ပျော်ရွှင်ဆင်နွှဲ အတာရေသဘင်ပွဲ

0
2800

သင်္ကြန်ပွဲတော် (အတာရေသဘင်ပွဲတော်)ကို ရှေးအရင်ကတည်းကရင် အခုချိန်အထိ မြန်မာနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ပါတယ်။ ကျွန်မတို့တစ်နှစ်တာရဲ့ (၃၆၅)ရက်မှာ ဒီပွဲတော်ကျင်းပတဲ့ (၄)ရက်က ကျွန်မတို့အတွက် အလွန်အရေးပါဆဲပါပဲ။ ဧပြီလလယ်မှာ ရောက်ရှိလာမယ့် ပျော်စရာအကောင်းဆုံး နှစ်သစ်ကူးပွဲတော်လေးပါ။ သင်္ကြန်ရက်များက ကျောင်းပိတ်ရက်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အပြင် တစ်နိုင်ငံလုံးအတွက် အစိုးရုံးပိတ်ရက်လည်းဖြစ်တယ်။

ပွဲတော်ဒုတိယနေ့မှသာ အုံအုံကြင်ကြင်း ကျင်းပတာဖြစ်ပါတယ်။ အစဉ်အလာအရ ပထမနေ့မှာတော့ ဗုဒ္ဓဘာသာဝင်များက ဥပုသ်သီလခံယူခြင်း၊ ဘုန်းကြီးကျောင်းများတွင် ဆွမ်းကပ်ခြင်း စသည့်ဘာသာရေးလှုပ်ရှားမှုများဖြင့် ကုသိုလ်ယူကြတယ်။ ညရောက်မှ ဂီတများ၊သီချင်းများ၊ပျော်ပွဲရွှင်ပွဲများဖြင့် အတာရေသဘင်ပွဲကို ပျော်ရွှင်စွာ မျှော်လင့်စောင့်စားကြတာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒုတိယနေ့ကစပြီး သန့်စင်ခြင်းပြုလုပ်သည့်သဘောနှင့် တစ်ယောက်နဲ့တစ်ယောက် ရေပတ်ခြင်း၊ရေလောင်းခြင်းများ လုပ်ကြတယ်။ ရေပတ်တဲ့အခါ အိုး၊ခွက်၊ပိုက် စတာတွေအကုန်လုံးနဲ့ ပတ်နိုင်တယ်။ အဓိကရည်ရွယ်ချက်ကတော့ ပျော်ရွှင်ကြည်နူးဖို့ စေတနာနှင့် အချင်းချင်းရေမွှေး ပတ်ဖြန်းခြင်းသာဖြစ်တယ်။ နေရာတိုင်းလိုလိုမှာ သင်္ကြန်မဏ္ဍာပ်များဆောက်လုပ်ထားကြပြီး လှပစွာအလှဆင်ထားကြတယ်။ မဏ္ဍာပ်တွေကိုလည်း နာမည်တွေပါပေးထားကြတယ်။

ဒေသခံမိန်းမပျိုလေးများက ရောင်စုံဝတ်စုံတွေ ဆင်တူဝတ်၊ ပန်းတွေကိုဆင်မြန်း၊ ဂန္တဝင်မြောက်စွာ ဗမာဆန်ဆန် ဖော်ပြကြသောဓလေ့မှာ နှစ်ပေါင်းများစွာ ကတည်းကဖြစ်တယ်။ မိတ်ကပ်အစား နေပူဒဏ်မှကာကွယ်းပေးပြီး အသားကိုပါအေးစေသည့် သနပ်ခါးအခေါက်မှရတဲ့ (သနပ်ခါး) ကို အဓိကထားလိမ်းခြယ်ကြပါတယ်။ သင်္ကြန်ပွဲတော်၏ အနှစ်သာရတစ်ခုဖြစ်သော အဝါရောင်ပိတောက်ပန်းလေးများကို မိန်းကလေးများက လှပစွာပန်ဆင်ထားကြပုံမှာ အလွန်ရှုမောဖွယ်ကောင်းပါတယ်။ ပိတောက်ပန်းက သင်္ကြန်ပွဲတော်အတွင်းမှာ ပွင့်တဲ့ပန်းဖြစ်တယ်။

ရိုးရာဘာသာအရကျင်းပသော ပွဲတော်တစ်ခုဖြစ်သည့်အပြင် ကျွန်မတို့ဗမာလူမျိုးတွေ ဘယ်လောက် ပျော်ရွှင်တတ်လဲဆိုတာကို ဖော်ပြပေးနေပါတယ်။ ကျွန်မအတွေ့အကြုံအရ မြန်မာပြည်ရဲ့ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊မန္တလေးမှ လူတွေဆင်နွှဲပုံကို ကြိုက်တယ်။ လူစုဝေးမှုကိုပိတ်ပင်ထားတဲ့ နိုင်ငံဖြစ်တာတောင်မှ အစိုးရက သင်္ကြန်မှာဆိုရင် ပိတ်ပင်မှုတွေကို လျှော့ချပေးတယ်။ ပွဲတော်ကနိုင်ငံကို လုံးဝမတူညီတဲ့ ပတ်ဝန်းကျင်အခြေအနေသို့ ပြောင်းလဲပြစ်လိုက်တယ်။ ရန်ကုန်ဖြစ်ဖြစ်၊ မန္တလေးမှာဖြစ်ဖြစ် လမ်းမပေါ်မှာ အော်ဟစ်ကခုန် စိုရွှဲနေသောလူတွေတင်ထားတဲ့ အမိုးဖွင့်ကားတွေနဲ့ ပြည့်နေတာပေါ့။ ကိုယ်တိုင်လည်း ရေပိုက်ကိုင်ပြီး ဖြတ်သွားတဲ့လူမှန်သမျှ ရေပတ်ကစားတာ ပျော်စရာကောင်းသလို၊ သူများတွေပတ်တာခံချင်လို့ ရေပတ်ခံထွက်တာကလည်း ပိုပြီးပျော်စရာကောင်းပါတယ်။

ရံဖန်ရံခါ ဒေသခံတွေက နိုင်ငံခြားသားတွေကိုတောင် ဝင်ကဲဖို့အမိုးဖွင့်ကားထဲဖိတ်ပါတယ်။ ဒါကြောင့်နိုင်ငံခြားသားတွေလဲ ဝင်ရောက်နွှဲပျော်ဖို့ လွယ်တာပေါ့ကွယ်။ တချို့ဆိုလာသမျှလူတွေကို ရက်ရက်ရောရော မုန့်ကျွေးတယ်။ ဒါတွေကနေတဆင့် တို့ဗမာလူမျိုးတွေရဲ့ နွေးထွေးဖော်ရွေတဲ့ နှလုံးသားကို ဖော်ပြနေတာပေါ့။

အမိုးဖွင့်ကားပေါ်မှာ သက်စွန့်ဆံဖျား ပျော်ရွှင်ခြင်းဖြင့် သင်္ကြန်ဆင်နွှဲခြင်းဟာ အဓိပ္ပာယ်မရှိဘူးထင်သူအတွက် အခြား ထိန်းထိန်းသိမ်းသိမ်းနှင့် ပျော်ရွှင်စရာနည်းလမ်းများ ရှိပါသေးတယ်။ မြို့ထဲလူစည်ရာပြင်ပ သိပ်မဖွံ့ဖြိုးသေးတဲ့နေရာမှာဆို (ဥပမာ ရန်ကုန်ဆိုရင်ဒလ၊ မန္တလေးဆိုရင် မတ္တရာ) သင်ဒေသခံတွေရဲ့ နေပုံထိုင်ပုံ၊ ပွဲတော်ရဲ့ရိုးရာအစစ်အမှန်ကို ခံစားရမှာပါ။

အမေရိက၊ ဗြိတိရှ၊ သြစတြေးရီးယား၊ ဂျပန်၊ စင်္ကာပူ အစရှိသောနိုင်ငံများတွင် ရောက်ရှိနေကြသော မြန်မာလူမျိုးများသည်လည်း စုပေါင်းပြီး သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြပါတယ်။ အဖွဲ့အစည်းများဖွဲ့စည်းပြီး ရိုးရာဝတ်စုံများ ဝတ်စားဆင်ယင်ကာ၊ မြန်မာအက၊ မြန်မာသီချင်း၊ မြန်မာ့အစားအစာများဖြင့် အားတက်သရောစုပေါင်း ဆင်နွှဲကြပါတယ်။

သင်္ကြန်က မြန်မာလူမျိုးတွေ ပျော်တတ်ပုံကိုပြတဲ့ဥပမာတွေ အများကြီးထဲမှာတစ်ခုပဲ ရှိသေးတယ်။လပြည့်နေ့တွေတိုင်း သင်္ကြန်လို ဆင်နွှဲရတဲ့ ပွဲတွေ တစ်နှစ်လုံးမှာရှိတယ်။ ဧရာဝတီမဂ္ဂဇင်းမှ “မြန်မာတွေဒီလောက် အခက်အခဲတွေကြားမှာ ဘယ်လိုပျော်နိုင်သလဲလို့ နိုင်ငံခြားသားတွေမေးရာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဤကဲ့သို့အဖြေတစ်ခုပေးတယ်။ မတရားမှုတွေနှင့် ဖိနှိပ်မှုတွေခံရတဲ့ကြားမှာ မြန်မာတွေက ရိုးရာပွဲတော်တွေမှပေးတဲ့ အခွင့်အရေးတွေကို အဆုံးစွန် ထုတ်ယူနိုင်ခြင်းဟူသော ချီးကျူးခွန်အားရှိတာကြောင့်နေမှာပေါ့” ဟုဖော်ပြထားတယ်။

ဒါ့အပြင် ယနေ့မှာဆိုရင် ပွဲတော်ဆင်နွှဲကျင်းပပုံတွေက အရင်ကထက် အများကြီး ပြောင်းလဲခဲ့ပါပြီ။ အကောင်းဘက်ကကြည့်မယ်ဆိုရင် ဗမာလူမျိုးတွေက နှစ်စဉ်ပွဲတော်ကို ဆင်နွှဲလာခြင်းက အလွန်ဝမ်းမြောက်စရာပါ။ ဘယ်လိုပဲဆင်နွှဲဆင်နွှဲ ဗမာလူမျိုးတိုင်းရဲ့စိတ်ထဲမှာတော့ သိသိသာသာ ပေါ်လွင်နေတဲ့ ပွဲတော်လေးတစ်ခုဖြစ်နေဆဲပါ။ နိုင်ငံရဲ့အရေးပါတဲ့ ရိုးရာပွဲတော်လေးအဖြစ် ချစ်ခင်မြတ်နိုးဆဲလည်း ဖြစ်ပါတယ်။

Photo       – Ye Htut (love diary)
Models    – Nang Sandar Hla Htun, Shwe Thamee
Make-up – Wai Wai (MRTV4)
Designer – May fashion

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။