ဘဝမှာ အရေးပါတဲ့သူတွေက ပြစ်ပယ်လိုက်လို့ စိတ်ညစ်နေလား အပိုင်း (၁)

blank

ဘဝမှာ ကိုယ်ချစ်မြတ်နိုးရသူ၊ ကိုယ့်ဘဝအတွက် အရေးအပါဆုံး လူသားတွေရဲ့ ငြင်းပယ်ခြင်းခံရတာဟာ သိပ်ကိုကြေကွဲဝမ်းနည်းဖို့ ကောင်းလှပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ဘဝကို နိမ့်ကျလို့ဆိုပြီး ဝမ်းနည်းအားငယ်နေမှာထက် သူတို့နဲ့ ကိုယ်နဲ့ မထိုက်တန်သေးလို့ဆိုတာလေး နှလုံးသွင်းပြီး ခါးသီးမှုတွေကို အကောင်းဆုံး ဖြတ်ကျော်လိုက်ပါ။ ပတ်သက်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ကိုယ်အကောင်းဆုံး ဆက်ဆံခဲ့တာမို့ ဝမ်းနည်းနေဖို့ မလိုပါဘူး။

ဒီလို ခါးသီးလှတဲ့ အဖြစ်အပျက်တွေကို ထိုင်ပြီးစိတ်ပျက်နေမယ့်အစား ကိုယ့်ရှေ့ဆက်ရမယ့်  ဘဝခရီးလမ်းအတွက် အားယူလိုက်ပါ။ သင့်မှာ နောက်ထပ် ဖွင့်ရမယ့် စာမျက်နှာတွေ၊ လှပတဲ့ အနာဂတ်တွေ အများကြီးရှိနေပါသေးတယ်။

အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ ဘဝမှာ ခါးသီးနာကျည်းဖွယ်ရာ အချိန်တွေ ကြုံနေခိုက်မှာ နှလုံးသွင်းရမယ့် အချက်လေးတွေပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ တစ်ချိန်က ကိုယ်လေးစားတန်ဖိုးထား ခင်တွယ်ခဲ့ရတဲ့ သူတစ်ယောက်က ကိုယ့်ကို ခါးခါးသီးသီး ဆက်ဆံလာနိုင်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ပျက်အားငယ်မနေပါနဲ့။ ခေါင်းကိုက်ရုံ၊ ခဏတာနှလုံးသား နာကျင်ရရုံကလွဲလို့ သူတို့ ဘာများတက်နိုင်မှာမို့လဲ။ ဒီလိုနာကျင်စေဖို့ကလည်း ကိုယ်ခွင့်ပြုမှပါ။

၂။ ဘဝမှာ ကျေနပ်ဖို့အကောင်းဆုံးနဲ့ အရေးအကြီးဆုံး အခိုက်အတန့်ကတော့ ကိုယ်ထိန်းချုပ်လို့်မရနိုင်တဲ့ အရာတွေကို အပြီးသတ် စွန့်လွှတ်ဖို့ သတ္တိတွေ ပြည့်ဝနေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ (ဥပမာ-ကိုယ့်အပေါ်ထားတဲ့ လူတစ်ယောက်ရဲ့ သဘောထား၊ ပြုမူဆက်ဆံပုံတွေပေါ့)

၃။ ညအခါမှာ သင်တစ်ယောက်ထဲ ဝမ်းနည်းပူဆွေးနေတာတွေနဲ့၊ နာကျင်ကြေကွဲ မှုတွေကို ဖြေဖျောက်ပေးဖို့ ဘုရားသခင်ထံမှာ သင့်အတွက် အကောင်းဆုံး အစီအစဉ်တွေ ရှိနေတယ်ဆိုတာ ယုံကြည်လိုက်ပါ။

၎။ တစ်ခါတစ်လေ ဘဝမှာ လဲကျသွားတဲ့နေရာကနေ ပြန်ထလိုက်တဲ့အခါ မူလရှိရင်းစွဲထက်တောင် ပိုမြင့်မားလာတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အားတင်းရုန်းထဖို့ မမေ့ပါနဲ့။

၅။ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ကမ္ဘာပျက်မတတ် ခံစားကောင်း ခံစားရပါလိမ့်မယ်။ အစမှာ ဒီလိုခံစားရတာ သဘာဝကျပါတယ်။ သို့ပေမယ့် ဒါဟာ ဘဝရဲ့ အဆုံးသတ် မဟုတ်သေးပါဘူး ။ ဘဝမှာ ဒီထက် အရေးကြီးတာတွေ အများကြီး ရှိနေပါသေးတယ်။

၆။ တစ်ခါတစ်လေ ကိုယ်ဘယ်လောက်ပေးဆပ်ပေးဆပ် နားမလည်တဲ့သူမျိုးတွေ၊ အလေးမထားတတ်တဲ့ သူမျိုးတွေရှိတတ်ပါတယ်။ ပေးဆပ်ခြင်းဆိုတာ လူတကာနဲ့ ထိုက်တန်တဲ့ အရာ မဟုတ်ဘူးတိုတာ အမြဲ သတိရပါ။ သင့်ကို အပြုံးတွေဖန်တီးပေးမယ့်၊ သင့်ကိုအမြဲ အလေးအနက်ထားတတ်ပြီး ထာဝရလက်တွဲသွားချင်တဲ့ သူမျိုး နဲ့ သင်ထိုက်တန်ပါတယ်။

၇။ နာကျင်ကြေကွဲစရာတွေ ကြုံလာတိုင်း ဘဝကို စိတ်ပျက်အားငယ်နေမယ်ဆို ရှင်သန်ချိန်တောင် ရှိမှာမဟုတ်ပါဘူး။

၈။ ကိုယ့်စိတ်ငြိမ်းချမ်းဖို့ဆိုတာ ကိုယ့်ခံယူချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်စိတ်ခံစားမှုတွေကို အခြားသူတစ်ယောက်ကို ပိုင်စိုးခွင့်ပေးလိုက်တာမျိုးက သိပ်ကို အန္တရာယ်များလွန်း လှပါတယ်။

၉။ ဘေးပတ်ဝန်းကျင်က ဝေဖန်အပုပ်ချတဲ့ အသံတွေကြောင့် အရမ်း စိတ်အနှောင့်အယှက် ဖြစ်မခံပါနဲ့။ သူတို့အတွေးတွေ၊ စကားသံတွေက သူတို့စိတ်တွေကို ဖော်ပြနေတာပါ။ သင့်ကို ထိခိုက်ဖို့မစွမ်းဆောင်နိုင်ပါဘူး။

၁၀။ အောင်မြင်မှုကို ရေရှည်ဆုပ်ကိုင်ထားသူတွေဟာ သူတို့ဖြတ်သန်းလာတဲ့ လမ်းတလျှောက် သူတို့ကို တိုက်ခိုက်ပစ်ပေါက်လာတဲ့ အုတ်ခဲတွေနဲ့ ခိုင်မာတဲ့ အဆောက်အအုံတွေ တည်ဆောက် ပစ်ခဲ့ကြတာပါ။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။