ညဘက်ဆိုရင် သင့်ခြေထောက်တွေဘာကြောင့် ကြွက်တက်တာလဲ။ အဲ့ဒါကို ဘယ်လိုရပ်တန့်မလဲ။

0
1448

ကြွက်တက်ခြင်းဆိုတာ ကြုံဖူးသူတိုင်း ဆိုးဝါးတဲ့ဝေဒနာဆိုတာ သိကြပါတယ်။ အထူးသဖြင့် ညဘက်ကြွက်တက်ခြင်းက အိပ်ရေးလည်းပျက်စေပါတယ်။ ရေကူးနေရင်း ကြွက်တက်တာကြောင့် လူ တချို့ ရေနစ်သေဆုံးကြရတဲ့သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် အလေးထားသင့်တဲ့ ဝေဒ နာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကြွက်တက်ရောဂါအကြောင်း သိကောင်းစရာလေးတွေကို ဂန္ထ ဝင်စာချစ်သူများအတွက် ရေးသားတင်ဆက်လိုက်ပါတယ်နော်။

၁။ ကြွက်တက်ရခြင်းအကြောင်းရင်းများ။

  • ကွန်ကရစ်ကြမ်းပေါ်မတ်တပ်ရပ်ခြင်း(သို့) အလုပ်လုပ်ခြင်း။
  • နေရာထိုင်ခင်းသက်တောင့်သက်သာမရှိခြင်း။
  • အချိန်ကြာမြင့်စွာထိုင်ခြင်း။
  • ခြေထောက်ကြွက်သားတွေကို အလွန်အားစိုက်ခြင်း။

          ဒါ့အပြင် ညဘက်မှာခြေထောက်ကြွက်တက်ရတာကလည်း ဆေးပညာဆိုင်ရာအရ…

  • ကြွက်သားအာရုံကြောပြဿနာရှိခြင်း
  • ခြေဖဝါးတည်ဆောက်မှုအာရုံကြောပြဿနာရှိခြင်း
  • ဆီးချိုရောဂါရှိခြင်း
  • ကိုယ်ဝန်ဆောင်ခြင်း
  • အရက်သောက်ခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • အာရုံကြောစနစ်ဆိုင်ရာပြဿနာရှိခြင်း

စတဲ့အကြောင်းတရားများကြောင့်ဖြစ်ပါတယ်။   ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ ကြွက်တက်ခြင်းကို ကာကွယ်ကုသနည်းလေးများ။

  • ရေများများသောက်ပါ။
  • ခြေထောက်ဆန့်တန်းတဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။
  • ကြွက်သားတွေသန်မာစေဖို့ ရေထဲမှာ ခြေထောက်လေ့ကျင့်ခန်းလုပ်ပေးပါ။
  • ဖိနပ်အပါးလေးတွေပဲ စီးပါ။
  • မအိပ်ခင်မှာ ခြေထောက်ကို ရေနွေးနွေးနဲ့သန့်စင်ဆေးကြောပြီး သက်တောင့်သက်သာနေပါ။
  • ကြွက်တက်တဲ့နေရာကို နွေးနွေးထွေးထွေးထားပါ။
  • ခြေထောက်ကြွက်သားတွေတင်းမာနေတာကို လျှော့ချဖို့ အပ်စိုက်ကုထုံးကို အသုံးပြုပါ။

၃။ ကြွက်တက်တဲ့အခါ ပြုလုပ်ပေးသင့်တဲ့နည်းလမ်းများ။

  • ကြွက်တက်နေတဧရိယာတဝိုက်ကို ဖြည်းဖြည်းနှိပ်ပေးပါ။
  • ခြုံစောင်နဲ့အိပ်ရာခင်းတွေကို ခြေထောက်ကြွက်သားအတွက် တင်းကြပ်မှုမရှိစေအောင်ထားပါ။
  • အဝါရောင်မုန်ညင်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်း လိမ်းပေးပါ။
  • ကြမ်းပေါ်ထိုင်တဲ့အခါ ခြေထောက်နှစ်ဖက်လုံးကို အရှေ့ကိုဆန့်ထုတ်ထားပြီး ခြေချောင်းများ ကို တတ်နိုင်သလောက် အပေါ်ဘက်ကွေးလိုက်ပါ။
  • ဖြည်းဖြည်းထရပ်ပြီး ညင်ညင်သာသာလမ်းလျှောက်ပါ။

ဂန္ထဝင်စာချစ်သူများအားလုံးလည်း ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ ဒီစာစောင် လေးကို ပြန်လည်မျှဝေဖို့ SHARE လိုက်ပါဦးနော်။

Leave a Reply