ဟယ်ရီပေါ်တာဖန်တီးရှင်ဂျေကေရိုးလင်း(J.K Rowling) ရဲ့ အောင်မြင်မှုဒဿနလေးများ

blank

ဂျေကေရိုးလင်းဆိုတာ ကမ္ဘာနဲ့အဝှမ်းလူကြိုက်များခဲ့တဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေရဲ့ မူ ရင်းဖန်တီးရှင် စာရေးဆရာမဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုနဲ့ပတ်သက်တဲ့ ဒဿနလေးတွေကို ဂန္ထ ဝင်စာချစ်သူတို့အတွက် မျှဝေပေးလိုက်ပါတယ်။

၁။ ကျရှုံးမှုဆိုတာ ကိုယ့်ကိုယ်ကို ပြန်လည်ပြင်ဆင်ဖို့ ကူညီတဲ့အခွင့်အရေးပါ။       

၅ နှစ်အတွင်းမှာ အချမ်းသာဆုံးမီလျှံနာဘဝကို သူမရောက်ရှိနိုင်ခဲ့တယ်။

၂။ စိတ်ကူးတွေကို လက်တွေ့ကျကျအကောင်အထည်ဖော်ပါ။

သူမရဲ့ဟယ်ရီပေါ်တာစာအုပ်ဟာ စာပေသမိုင်းမှာ ရောင်းအကောင်းဆုံးစာအုပ်စီးရီးစ် ဖြစ်လာ ခဲ့တယ်။

၃။ ပြစ်တင်ဝေဖန်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပါ။

အမျိုးသမီးစာရေးဆရာတစ်ယောက်ရေးတဲ့စာအုပ်တစ်အုပ်ကို မဖတ်ချင်တဲ့ လူငယ်ယော က်ျားလေး စာဖတ်သူတွေကြောင့် သူမရဲ့ထုတ်ဝေသူက စာရေးရာမှာ သူမရဲ့နာမည်အပြည့်အစုံထက် အရှေ့ နာမည်နှစ်လုံးကိုသာ အသုံးပြုဖို့ တောင်းဆိုခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ စတင်ခဲ့တဲ့နေရာကို အမြဲသတိရပါ။

သူမစိတ်ကျရောဂါခံစားခဲ့ရချိန်အဖြစ်အပျက်တွေက ဟယ်ရီပေါ်တာဇာတ်လမ်းတွဲထဲက “ Dementors” ကို ဖန်တီးဖို့ တွန်းအားတွေရရှိခဲ့တယ်။

၅။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ။

သူမရဲ့ပထမဆုံးဟယ်ရီပေါ်တာလက်ရေးမူတွေက စာအုပ်ထုတ်ဝေရေးတိုက် ၁၂ ရဲ့ ငြင်းပယ် ခြင်းကို ခံခဲ့ရတယ်။ ဒါပေမဲ့ စာအုပ်တိုက်ငယ်လေးဖြစ်တဲ့ ဘလွန်းဘူရီ(Bloombury) က သူမကို အခွင့်အရေးပေးခဲ့တယ်။

၆။ လောကဓံတွေကို ရင်ဆိုင်ပါ။

ဟယ်ရီပေါ်တာရေးဖို့ စိတ်ကူးကို ၁၉၉ဝ ခုနှစ်မှာ သူမရရှိခဲ့တယ်။ ခုနှစ်နှစ်အကြာမှာ သူမ ရဲ့မိခင်ဆုံးတယ်။ သူမရဲ့ပထမခင်ပွန်းနဲ့ ကွာရှင်းခဲ့တယ်။ ပထမဆုံးစာအုပ်ထုတ်ပြီးချိန်အထိ သူမ ဆင်းရဲနေခဲ့သေးတယ်။

၇။ ဘဝရဲ့အောင်မြင်မှုတွေဆိုတာ တည်ဆောက်ယူရတဲ့အရာပါ။

သူမကို ပရိသတ်တွေက လွှမ်းမိုးမှုအရှိဆုံးစာရေးဆရာအဖြစ် သတ်မှတ်ထားကြပါပြီ။

၈။ ဇွဲလုံ့လဝီရိယရှိပါ။

ယနေ့မှာ သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရောင်းအားအကောင်းဆုံး စာရေးဆရာဖြစ်နေ ပါပြီ။

၉။ အိပ်မက်ဆိုတာ တကယ်ဖြစ်လာနိုင်တဲ့အရာပါ။

၂ဝ၁ဝခုနှစ်မှာ သူမဟာ မဂ္ဂဇင်းအယ်ဒီတာများရဲ့ ဗြိတိန်မှာ လွှမ်းမိုးနိုင်ဆုံးအမျိုးသမီးအဖြစ် ခေါ်ဝေါ်ခဲ့ကြပါတယ်။

၁ဝ။ ကိုယ့်မှာ ပိုကောင်းတာတွေဖန်တီးဖို့ စွမ်းအားရှိနေတာယုံကြည်ပါ။

ဟယ်ရီပေါ်တာဟာ ယခုအခါမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်တစ်ခုဖြစ်နေပါပြီ။

စိတ်ဓာတ်ခွန်အားလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။