ဒေါက်မြင့်ဖိနပ်လေးတွေကို သက်တောင့်သက်သာ စီးနိုင်စေရန် နည်းလမ်းကောင်းများ

0
1363

ခြေထောက်ကို မထိခိုက်စေဘဲ ဒေါက်ဖိနပ်အမြင့်လေးနဲ့ လမ်းလျှောက်ချင်ပါသလား။ အောက်ဖော်ပြပါ နည်းလမ်းလေးတွေက ခြေထောက်တွေကို ထိခိုက်နာကျင်ခြင်း မရှိစေဘဲ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ပွဲမတက်ခင် တစ်ညအလိုမှာ ခြေထောက်ကို ဆားငံရေနွေးလေးနဲ့ စိမ်ပေးပါ။ ပြီးရင် အရေပြားပေါ်က ခြောက်သွေ့နေတဲ့ဆဲလ်သေတွေကို ဖယ်ရှားပြီး အစိုဓာတ်ထိန်းပေးတဲ့ moisturizer လေးနဲ့ နှိပ်နယ်ပေးပါ။

၂။ခြေသည်းလေးတွေကို တိုတိုလေးညှပ်ထားပါ။ ဒါမှဒေါက်ဖိနပ် ထိပ်ချွန်လေးတွေစီးရင် ခြေသည်းလေးတွေက အသားကို ထိုးမနေမှာဖြစ်ပါတယ်။

၃။ခေါက်ပြီးပိုက်ဆံအိတ်ထဲ ထည့်ယူသွားလို့ရတဲ့ ဖိနပ်ပါးအပျော့လေး (Fold-up Shoes) လေးတွေကို ပွဲပြီးလို့ အိမ်အပြန်လမ်းမှာ စီးရအောင် ယူသွားပါ။

၎။အိမ်ပြန်ရောက်တဲ့အခါ ခြေထောက်ကို ဆားငံရေထဲမျာ (၁၀)မိနစ်လောက်ကြာအောင် စိမ်ခြင်းအားဖြင့် ယောင်ယမ်းခြင်းတွေကို သက်သာစေပါတယ်။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊