လုပ်ငန်းအကြံဉာဏ်ကောင်းတွေ ထွက်ပေါ်လာနိုင်စေမယ့် နည်းလမ်းကောင်းလေးများ

၁။ အလုပ်ခန်းကို ပြန်လည်ပြင်ဆင်ပါ။

အလုပ်ခန်း (သို့) ဆိုင်ခန်းနေရာကို အရောင်ပြောင်းသုတ်တာတို့၊ အပြင်အဆင်လေးတွေကို ပြောင်းလဲတာတို့၊ ပရိဘောဂလေးတွေကို နေရာရွှေ့တာတို့ လုပ်ကြည့်ပါ။ အလုပ်အတွက် အကြံဉာဏ်သစ်တွေ တိုးပွားလာပြီး ဖောက်သည်သစ်တွေကို ပိုမိုဆွဲဆောင်နိုင်မှာပါ။

၂။ ပူးပေါင်းလုပ်ဆောင်ပါ။

တစ်ယောက်တည်းဆိုရင် အကြံတစ်ခုတည်းထွက်ပေမဲ့ အများနဲ့ဆိုရင်တော့ အကြံကောင်းတွေ အများကြီးရှိလာမှာပါ။ ဒါကြောင့် အများနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်နိုင်အောင် ရုံးခန်းကို အသွင်ပြောင်းလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အဖွဲ့ဝင်အသစ်တွေ ဖိတ်ခေါ်ပါ။

ထူးချွန်တဲ့သူ ၂ယောက်က လုပ်ငန်းအောင်မြင်မှုလမ်းကြောင်းပေါ်ကို ဦးတည်ပေးနိုင်တယ်ဆိုရင် ထူးချွန်တဲ့သူ ၃ယောက်က အောင်မြင်မှုကို ပိုပြီး အရယူပေးနိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ကွဲပြားတဲ့ အကြံဉာဏ်ကောင်းတွေအားလုံးကို ပေါင်းလိုက်ရင် ကမ္ဘာကြီးကိုတောင် ပြောင်းလဲပစ်နိုင်တယ်လို့ ယုံကြည်ထားလိုက်ပါ။

၎။ အလုပ်ကို လမ်းလျှောက်ပြီးသွားပါ။

အလုပ်ကို ကားနဲ့သွားတာက အချိန်ကုန်လူပမ်းသက်သာပါတယ်။ လမ်းလျှောက်သွားတာက အချိန်ပိုကုန်ပေမဲ့ တစ်လမ်းလုံးမှာ ကြုံသမျှ၊ တွေ့သမျှတွေကို အာရုံစိုက်နိုင်ပြီး အလုပ်အတွက် အတွေးအခေါ်သစ်တွေ စဉ်းစားဖို့ အခွင့်အရေးပိုရှိလာနိုင်ပါတယ်။

၅။ အမြင်ကျယ်ကျယ်ထားပြီး စဉ်းစားတွေးခေါ်ကြည့်ပါ။

လက်ရှိစီးပွားရေး အသိုင်းအဝိုင်းထဲတင်မဟုတ်ဘဲ ကမ္ဘာနဲ့ချီပြီးတော့ စဉ်းစားကြည့်ပါ။ ကိုယ်ရည်ရွယ်ထားတဲ့ ဖောက်သည်အမျိုးအစားတစ်ခုတည်းကို မဟုတ်ဘဲ နောက်ထပ် ဘယ်သူတွေကို ရောင်းချနိုင်မလဲ၊ ဝန်ဆောင်မှုပေးနိုင်မလဲဆိုတာကို အမြဲမပြတ်တွေးတောနေပါ။ လုပ်ငန်းအောင်မြင်တိုးတက်စေဖို့ နည်းလမ်းကောင်းတွေကို တွေ့ရှိလာပါလိမ့်မယ်။

ဂန္ထဝင်ပရိသတ်ကြီးလည်း လုပ်ငန်းခွင်ဆိုင်ရာ အကြံဉာဏ်လေးတွေကို လိုက်နာပြီး အောင်မြင်မှုသရဖူကို ဆွတ်ခူးနိုင်ကြပါစေရှင်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။