မနက်ခင်းမှာ ပျော်ရွှင်စွာ နိုးထနိုင်ဖို့ နည်းလမ်းကောင်းများ

0
3918

၁။       အိပ်ချိန်အပြောင်းအလဲ မလုပ်ပါနဲ့။

ခန္ဓာကိုယ်က နာရီလိုပဲ ပုံမှန်လည်ပတ်နေတာပါ။ အိပ်ချိန်ပြောင်းလဲခြင်းက ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် အိပ်ယာဝင်ချိန်နဲ့ အိပ်ယာထချိန်ကို နေ့စဉ် အချိန်မှန်သတ်မှတ်ပေးပါ။

၂။       နေ့သစ်မှာ ပြုံးပေးပါ။

မနက်အိပ်ယာထတာနဲ့ ပထမဆုံးပြုလုပ်တဲ့အရာက အပြုံးလေးတစ်ပွင့် ပန်ဆင်လိုက်တာပဲ ဖြစ်ပါစေ။ ဒီအပြုံးလေးက တစ်နေ့လုံး ပျော်ရွှင်ပြီး ကောင်းတဲ့ခံစားချက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။       မျက်နှာကို နှိပ်နယ်ပေးပါ။

မျက်နှာလေးကို နှိပ်နယ်ပေးလိုက်တာက သွေးလည်ပတ်ခြင်း ကောင်းစေတဲ့အပြင် အိပ်ယာထဖို့လည်း လုံးဝသေချာသွားစေပါတယ်။ နဖူးကနေစပြီး ပါးပြင်ကိုဆင်းသွားပါ။ လက်ချောင်းထိပ်လေးတွေနဲ့ မျက်နှာတစ်ခုလုံး နှံ့စပ်သွားအောင် ညင်ညင်သာသာ ဖိနှပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက မျက်နှာလေးကို ကျန်းမာစွာ ဝင်းပနေအောင် ပြုလုပ်ပေးနိုင်ပါသေးတယ်။

၎။       နေရောင်ခြည်နဲ့ ထိတွေ့လိုက်ပါ။

နေရောင်ခြည်လေး ဖြာနေခြင်းကလည်း လူကိုပိုပြီး နိုးကြားစေပါတယ်။ ဒါကြောင့် မိနစ်အနည်းငယ်လောက် အပြင်ထွက်ပေးပါ။ နေ့အလင်းရောင်က အိပ်စက်ခြင်းကို အားပေးတဲ့ ဟော်မုန်းဖြစ်တဲ့ မလယ်တိုနင်(melatonin) ထုတ်ပေးခြင်းကို ရပ်တန့်စေဖို့ အချက်ပေးပါတယ်။ ဒါ့အပြင် ခံစားသက်ဝင်မှုအားကောင်းစေတဲ့ စီရိုတိုနင်(serotonin) ကိုလည်းတိုးမြင့်စေပါတယ်။

၅။       ရေတစ်ခွက် ဝဝသောက်လိုက်ပါ။

တစ်ညလုံး ဆုံးရှုံးခဲ့ရတဲ့ ရေဓာတ်ကို ပြန်ဖြည့်ပေးဖို့ သိပ်ကောင်းတဲ့နည်းလမ်းလေးပါ။ ရေသာမရှိရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ လည်ပတ်ရာမှာ အားပိုစိုက်ထုတ်ရလို့ အားနည်းစေပါတယ်။ သိုလှောင်ထားတဲ့ ရေပမာဏ (၂)ရာခိုင်နှုန်းလျော့နည်းသွားရင်တောင် စိတ်နဲ့ခန္ဓာကို ပင်ပန်းစေမှာဖြစ်ပါတယ်။

၆။       ပန်းတိုင်တွေချမှတ်ပြီးရင် ပန်းတိုင်သေးသေးတွေ ချမှတ်ပါ။

ဘဝကိုပြောင်းလဲစေနိုင်တဲ့ ပန်းတိုင်တွေက မနက်တိုင်း ကိုယ့်ကိုလက်တွေ့လုပ်ဖို့ အင်အားတွေပေးပါတယ်။ ဒါပေမယ့် ဒီပန်းတိုင်ကြီးတွေဆီသွားနေတဲ့လမ်းမှာ ရယူရမယ့် ပန်းတိုင်သေးသေးတွေ အများကြီးရှိပါတယ်။ ဒီလို လှေကားထစ်နဲ့တူတဲ့ ပန်းတိုင်သေးသေးလေးတွေ အရယူနိုင်တာကို စဉ်းစားပြီး နောက်ဆုံးပန်းတိုင်ကြီးကို နီးကပ်လာပြီဆိုတဲ့ အသိလေးက ကိုယ့်ကိုပိုပြီး စိတ်အားထက်သန်စေပါတယ်။

၇။       လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နေ့တစ်နေ့ကို စတင်ပါ။

နေ့တစ်နေ့ကို အားသစ်တွေနဲ့ စတင်ချင်တယ်ဆိုရင် နည်းလမ်းကောင်းလေးတစ်ခုက လေ့ကျင်ခန်းကို ပျော်ပျော်ရွှင်ရွှင်လုပ်ခြင်းပါပဲ။ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေက အားအင်ချိနဲ့ခြင်းတွေကို နည်းပါးစေပါတယ်။ လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်အတွက် အင်ဒေါ်ဖင်း(endorphins) ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းက ပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ခံစားချက်အလွန်ကောင်းစေပါတယ်။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။