သားသားမီးမီးတွေကို သင်ကြားထားပေးသင့်တဲ့စည်းကမ်းချက်လေးတွေ(၂)

blank
ထမင်းစားချိန် လိုက်နာသင့်တဲ့ စည်းကမ်းလေးများ

၁။ အစားအသောက်ပြင်ဆင်ပေးနေချိန်မှာ ငြိမ်ငြိမ်သက်သက်စောင့်ဆိုင်းတတ်အောင် သင်ပေးပါ။

၂။ ကစားနေတာ၊ စကားများနေတာတွေမပြုလုပ်အောင် သင်ပေးပါ။

၃။ လူကြီးတွေစကားပြောတဲ့အခါ ဖြတ်မပြောဘဲ နားထောင်တတ်အောင်သင်ပေးပါ။

၎။ ပန်းကန်တွေ၊ ဇွန်းတွေကို အသံမမြည်အောင် စားတတ်တဲ့အကျင့်ကို သင်ပေးပါ။

၅။ ထမင်းလုံးတွေမပေပွဘဲ လက်သုတ်ပဝါကို ကောင်းကောင်းအသုံးပြုတတ်အောင် သင်ပေးပါ။

၆။ အစာစားတဲ့အခါ အသံမမြည်ဘဲ စားတတ်အောင်သင်ပေးပါ။

၇။ စားပွဲမှမထခင် ခွင့်တောင်းတတ်အောင် သင်ပေးပါ။

၈။ စားသောက်ပြီးသား ပန်းကန်တွေကို ကိုယ်တိုင်ဆေးကြောတတ်တဲ့အကျင့် သင်ကြားပေးပါ။