သားသမီးတွေကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်စေတဲ့ မိဘတို့၏ အပြုအမူများ

0
738

စာချစ်သူတို့ရေ…

သင်ဟာ သင့်ကလေးရဲ့ ဝေယျာဝစ္စတွေကို  အစစအရာရာလိုက်လုပ်ပေးတတ်သူလား။

သင့်ကလေးချော်လဲတဲ့အခါ ပြေးပြီထူပေးတတ်သလား။

မိဘအများစုဟာ ရင်သွေးငယ်တွေကို ချစ်တဲ့စိတ်နဲ့၊ ကလေးငယ်လေးတွေ မလုပ်နိုင်လောက်ဘူးဆိုတဲ့အတွေးနဲ့ ကလေးတွေကို ဘာမှမလုပ်စေဘဲ အရာရာကို သူတို့ပဲလုပ်ဆောင်တတ်ကြပါတယ်။ အဲဒီလိုလုပ်ဆောင်ခြင်းဟာ ကလေးငယ်လေးတွေရဲ့ တာဝန်သိစိတ်ကို လျော့ပါးစေတတ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုကို လျော့နည်းစေပါတယ်။ အချိန်ကြာလာတဲ့အခါ ကလေးတွေအိမ်စာလုပ်ဖို့၊ စားပြီးသားပန်းကန်ဆေးဖို့၊ အခန်းရှင်းပေးဖို့ လူတစ်ယောက်လိုနေမှာဖြစ်ပြီး ကလေးငယ်ရဲ့ဘဝမှာ ဘာကိုမှ ကိုယ်တိုင်လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

သင့်ကလေးငယ်ကြီးပြင်းလာတဲ့အခါမှာ အခက်အခဲတွေရင်ဆိုင်လာရတဲ့အခါမှာလည်း ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်

၁။ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက သူတို့ဝန်နဲ့မျှတဲ့ တာဝန်လေးတွေ ချမှတ်ပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ သူတို့ရဲ့ အမြင်လေးတွေကို ထည့်သွင်းစဉ်းစားပေးပြီး သူတို့အကြိုက်တွေကို ကိုယ်တိုင်ရွေးချယ်စေပါ။

၃။ ကလေးတွေလုပ်နေတဲ့ အလုပ်တွေကို အားမလိုအားမရဖြစ်ပြီး ကိုယ်တိုင်ဝင်လုပ်ပေးတတ်တဲ့အကျင့်ကို ဖျောက်ပါ။

၎။ ကလေးငယ်တစ်ခုခုလုပ်နိုင်တဲ့အခါ အသိအမှတ်ပြုပေးပြီး ထုတ်ဖော်ချီးကျူးပေးပါ။

၅။ ဒဏ်ရာ၊အနာတရသေးသေးလေးတွေရတိုင်း နှစ်သိမ့်ပေးတတ်တဲ့အကျင့်၊ လဲကျတိုင်းထူပေးတတ်တဲ့အကျင့်ကိုဖျောက်ပါ။