သင့်မွေးနံက ပြောပြနေတဲ့ သင့်အကြောင်း

0
93
စာချစ်သူတို့ရေ…

သင့်မွေးနံက ပြောပြနေတဲ့သင့်အကြောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ မှန်တယ်ဆိုရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။

တနင်္ဂနွေသားသမီး

တစ်ပတ်တာရဲ့ ပထမဦးဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ မွေးဖွားသူတွေဟာ ဦးဆောင်ဦးရွက်ပြုသူတွေဖြစ်ကြပါတယ်။ တနင်္ဂနွေသားသမီးတွေဟာ ရှိသမျှနဲ့ရောင့်ရဲတတ်သလို သူတို့ရဲ့ ပတ်ဝန်းကျင်ကို ပျော်ရွှင်မှုတွေ ဖြန့်ကျက်ပေးတတ်ကြပါတယ်။ စိတ်ကူးစိတ်သန်းကောင်းမွန်မှု၊ သဘောထားဖြူစင်မှုနဲ့ ကိုယ့်ကိုယ်ကိုကောင်းစွာစီမံနိုင်မှုတွေဟာ တနင်္ဂနွေသားသမီးတွေရဲ့ ဝိသေသလက္ခဏာတွေပါ။ စိတ်ခံစားမှုတွေကို ဖုံးကွယ်ထားပြီး လိုချင်တာကို ပွင့်ပွင့်လင်းလင်းမပြောတတ်တာဟာ တနင်္ဂနွေသားသမီးတွေရဲ့ အားနည်းချက်ဖြစ်ပါတယ်။

တနင်္လာသားသမီး

တနင်္လာသားသမီးတွေဟာ စိတ်အပြောင်းအလဲမြန်သလို သူတို့ရဲ့ဘဝတွေဟာလည်း အတက်အကျအနိမ့်အမြင့်တွေများတတ်ပါတယ်။ ကြင်နာတတ်တယ်၊ အများနဲ့လိုက်လျောညီထွေဖြစ်အောင်နေတတ်တဲ့ တနင်္လာသားသမီးတွေဟာ သူတို့ပတ်ဝန်းကျင်ရဲ့ စံပြပုဂ္ဂိုလ်လေးတွေပါ။ စိတ်ထိရှလွယ်သလို မိမိချစ်ခင်ရသူတွေအပေါ် ပိုင်စိုးပိုင်နင်းလုပ်တတ်တာကြောင့် တစ်ခါတလေမှာ အနီးနားကလူတွေကို စိတ်အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။

အင်္ဂါသားသမီး

အင်္ဂါနေ့မှာ မွေးဖွားသူတွေဟာ ဘဝဆိုတာကို ရုန်းကန်ခြင်းလို့ ခံယူထားသူတွေပါ။ အရာရာမှာ ဦးဆောင်ဦးရွက် ပြုတတ်တယ်။ လူကြီးဆန်တယ်။ မိသားစုအပေါ်သံယောဇဉ်ကြီးပြီး ဖေးမကူညီတတ်တယ်။ ရည်မှန်းချက်ကြီးပြီး အရာရာကို စနစ်တကျဆောင်ရွက်တတ်တယ်။ သူတစ်ပါးကို အားနာလွန်းပြီး ကူညီလွန်းတာကြောင့် မိမိကိုယ်တိုင်ကို ထိခိုက်စေတတ်တာဟာ အင်္ဂါသားသမီးတွေရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးတွေဟာ အရာရာကို စူးစမ်းတတ်ပြီး သင်ယူလေ့လာရတာကို နှစ်သက်တတ်သူတွေပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တယ်၊ လက်တွေ့ကျတယ်၊ ဘက်စုံထူးချွန်ပြီး ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝကျတယ်။ ရည်မှန်းချက်ကြီးပြီး မိမိကြိုးစားသလို သူတစ်ပါးကိုလည်း စေ့ဆော်ပေးတတ်ကြတယ်။ ဒေါသထွက်တဲ့အခါ ကမူးရှူးထိုး တုံ့ပြန်တတ်တာဟာ ဗုဒ္ဓဟူးသားသမီးတွေရဲ့ အားနည်းချက်ပါ။

ကြာသပတေးသားသမီး

ကြာသပတေး သားသမီးတွေဟာ မျှတတဲ့စိတ်သဘောထားပိုင်ရှင်တွေပါ။ ပျော်ပျော်နေတတ်တယ်၊ အကောင်းမြင်တတ်ပြီး ဟာသဉာဏ်ရှိတဲ့ အပြင် ဘဝကို ခပ်အေးအေးကျော်ဖြတ်ချင်ကြသူတွေပါ။ အပေးအကမ်းရက်ရောပြီး စိတ်သဘောထားပြည့်ဝတဲ့အတွက် လူချစ်လူခင်လည်းများတတ်ပါတယ်။ အရာရာမှာ ရောင့်ရဲနေတတ်တဲ့ ကြာသပတေးသားသမီးတွေဟာ ရည်မှန်းချက်နဲ့  ပတ်သက်ရင်လည်း သွေးအေးအေးနေတတ်တာကြောင့် မိသားစုနဲ့သူငယ်ချင်းတွေရဲ့ အားမလိုအားမရဖြစ်ခြင်းကို ခံရတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သောကြာသားသမီး

သောကြာသားသမီးတွေဟာ ချစ်ခြင်းမေတ္တာနဲ့ ဝေမျှမှုတွေရဲ့ ပြယုဂ်တစ်ခုပါ။ အပေးအကမ်းရက်ရောတယ်၊ စိတ်ကူးယဉ်ဆန်တယ်၊ လူဝင်ဆံ့တယ်၊ ပျော်ပျော်နေတတ်တယ်။ စကားကြွယ်ပြီး ပျော်ပျော်နေတတ်တဲ့ အတွက် သူတို့ဟာ အပေါင်းအသင်းတွေအလယ်မှာတော့ ဂျိုကာလေးတွေပါပဲ။ ချစ်ခြင်းမေတ္တာတွေကို တန်ဖိုးထားတတ်ပြီး ကူညီပေးတတ်တာကြောင့် ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ မိမိအကျိုးထက် သူတစ်ပါးအကျိုးကို ဆောင်ရွက်လွန်းတာကြောင့် ဘဝမှာ ပေါက်သင့်သလောက်မပေါက်ဘဲ ခရီးဖင့်နေတာမျိုးဖြစ်တတ်ပါတယ်။

စနေသားသမီး

စေတန်ဂြိုဟ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့ စနေသားသမီးတွေဟာ အစွန်းနှစ်ဖက်ရဲ့ ပေါင်းစပ်မှုမှာ ရှိနေတာကြောင့် တစ်ခါတစ်ရံမှာ ရေခဲလိုအေးပြီး တစ်ခါတစ်ရံမှာ မီးလိုပူပြင်းတဲ့သူတွေပါ။ စိတ်သဘောထားရိုးဖြောင့်တယ်။ မိမိအပေါ်ကောင်းသူတွေကို နှစ်ဆပြန်ကောင်းတတ်တယ်။ ကူညီတတ်တယ်။ ပေးကမ်းစွန့်ကြဲတာ ဝါသနာပါတယ်။ လက်တွေ့ကျပြီး တိကျပြတ်သားတယ်။ ပညာရည်ပြည့်ဝပြီး အလုပ်ကြိုးစားတယ်။ ဒေါသထွက်တဲ့အခါ ဘာကိုမှမမြင်နိုင်ဘဲ ပေါက်ကွဲတတ်တာဟာ စနေသားသမီးတွေရဲ့ အားနည်းချက်ပါ။

သင့်အတွက်မှန်ခဲ့ရင် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။