ချစ်သူဟောင်းရဲ့ အမှတ်တရပစ္စည်းတွေ ဖျောက်ဖျက်ရ ခက်နေပါသလား။

blank

စာဖတ်ပရိသတ်တို့ရေ… ချစ်သူနဲ့ ပြတ်စဲစမှာ သူနဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေကြောင့် အနှောင့်အယှက်ဖြစ်ရတာ၊ သတိမရချင်တဲ့ အတိတ်တွေ သတိရနေတာမျိုးတွေ ဖြစ်နေပါသလား။ ဒီလိုဒုက္ခတွေက ကင်းဝေးချင်တယ်ဆိုရင်တော့ ဒီ www.neverlikeditanyway.com ဆိုတဲ့ Website လေးကတစ်ဆင့် သင့်မေ့ဖျောက်ပစ်ချင်တဲ့ ပစ္စည်းတွေကို ရောင်းချလို့ ရပါတယ်။

ဒီဆိုက်ပေါ်တင်ပြီး ရောင်းလိုက်တဲ့ လက်စွပ်တစ်ကွင်းဆို ဒေါ်လာ ၁၈၅ဝဝ ထိ ရခဲ့ပါတယ်။ တစ်ယောက်ယောက်နဲ့ လမ်းခွဲပြီးစမှာ တစ်ဖက်လူကို မေ့ပစ်ဖို့ အမှတ်တရပစ္စည်းတွေကို ဖျက်စီးပစ်ဖို့ကြိုးစားနေမယ့်အစား ဒီဆိုက်လေးကနေ နှစ်ဦးကြားက အမှတ်တရပစ္စည်းတွေကို ရောင်းချလိုက်ပါ။ စိတ်ပေါ့သွားတဲ့အပြင် နေရင်းထိုင်ရင်း ဝင်ငွေလေးတောင် ရလိုက်အုံးမယ်။ ဒီလိုဆိုက်လေး မြန်မာနိုင်ငံမှာလည်း မကြာခင် အသုံးပြုလာနိုင်ဖို့ မျှော်လင့်မိပါတယ်။ အသုံးဝင်မှာ သေချာသလောက်ပါပဲ။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။