ခပ်တည်တည်နေတတ်တဲ့လူတွေမှာ ဒီလိုအကျင့်လေးတွေရှိပါတယ်။

blank

ကျွန်မတို့သူငယ်ချင်းအုပ်စုတွေထဲမှာ သိပ်ခင်ဖို့ကောင်းပေမယ့် ရုပ်တည်ကြီးနဲ့နေတတ်ပြီး ရယ်ခဲငိုခဲတဲ့ သူငယ်ချင်းတစ်ယောက်တော့ရှိတတ်ကြပါတယ်။ ဒီလိုသူတွေဟာ စိတ်ခံစားမှုများရှိရဲ့လားလို့ သံသယဖြစ်လောက်တဲ့အထိ ခံစားမှုတွေကိုထိန်းချုပ်တတ်တဲ့သူဖြစ်ပါတယ်။ အားလုံးက သူ့ကို “စက်ရုပ်” လို့နာမည်ပြောင်ထားလောက်အောင် တည်တည်တံ့တံ့နေတတ်ပေမယ့် သူငယ်ချင်းတွေရဲ့ အနွံတာကိုခံတတ်သူတွေပါ။ သင့်သူငယ်ချင်းအုပ်စုထဲမှာ အဲဒီလိုသူငယ်ချင်းတွေ ရှိနေတယ်ဆိုရင် သူ့ရဲ့အကျင့်လေးတွေနဲ့ အောက်ပါအချက်လေးတွေက ကိုက်ညီရဲ့လားဆိုတာကို ဖတ်ကြည့်လိုက်ကြအောင်ပါနော်။

၁။ သူဟာငိုခဲပါတယ်။

အားလုံးကမျက်ရည်ဖြိုင်ဖြိုင်ကျနေတဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်ကားတွေကြည့်တဲ့ အခါမှာ သူငယ်ချင်းတွေငိုနေတာကို ကြည့်ရင်းသူကတော့ အံ့သြနေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ သူဟာသူငယ်ချင်းတွေကြားမှာ သုခမိန်လေးပါ။

သူ့ရဲ့သမာသမတ်ကျမှုကို ယုံကြည်တဲ့အတွက် ကိစ္စတစ်ခုခုကို အမှန်အတိုင်းသိချင်တဲ့ အခါတိုင်း သူ့ဆီကိုပြေးသွားတတ်ပါတယ်။

၃။ သွေးအေးလွန်းသူလို့ ထင်ရတတ်ပါတယ်။

အားလုံးအတွက် ရေးကြီးသုတ်ပျာဖြစ်နေတဲ့ကိစ္စတွေကို သူကတော့ မတုန်မလှုပ်ဖြစ်နေ တတ်ပါတယ်။ အဲ့ဒါကြောင့်လည်းသူငယ်ချင်းတွေက သူ့ကိုအားမလိုအားမရဖြစ်နေတတ်ပါတယ်။

၎။ သူတို့ရဲ့ မျက်ရည်တွေက ဒေါသအဖြစ်ပြောင်းသွားတတ်ပါတယ်။

သူဟာဝမ်းနည်းစရာ ကိစ္စတွေကိုတောင် မျက်ရည်မကျဘဲ ဒေါသထွက်နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ သိပ်ကိုကြေကွဲစရာတွေကြုံတွေ့နေရရင်တောင် ဝမ်းနည်းရမယ့်အစား သင်မထိန်း ချုပ်နိုင်တဲ့ အခြေအနေတွေကို ဒေါသထွက်နေတတ်ပါတယ်။

၅။ သူတို့ရှေ့မှာဆို ခံစားချက်တွေကို ဝေမျှဖို့တွန့်ဆုတ်နေတတ်ကြပါတယ်။

သူငယ်ချင်းတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုတွေကို နားလည်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အတွေးနဲ့ သူတို့ကိုရင်ဖွင့်ဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။

ကဲ…. သင့်သူငယ်ချင်းတွေထဲက ရုပ်တည်ကြီးနဲ့ နေတတ်တဲ့သူကို mention ခေါ်လိုက်ပါဦး။