center]

တချို့လူတွေက ကလေးငယ်တွေရဲ့ ရှိပြီးသားအရည်အချင်းတွေကို အသက်၃နှစ် ၄နှစ်အရွယ်မှာ ထွက်မလာအောင် ပိတ်ဆို့ထားလိုက်မိတယ်။ ကလေးတွေကပုံပြင်တွေ ပြောပြတော့မယ်ဆိုရင် သူတို့လေးတွေကို ပါးစပ်ပိတ်ခိုင်းထားကြတယ်။ ကခုန်ပြီးဆော့နေတဲ့ ကလေးကိုငြိမ်ငြိမ်ထိုင်ခိုင်းထားတယ်။ ဒီလိုနဲ့ကလေးတွေ ၁၀နှစ်၁၁နှစ် အရွယ်ရောက်လာတော့ အရည်အချင်းရှိတဲ့ကလေးတွေက သာမာန်လူတွေလိုပဲဖြစ်သွားကြတယ်။ ကလေးတွေရဲ့အချိန်တွေကို အများဆုံးအသုံးချတာကတော့ တီဗွီ၊ ipad နဲ့ ဖုန်းတွေပါပဲ။ ဒီပစ္စည်းတွေက ကလေးတွေကို သင်ယူတတ်မြောက်လွယ်ကူစေတယ် ဆိုတာတော့ မှန်ကန်ပါတယ်။ ဒါပေမယ့် ငြိမ်စေချင်လို့ ပေးကိုင်ထားတာမျိုးတော့မဖြစ်စေချင်ဘူး။ ကလေးငယ်တွေရဲ့ အရည်အချင်းတွေထုတ်ဖော်ပေးနိုင်ဖို့က ခက်ခက်ခဲခဲကြီးလုပ်စရာမလိုပါဘူး။ နောက်မကျခင်မှာ ကိုယ့်ကလေးငယ်လေးတွေရဲ့ ရှိပြီးသားအရည်အချင်းလေးတွေကို ကူညီထုတ်ဖော်ပေးနိုင်ရမယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

This slideshow requires JavaScript.

ဒီဆောင်းပါးလေးက မိခင်တွေအတွက် စိတ်ကူးပုံဖော်ပြီး ဖန်တီးရတဲ့ကစားနည်းလေးတွေကို ဖော်ပြပေးမှာပါ။ ဒီလိုလက်တွေ့ကစားပေးတာက ကလေးတွေကို ဖန်သားပြင်တွေပေါ်ကနေလည်း ဝေးစေတာမို့ ကျန်းမာရေးအတွက်လည်း အကူအညီဖြစ်စေပါတယ်။ ကလေးတွေရဲ့စိတ်ကူးလေးတွေကို ပုံဖော်ပေးရုံသာမက သူတို့ကိုယ်တိုင် စဉ်းစားတွေးခေါ်လာမယ်၊ အရာဝတ္တုပစ္စည်းတွေကိုလည်း ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလာမယ်၊ သူတို့စိတ်ကူတွေကို အပြောနဲ့ဖြစ်စေ၊ အလုပ်နဲ့ဖြစ်စေ ဖော်ပြတတ်လာမယ်၊ ကိုယ်ရောစိတ်ပါ အားတက်သရောပါဝင်လာကြတာတွေကို တွေ့ရမှာပါ။ ကလေးတွေကိုယ်တိုင် အင်အားစိုက်ထုတ်တော့ ပိုပြီးလည်း ကျန်းမာသန်စွမ်းစေတဲ့အပြင် ဥာဏ်ရည်ဖွံ့ဖြိုးခြင်းကိုလည်း အကူအညီဖြစ်စေပါတယ်။

အောက်ဖော်ပြပါပုံလေးတွေကတော့ Javier Perez ၏ဖန်တီးမှုလေးတွေဖြစ်ပါတယ်။ အနုပညာလည်းမြောက်တယ်၊ ပျော်ဖို့လည်းကောင်းပါတယ်၊ ကလေးတွေကြိုက်မှာသေချာပါတယ်။

Javier Perez – Everyday Objects Arts
Javier Perez – Everyday Objects Arts

Javier Perez - Everyday Objects Arts
Javier Perez – Everyday Objects Arts

ကပ်ကြေးလေးတစ်ချောင်းနဲ့ ပုံကြမ်းလေးတွေ ဆွဲလိုက်မယ်ဆိုရင်လည်း အံ့သြစရာလေးတွေ ဖန်တီးနိုင်မှာပါ။ ကပ်ကြေးလေးတွေ၊ စာရွက်ဖြူလေးတွေ၊ ခဲတံနဲ့ ခဲဖျက်လေးတွေရှိရင် ရပါပြီ။ ကလေးတွေလည်း အတွေးသစ်အမြင်သစ်လေးတွေ ရစေမှာဖြစ်ပါတယ်။

Victor Nunes: Everyday Objects Art
Victor Nunes: Everyday Objects Art

Victor Nunes: Everyday Objects Art
Victor Nunes: Everyday Objects Art

ဒီလို အနုပညာလက်ရာလေးတွေ၊ အိမ်လေးတွေဆောက်ရတဲ့ ကစားနည်းလေးတွေ စတဲ့ ကစားနည်းလေးတွေက ကလေးတွေရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပေးနိုင်သလို သူတို့လေးတွေရဲ့အာရုံစူးစိုက်မှုတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ကလေးတွေကိုယ်တိုင်လည်း ကိုယ်ဖန်တီးလိုက်တဲ့ တစ်ခုခုအတွက်၊ ကိုယ်တိုင်လုပ်ခဲ့တာလေးတွေအတွက် ဂုဏ်ယူဝမ်းမြောက်ခြင်းတွေ ရရှိစေနိုင်ပါတယ်။
ကိုယ့်ကလေးက တစ်ယောက်တည်းဆော့တာဖြစ်ဖြစ်၊ သူငယ်ချင်းလေးတွေနဲ့ဆော့တာဖြစ်ဖြစ် မိခင်ဆီက အကူအညီကိုတော့ တခါတရံလိုအပ်ပါတယ်။ ကလေးကကိုယ့်ကို တူတူဆော့ဖို့တောင်းဆိုခဲ့ရင် ၀င်ပါပေးဖို့က အရေးကြီးပါတယ်။ ကလေးတွေကို စစချင်းတော့ ဆော့တတ်အောင် ကိုယ်ကအနည်းငယ်ကူညီပေးရပါတယ်။

ဒီလိုလေးတွေကစားခြင်းဖြင့် ကလေးတွေလည်း တစ်ချိန်လုံး တီဗွီရှေ့မှာပဲ အချိန်မကုန်တော့ဘူးလေ။

Javier Perez – Everyday Objects Arts
Javier Perez – Everyday Objects Arts

Javier Perez – Everyday Objects Arts
Javier Perez – Everyday Objects Arts

Javier Perez – Everyday Objects Arts
Javier Perez – Everyday Objects Arts

Javier Perez – Everyday Objects Arts
Javier Perez – Everyday Objects Arts

Victor Nunes: Everyday Objects Art
Victor Nunes: Everyday Objects Art

Victor Nunes: Everyday Objects Art
Victor Nunes: Everyday Objects Art

Victor Nunes: Everyday Objects Art
Victor Nunes: Everyday Objects Art

Victor Nunes: Everyday Objects Art
Victor Nunes: Everyday Objects Art

ဒီလောက်ဆို ဒီဆောင်းပါးလေးဖတ်ပြီး တစ်ခုခုတော့ သင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အတွေးသစ်အမြင်သစ်လေးတွေလည်း ရရှိနိုင်မှာပါ။ တကယ်လို့ စာဖတ်သူမိခင်တွေမှာ စိတ်ကူးအိုင်ဒီယာကောင်းလေးတွေရှိရင် အောက်ဖော်ပြပါ comment box လေးမှာ မျှဝေပေးစေလိုပါတယ်။ အကောင်းဆုံး ပုံသုံးခုကို ရွေးချယ်ပြီး ဆုချီးမြင့်ပေးမှာမို့လို့ အခွင့်အရေးကို အမိအရယူလိုက်ကြရအောင်။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။