ချစ်စိတ်ကူးအိမ်ကလေးကို တစ်စစီဖြိုခွဲပစ်နိုင်တဲ့ အချက်လေးများ

0
568

ပရိသတ်ကြီးရေ…

အချစ်က နူးညံ့သိမ်မွေ့တဲ့အရာတစ်ခုလို့ဆိုရင် လက်ထပ်ခြင်းကတော့ သိပ်ကို လျှို့ဝှက်နက် နဲတဲ့အရာလို့ ဖော်ညွှန်းရမှာပါ။ ပြီးတော့ တကယ်ချစ်ကြတဲ့ ချစ်သူစုံတွဲတို့ရဲ့ မျှော်မှန်းရာ အခမ်းနား ဆုံးပန်းတိုင်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့အချစ်ရေးတွေက တစ်ယောက်နဲ့တစ်ယောက် တကယ် ချစ်ကြပါရက်နဲ့ လက်မထပ်ခင် ဘာကြောင့် လမ်းခွဲသွားကြတာလဲ။ ချစ်သူတို့ရဲ့ပန်းတိုင်မရောက်ခင် လမ်းတစ်ဝက်မှာ ဘာကြောင့် အချစ်စိတ်ကူးအိမ်လေးပြိုကွဲသွားကြတာလဲ။ ဒါဟာ လက်ထပ်ခြင်းကို ပြိုကွဲစေနိုင်တဲ့အပြုအမူတွေကြောင့် ဖြစ်ပါတယ်။

အဲ့ဒီအပြုအမူလေးတွေကတော့….

၁။ လက်တွဲဖော်ရဲ့ ဘေးကင်းလုံခြုံမှုကို အလေးမထားတာ

၂။ အရေးကြီးတဲ့ကိစ္စသေးသေးလေးတွေကို လျှော့တွက်တာ

၃။ လက်တွဲဖော်အပေါ် အမျက်ဒေါသထွက်လွယ်၊ အပြစ်တင်လွယ်တာ

၎။ ကိုယ်လုပ်သမျှတိုင်းအပေါ် တာဝန်မယူဘဲ ခေါင်းရှောင်တတ်တာ

၅။ လက်တွဲဖော်ထက် တခြားသူကို ပိုဦးစားပေးတာ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ လက်ထပ်ဖို့ ပြင်ဆင်မှုမရှိတာ

၇။ ယုယကြင်နာမှုမရှိတာ

၈။ လက်တွဲဖော်ဘက်က ခံစားချက်ကို နားလည်ပေးဖို့ မကြိုးစားတာ

၉။ အမှားပြုပြီးရင် ဘယ်တော့မှ ပြန်မတောင်းပန်တတ်တာ တွေကြောင့်ပါပဲ။

တကယ်လို့ သင်တကယ်လက်တွဲဖို့ရည်ရွယ်ထားတဲ့ချစ်သူအပေါ် အထက်ပါအချက်လေးတွေ ထဲက တစ်ခုခုကို မရည်ရွယ်ဘဲ ပြုမူမိနေတယ်ဆိုရင်၊ ဒါမှမဟုတ် သင့်ချစ်သူက သင့်အပေါ်မှာ ပြုလုပ် မိနေတယ်ဆိုရင် နှစ်ဦးနှစ်ဖက်အချိန်မီ သတိထားပြင်ဆင်သင့်ပါတယ်။ တကယ်ချစ်လျက်နဲ့ ဝေးရ မယ်ဆိုရင် ရင်နာစရာကောင်းလှပါတယ်။ ချစ်သူတွေအားလုံး အပြန်အလှန်နားလည်ကြင်နာမှုတွေနဲ့ ချစ်စိတ်ကူးအိမ်ကလေးတွေကို ပျော်ရွှင်စွာ တည်ဆောက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်ရှင်။ ဆောင်းပါးလေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။