စိတ်ဖိစီးမှုများခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေနိုင်သည်

0
459

           စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာ အနည်းနဲ့အများရှိနေကြတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးတတ်ကြပြီး စိတ်ဖိစီးမှုတွေကြောင့် အိပ်ရေးပျက်ပြီး ကျန်းမာရေးထိခိုက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှုက လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်လဲ။ လူတစ်ယောက်ဟာ အချိန်အကြာကြီး စိတ်ဖိစီးလာတဲ့အခါမှာ  ကော်တီစောလ်ဆိုတဲ့ အဆိုးမြင်စိတ်တွေကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းဓာတ်တွေ ဖြစ်ပေါ်စေပါတယ်။ ဒီလို ဆိုးကျိုးအပြင် စိတ်ဖိစီးမှုက အဓိကအားဖြင့် လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ပုံစံ (၃) မျိုးနဲ့ ထိခိုက်စေပါတယ်။

၁။ အစာချေစနစ်ကို ထိခိုက်စေတယ်။

စိတ်ဖိစီးမှုတွေများတဲ့အခါ အစာချေစနစ်အတွက် စွမ်းအင်လုံလောက်စွာမထောက်ပံ့နိုင်ဘဲ အစာမကြေတာ၊ ပျို့အန်တာ၊ အစာစားချင်စိတ်မရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အပြန်အလှန်အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တွေ စားသောက်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ စဉ်းစားနိုင်စွမ်းကို လျော့ကျစေတယ်။

စိတ်ဖိစီးနေတဲ့အချိန်တွေမှာ နှလုံးခုန်နှုန်းမြန်လာပြီး စဉ်းစားနိုင်စွမ်းနဲ့ ဆုံးဖြတ်နိုင်စွမ်းကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းကို သတင်းပို့ပါတယ်။ အဲဒီသတင်းပို့ချက်ကို လက်ခံရအပြီးမှာ ဦးနှောက်က စဉ်းစားဆုံးဖြတ်နိုင်တဲ့အစိတ်အပိုင်းကို ယာယီပိတ်ထားလိုက်ပါတော့တယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေအရမ်းများနေရင် ဘာကိုမှ မစဉ်းစားနိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။

၃။ ခုခံအားကျဆင်းပြီး နေမကောင်းဖြစ်စေတယ်။

နာတာရှည်စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်မှာ ရှိနေသင့်တဲ့ ကိုယ်ခံအားကို လျော့ကျစေပြီး ဖျားနာလွယ်၊ ရောဂါရလွယ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်တိုးလာခြင်း၊ အိပ်ရေးပျက်ခြင်းစတဲ့ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှုဖြစ်ပေါ်လာတိုင်း မြန်မြန်ဖယ်ရှားပစ်လိုက်ပါ။ စိတ်ဖိစီးစေမယ့် အကြောင်းအရာတွေကို မေ့ပစ်လိုက်ပါ။ စိတ်ကို တည်ငြိမ်အောင်ထိန်းပြီး ပျော်ရွှင်မှုကို ရှာဖွေလိုက်ပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။