ဒွိဟအခြေအနေမှာ လမ်းမှန်ကိုရွေးနိုင်ဖို့ ကိုယ့်ကိုယ်ကို အမေးသင့်ဆုံး မေးခွန်း ၅-ခု

0
74

ဘဝမှာ လမ်းလယ်ခေါင်မှာယောင်ချာချာနဲ့ရပ်ပြီး ဘယ်လမ်းကို ချိုးကွေ့လျှောက်ရမယ်မှန်း မ သိဖြစ်နေတဲ့ အချိန်တွေ၊ ကြီးမားတဲ့ဆုံးဖြတ်ချက်နဲ့ ချီတုံချတုံဖြစ်နေတဲ့အချိန်တွေ၊ အတားအဆီးတွေ ကြောင့် လမ်းပိတ်ပြီး ဘယ်သွားရမှန်းမသိဖြစ်နေတဲ့အချိန်တွေဆိုတာ လူတိုင်းကြုံဖူးကြတဲ့အရာတွေ ပါ။ အဲ့ဒီအခြေအနေမှာ ရှေ့ဆက်တိုးနိုင်စေဖို့ သင့်ကိုယ်သင်မေးကြည့်သင့်ဆုံး မေးခွန်းလေးတချို့ကို ရေးသားတင်ဆက်လိုက်ပါတယ်နော်။

၁။ လက်ရှိအခြေအနေကနေ ကိုယ့်ကိုယ်ကို ခပ်ဝေးဝေးကခွာပြီး ကြည့်ပါ။

“ နီးလွန်းရင်မမြင်ဘူး ” ဆိုတဲ့စကားလေးလိုပါပဲ။ တစ်ခါတလေမှာ လူတွေဟာ နီးလွန်းရင် အ မှန်ကို မမြင်နိုင်ကြပါဘူး။ ဒါကြောင့် ဘာလုပ်ရမှန်းမသိတဲ့ ဒွိဟအခြေအနေကို ကြုံတဲ့အခါ အဖြေမှန် ကို တွေ့နိုင်ဖို့ လက်ရှိအခြေအနေနဲ့ခပ်ဝေးဝေးဆီ ကိုယ့်ကိုယ်ကိုဖယ်ထုတ်ကြည့်လိုက်ပါ။

၂။ “ ကိုယ့်အတွက် တကယ်အရေးကြီးတဲ့အရာကဘာလဲ ” ဆိုတာ စဉ်းစားပါ။

“ ကိုယ့်ဘဝအတွက် အဓိကတန်ဖိုးထားတဲ့အရာကဘာလဲ၊ ငွေထက်ပိုအရေးကြီးတာက ဘာ လဲ၊ ဘယ်တော့မှ ဆုံးရှုံးမခံနိုင်တာကဘာလဲ ” ဆိုတာကို သေချာစဉ်းစားဆုံးဖြတ်ပါ။

၃။ စစ်မှန်တဲ့အကူအညီရရှိနိုင်တဲ့နည်းလမ်းကို  ရှာဖွေပါ။

သိပ်ခက်ခဲလွန်းနေတဲ့အခြေအနေတစ်ခုကို ဖြေရှင်းဖို့ဆိုရင် ခဏနောက်ဆုတ်ကြည့်ဖို့ လိုအပ် ပါတယ်။ ကိုယ့်ကို အမှန်တရားပြောပြပေးမယ့်သူတွေ၊ ဘက်မလိုက်ဘဲ မျှတစွာ မြင်ပေးမယ့်သူတွေ၊ ကိုယ့်အခက်အခဲကို သူတို့အတွက် အသုံးမချမယ့်သူတွေဆီက အကူအညီရယူဖို့ လိုအပ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ စိတ်ဆင်းရဲခြင်းက “ထွက်ပေါက်” မဟုတ်ဘူးဆိုတာ သိပါ။

တစ်ခါတရံမှာ စိတ်ဆင်းရဲခြင်းက အခက်အခဲတွေအတွက် ဖြေရှင်းဖို့နည်းလမ်းကို ရှာမတွေ့ဘဲ ဖြစ်စေပါတယ်။ အခက်အခဲဆိုတာ လွန်ဆန်လို့မရပေမဲ့ စိတ်ဆင်းရဲနေရုံနဲ့တော့ ပြေလည်မသွားပါဘူး။ ဒါကြောင့် ခေါင်းအေးအေးနဲ့ ရင်ဆိုင်ဖို့နည်းလမ်းကို ရှာပါ။

၅။ ကိုယ့်ရွေးချယ်မှုက အဆင်ပြေသွားလိမ့်မယ်ဆိုတာသိပါ။

အပြောင်းအလဲတိုင်းက ခက်ခဲတယ်၊ ကြမ်းတမ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဘာမှ မ လုပ်ဘဲ ထိုင်စိတ်ဆင်းရဲနေတာထက်တော့ အများကြီးပိုကောင်းပါတယ်။ ဒါကြောင့် အခက်အခဲအ တွက် စိတ်ညစ်နေမယ့်အစား ကိုယ့်ကိုယ်ကို မေးခွန်းလေးတွေမေးပါ။

  • လက်ရှိနေရာကိုရောက်ဖို့ ကိုယ်ဘယ်လောက်ကြိုးစားခဲ့ရသလဲ။
  • လက်ရှိအခြေအနေက ကိုယ့်အတွက် ဘာအကျိုးကျေးဇူးတွေရနေလဲ။
  • လက်ရှိအခြေအနေကို ပြောင်းလဲဖို့ ကိုယ်ဘာလုပ်ချင်နေလဲ။
  • ဘာတွေလုပ်နိုင်မလဲ။
  • ကိုယ့်ကိုယ်ကိုအပေါ် ယုံကြည်မှုက ဘယ်လောက်ရှိနေလဲ။

စာချစ်သူတို့ရေ… အထက်ပါအချက်လေးတွေကို ဖတ်ရှုစိစစ်ပြီးတဲ့အခါ ကိုယ့်အတွက် လက်ရှိ အခြေအနေက ရုန်းထွက်ဖို့အဖြေတစ်ခုခုရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သေချာတာကတော့ ဘယ်လိုအခက်အခဲမျိုးမဆို ပြေလည်ဖို့နည်းလမ်းကတော့ ထိုင်စဉ်းစားနေတာထက် တတ်နိုင်သမျှ အဖြေရှာကြိုးစားခြင်းပါပဲ။ အားလုံးလည်း ဒွိဟအခြေအနေက ရုန်းထွက်ပြီး အောင်မြင်တဲ့ဘဝကို ဆက်လက်ချီတက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ စာစောင်လေးကို နှစ်သက်တယ်ဆို ရင် SHARE လိုက်ပါဦး။

Leave a Reply