ပိုပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အပိုင်း -၂

0
715

ပိုပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အပိုင်း- ၁ လေးကို ယခင်အပတ်ကမှ တင်ဆက်ခဲ့ပါတယ်။ အခုတော့ ဒီအဆက်တွဲလေး အပိုင်း-၂ ကို ဂန္တဝင် စာဖတ်ပရိသတ်တို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ပုံမှန်တွေ့နေကြ သူငယ်ချင်း ၄ ယောက်လောက် အနည်းဆုံး ရှိပါစေ။

၂။  အနာဂတ်အတွက် အစီအစဉ်ဆွဲထားပါ။

၃။ ပိုင်ဆိုင်မှုတွေကို စနစ်တကျ ထိန်းသိမ်းထားပါ။

၎။  ကိုယ်အလေးချိန် မတက်အောင် ထိန်းပါ။

၅။ မနာလို၊ ဝန်တိုတတ်တဲ့ စိတ်တွေကို ထိန်းချုပ်ပါ။

၆။ ကိုယ့်ဆီမှာ ရှိနေတဲ့အရာတွေနဲ့ ရောင့်ရဲတတ်ပါ။

၇။ ရေတို၊ ရေရှည်၊ ဘဝတစ်သက်စာ စီမံကိန်းတွေ ထားရှိပါ။

၈။ သီချင်းကောင်းတွေကို နားထောင်ပါ။

၉။ တီဗွီကြည့်ချိန် လျှော့ချပါ။

၁၀။ ဝါသနာတစ်ခုကို ပျိုးထောင်ပါ။

၁၁။ ကိုယ်ပိုင်စီးပွားရေးကို အာရုံစူးစိုက်ပါ။

၁၂။ တစ်နေ့ကို ၈နာရီ အိပ်ပါ။

၁၃။ ကြီးသူကို ရိုသေပါ။

၁၄။ မနက်ကို စောစောထပါ။

၁၅။ များများ ပြုံး၊ များများရယ်ပါ။

၁၆။ ချစ်တဲ့သူတွေကို ချစ်တဲ့ အကြောင်းတွေ မကြာမကြာပြောပြပါ။

၁၇။ ဆန့်ကျင်ဘက်ပြောတဲ့သူ၊ မကောင်းပြောတဲ့သူတွေကို ရှောင်ကြဉ်ပါ။

၁၈။ ရေများများသောက်ပါ။

၁၉။ အချိန်ကို တန်ဖိုးထားပါ။

၂၀။ စိတ်ကို ပြုပြင်ပါ။