အချစ်ကျောက်ဆောင်ကို တိုက်စားဖြိုဖျက်နိုင်တဲ့ ဒီရေလှိုင်းများ

0
858
၁။ ချစ်သူကို ဦးစားမပေးခြင်း။

တစ်ခါတလေမှာ အလုပ်ကိစ္စတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို ဦးစားပေးမိပြီး ချစ်သူကို ဘေးဖယ်ထားသလိုဖြစ်နေတတ်ပါတယ်။ တစ်ခါနှစ်ခါဆိုရင် ကိစ္စမရှိပေမဲ့ အမြဲတမ်းကြီး ဒီလိုဖြစ်နေရင် ချစ်ရသူကို စိတ်ထိခိုက်စေပြီး အချစ်ရေးကို ပျက်စီးစေပါတယ်။ အချစ်ရေးတစ်ခုတည်မြဲဖို့ အချိန်ပေးဖို့နဲ့ အလေးအနက်ထားဖို့ လိုအပ်ပါတယ်။

၂။ အပေါ်ယံပကာသနတွေ၊ ဂုဏ်တွေကို မက်မောခြင်း။

တချို့လူတွေဟာ အချစ်ကို ဂုဏ်ပကာသနတွေ၊ အရည်အချင်းသတ်မှတ်ချက်တွေနဲ့ တိုင်းတာကြပါတယ်။ ပြီးတော့ ချစ်သူရဲ့ ပင်ကိုယ်စရိုက်လက္ခဏာလေးတွေကို ပြောင်းလဲပစ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါဟာလည်း အချစ်ရေးကို မတည်မြဲစေတဲ့ အကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ တကယ်ချစ်တယ်ဆိုရင် အရှိအတိုင်း လက်ခံနိုင်ရမယ် မဟုတ်လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း။

အချစ်ရေးတစ်ခုကို ရေရှည်တည်မြဲဖို့အတွက် ချစ်သူနှစ်ဦးလုံးမှာ ကိုယ့်တန်ဖိုးကိုယ် ထိန်းသိမ်းနိုင်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားသလို ကိုယ့်ချစ်သူကိုလည်း တန်ဖိုးထားမှ အချစ်ရေးမှာ သာယာပြီး ရေရှည်တည်တံ့မှာ ဖြစ်ပါတယ်။

၎။ တစ်ယောက်အပေါ်တစ်ယောက် ချုပ်ခြယ်လွန်းခြင်း။

လူတိုင်းမှာ privacy ရှိပါတယ်။ ချစ်သူဆိုပေမဲ့ ဘယ်သွားသွား၊ ဘာလုပ်လုပ် ချုပ်ခြယ်တာတွေ၊ ကိုယ်ပိုင်ချမှတ်ရမယ့်ဆုံးဖြတ်ချက်တွေအထိ ဝင်ရောက်ချုပ်ကိုင်တာတွေက အချစ်ရေးကျောက်ဆောင်ကို တိုက်စားဖြိုဖျက်နိုင်တဲ့ ဒီရေလှိုင်းတွေပဲဖြစ်ပါတယ်။

၅။ အတ္တကြီးခြင်း။

အချစ်ရေးမှာ အတ္တကြီးတဲ့တစ်ကိုယ်ကောင်းစိတ်တွေအတွက် နေရာမရှိပါဘူး။ တစ်ယောက်အပေါ်တစ်ယောက် ညှာတာထောက်ထားစိတ်ရှိမှ ရေရှည်တည်မြဲမယ့် အချစ်ရေးအတွက် အတ္တစိတ်ဆိုတာ အဆိပ်တစ်ခွက်လိုပါပဲ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။