မိဖုရားလို မိန်းမမျိုးနဲ့ ဘုရင်မလို မိန်းမမျိုး

2
5364
မိဖုရားလို မိန်းမ

ဒီလိုမိန်းမမျိုးက သူ့ဘဝတစ်လျှောက်လုံးကို အေးအေးချမ်းချမ်းရပ်တည်ဖို့ ဆုံးဖြတ်ပြီး ယောက်ျားတစ်ယောက်ကို အားကိုးမှီခိုဖို့ ဆုံးဖြတ်လိုက်သူပါ။ အဲဒီယောက်ျားရဲ့ ဆုံးဖြတ်ချက် အမိန့်တွေနဲ့ ရပ်တည်ရှင်သန်ရပါတယ်။ သူလိုအပ်တာတွေ နောက်ကနေ ပါရမီဖြည့် ပေးတယ်။

အရာရာကို သူ့စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးပေမဲ့ စိတ်တွေမွန်းကျပ်ပြီး ဝမ်းနည်းတဲ့ အခါမျိုးမှာ ခိုနားဖို့ ရင်ခွင်တစ်ခု အမြဲအဆင်သင့် ရှိနေတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဘုရင်မလို မိန်းမ

ဒီလိုမိန်းမမျိုးကတော့ တိုင်းပြည်တစ်ပြည်လုံးကို စီမံခန့်ခွဲနိုင်တဲ့ ဘုရင်မနဲ့ ခိုင်းနှိုင်းထားတာမို့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ သူမျိုးပါ။ သူမကတော့ အရာရာကို ကိုယ့်ရဲ့ ကိုယ်ပိုင် စဉ်းစားညဏ်တွေနဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဘယ်သူ့ရဲ့လွှမ်းမိုးမှုအောက်မှာမှ မရှိနေတဲ့အတွက် ဘဝကို လွတ်လပ်စွာ ရပ်တည်ရှင်သန်ခွင့်ရှိသူပါ။ ဒါပေမဲ့ စိတ်ပင်ပန်း ဝမ်းနည်းတဲ့ အခါ နားခိုဖို့ ရင်ခွင်တစ်ခုတော့ သူမမျှော်လင့်လို့မရပါဘူး။ ဘုရင်မဖြစ်ချင်ရင်တော့ ပျော့ညံ့ခွင့်မရှိပါဘူး။ ဘဝအမောတွေကို သူမကိုယ်တိုင်ပဲ ဖြေဖျောက်ဖို့ ကြိုးစားရပါတယ်။

ဒီတော့ အရာတိုင်းမှာတော့ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေမြဲပါ။ ကဲ ဂန္တဝင် မဂ္ဂဇင်းကို အားပေးနေတဲ့ ညီမလေးတွေ၊ အမတို့တွေရော ဘယ်လိုမိန်းမမျိုးဖြစ်ချင်ကြလဲ ဆိုတာ ပြောပေးကြပါအုံး။

ထင်မြင်ချက်လေးတွေနဲ့ Comment box မှာဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။

တစ်ခုခု ခံစားလိုက်ရရင် Share ပေးဖို့ မမေ့နဲ့နော်။

2 COMMENTS

  1. ပင်ပန်းတဲ့အချိန် နားခိုစရာ ရင်ခွင်တစ်စုံလိုချင်ပေမယ့်
    ဘုရင်မလို မိန်းမမျိုး ဖြစ်ချင်တယ်

  2. မဇ္ဇျိမပဋိပဋာ ပဲအဆင်ပြေပါတယ်

Comments are closed.