4-Kid Spa 5-Speed 9-Jordan November
Home Blog Page 242
အနံ့အရသာနဲ့ ပြည့်စုံတဲ့ ကော်ဖီတစ်ခွက်ဟာ ကြိုက်တတ်သူတွေအဖို့ ဘာနဲ့မှ မလဲနိုင်အောင် အရသာရှိလှပါတယ်။ ကော်ဖီသောက်နေကျလူတွေအတွက် ကော်ဖီတစ်ခွက်မပါရင် တစ်နေ့တာဘဝဟာ မပြည့်စုံဘူးလို့တောင် ထင်တတ်ကြပါတယ်။ ကြိုက်လို့ပဲ သောက်သောက်၊ မကြိုက်ဘဲနဲ့ သောက်ဖြစ်သွားတာပဲ ဖြစ်ဖြစ် ကော်ဖီသောက်ရတာဟာ အခြားဖျော်ရည်တွေ သောက်ရသလို သာမန်မဟုတ်ပါဘူး။ ကော်ဖီသောက်ပြီးသွားတဲ့အခါ ခန္ဓာကိုယ်အတွင်းမှာ ပြောင်းလဲမှုတွေ များစွာဖြစ်ပေါ်လာပါတယ်။ အောက်မှာဖော်ပြထားတဲ့အတိုင်းပေါ့။ ၁ဝ မိနစ် ကြာတဲ့အခါ - ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က သွေးကြောတွေထဲကို ရောက်ရှိသွားပြီး သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေ မြင့်တက်လာမယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ မိနစ်...
ပျိုမေများကို ငယ်ရွယ်နုပျိုခြင်းအတွက် လိုက်နာကျင့်သုံးရမယ့် အချက်တွေကို ဖော်ပြလိုက်ပါတယ်။ sunscreen ကိုနေ့စဉ်သုံးပါ(ဆောင်းရာသီမှာလည်း သုံးပေးပါ) နေပူဒဏ်ဟာ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရာပဲ။ UVA ရောင်ခြည်က ဖန်ကိုတောင် ဖောက်ပြီးဝင်နိုင်တယ်ဆိုတော့ အိမ်ထဲမှာလုံလုံခြုံခြုံနေလည်း ထိုးဖောက်နိုင်ပါတယ်။ ငယ်ရွယ်နုပျိုဖို့ဆိုရင် နေ့စဉ်ပုံမှန် ဆန်းစခရင် (sunscreen) လေးတွေသုံးပေးကြပါ။ အိပ်ရေးဝအောင်အိပ်ပြီး သန်းခြင်းကိုရှောင်ကြဉ်ပါ အိပ်ရေးပျက်ခြင်းက သန်းခြင်းကိုဖြစ်စေတယ်လေ။ သန်းဝေခြင်းက အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ဖို့လိုပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ပါဝါမျက်မှန်နဲ့ နေကာမျက်မှန်များတပ်ကြပါ ကိုယ်ကမျက်လုံးအားနည်းလာရင် တစ်ခုခုကို အားစိုက်ကြည့်ရတဲ့အခါ မျက်မှောင်ရှုံ့ကြည့်ရတာတွေဖြစ်လာပါတယ်။ ဒီလိုခဏခဏ ဖြစ်လာရင် အရေးအကြောင်းတွေလည်း ပေါ်လာမှာဖြစ်တယ်။...
ကျွန်တော်တို့ ဘာကြောင့် အသက်ရှင်နေကြတာလဲ။ ဘဝကို အခက်အခဲတွေကြားက ရုန်းကန်လှုပ်ရှားနေကြတာ ကားအကောင်းစားကြီးတွေ ဝယ်ဖို့လား။ ခမ်းနားထည်ဝါတဲ့ အဆောက်အဦးကြီးတွေမှာ နေထိုင်နိုင်ဖို့လား။ အစားကောင်း၊ အသောက်ကောင်းတွေ စားဖို့လား။ ကဲ… တစ်နေ့နေ့ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း အားလုံးပြည့်စုံလာပါပြီတဲ့။ ဘယ်လို မျှော်လင့်ချက်တွေနဲ့ အသက်ဆက်ရှင်ဦးမှာလဲ။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ အသက်အရွယ်တွေရလာမယ်။ အမြင်တွေ တဖြည်းဖြည်း မှုန်ဝါးလာမယ်။ ခန္ဓာကိုယ်လည်း တဖြည်းဖြည်းအားအင် ချိနဲ့လာမယ်။ ငယ်စဉ်ကလောက် မှတ်ဥာဏ်တွေလည်း မကောင်းတော့ဘူး။ အောင်မြင်စဉ်က ကိုယ့်အနားမှာ ဝန်းရံခဲ့တဲ့သူတွေလည်း ကိုယ့်အပေါ် အရင်ကလောက် ဂရုတစိုက်ရှိကြတော့မှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဘာအစားအသောက်တွေ စားနေတယ်။ ကိုယ်ဘယ်လို အခြေအနေ၊ အဆင့်အတန်းမျိုးနဲ့ ရပ်တည်နေတယ်ဆိုတာတောင် သတိကပ်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ ကဲ ဒါဆို...
ဝါကျွတ်ကာလကိုရောက်လာပြီဆိုတော့ ချစ်သူရှိတဲ့သူတွေက လက်ထပ်ဖို့အတွက် ပြင်ဆင်ကြတော့မယ်။ အလှပဆုံး၊ အစည်ကားဆုံးမင်္ဂလာပွဲကိုဆင်နွှဲပြီး အနာဂတ်အစီအစဉ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရေးဆွဲကြတော့မယ်။ ဒီကာလဆိုတာ အပျိုကြီး၊လူပျိုကြီးတွေခမျာ အိမ်ကိုတဖွဲဖွဲရောက်လာတဲ့ ဖိတ်စာတွေကိုကြည့်ပြီး ဘာလုပ်ရမလဲမသိ ဗျာများရတဲ့ကာလပေါ့။ ဖိတ်ကြားခံရတဲ့မင်္ဂလာပွဲတွေကို မတက်ပြန်ရင်လည်း ခင်မင်သူတွေကို အားနာရ၊ တက်ပြန်တော့လည်း မင်္ဂလာဆောင်မှာ တွေ့သူတိုင်းရဲ့  “ ဘယ်တော့စားရမှာလဲ” ဆိုတဲ့မေးခွန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရပြန်ရော။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ ဒါပေမဲ့ပရိသတ်ကြီးရေ… တစ်ကိုယ်တည်းပေမဲ့ အထီးကျန်ဆန်မနေတဲ့သူတွေ တစ်ယောက်တည်းပေမဲ့ ဘဝမှာပျော်ရွှင်နေတဲ့သူတွေ တစ်ဦးတည်းပေမဲ့ ဘဝကိုအဓိပ္ပါယ်ရှိစွာ ရှင်သန်နေတဲ့သူတွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။ “ ဘယ်တော့လဲ… ဘယ်တော့လဲ”...
ဘဝမှာ ယုံကြည်ချက်တစ်ခု ခိုင်ခိုင်မာမာ ရှိဖို့ လိုအပ်ပါတယ်။ လူအမျိုးမျိုးဟာ ယုံကြည်ချက် အမျိုးမျိုးနဲ့ဘဝကို ရပ်တည်ရှင်သန် ကြတယ်။ သို့ပေမဲ့ ကျွန်တော်တို့ ယုံကြည်တဲ့ အရာတွေက ကျွန်တော်တို့ရဲ့ စိတ်ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို ဖန်တီးနိုင်စွမ်းရှိတယ် ဆိုတာကို သတိကပ်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ယုံကြည်နေတဲ့ အရာကို အခြေအနေ အချိန်အခါပေါ် မူတည်ပြီး လိုက်လျော်ညီထွေပြောင်းလဲနိုင်စွမ်း မရှိရင် ဘဝဟာ အဓိပ္ပါယ်မဲ့ သွားနိုင်ပါတယ်။ အောက်ဘက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကလည်း ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး ဖက်တွယ်ထားတဲ့ ကျွန်တော်တို့ ပျော်ရွှင်မှုတွေကို အခြိမ်းခြောက်နိုင်ဆုံး...
ဂန္ထဝင်ညီမငယ်တို့ရေ… မိန်းကလေးတွေ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားတွေမတူညီသလိုပဲ အကြိုက်ဆုံးပန်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက်မတူညီကြပါဘူး။ ဒါကြောင့် သင့်အကြိုက်ဆုံးပန်းကပြောနေတဲ့ သင့်အကြောင်းလေးကိုလေ့လာကြည့်လိုက်ရအောင်နော်။ နှင်းဆီပန်းကို အနှစ်သက်ဆုံးဆိုရင် သင်ဟာ စိတ်ခံစားမှုပြင်းထန်ပြီး စိတ်ကူးယဉ်ဆန်တဲ့သူဖြစ်ပါတယ်။ ချစ်သူရွေးချယ်တဲ့နေရာမှာ နှလုံးသားရဲ့ဆန္ဒကိုရဲရဲဝံ့ဝံ့ရှေ့တန်းတင်တတ်သူုဖြစ်ပါတယ်။ သင်ဟာမိန်းမပီသပြီး အိနြေ္ဒကြီးသူဖြစ်ပါတယ်။ အဝတ်အစားဝတ်တဲ့နေရာမှာ ပန်းရောင်ကို အများဆုံးဝတ်ဆင်လေ့ရှိပါတယ်။ မိသားစုကို ခင်တွယ်တတ်ပြီး ဓလေ့ထုံးတမ်းတွေကိုလည်း လိုက်နာတတ်သူပါ။ ဘယ်အရာကိုမဆို အကောင်းဆုံးဆောင်ရွက်ချင်တဲ့ စိတ်လေးလည်း သင့်ဆီမှာကိန်းအောင်းနေတတ်ပါတယ်။ ဒေစီပန်းကို အနှစ်သက်ဆုံးဆိုရင် သင်ဟာ ဖြတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဝမ်းနည်းစရာတွေကြုံတွေ့လာရင်လည်း အချိန်အကြာကြီးဖက်တွယ်မထားတတ်ပါဘူး။ သင့်ရဲ့ပြုံးရွှင်နေတဲ့မျက်နှာလေးက သင့်ဘေးကလူတွေကိုပါ ပျော်ရွှင်မှုတွေကူးစက်စေပါတယ်။ သူငယ်ချင်းတွေကို အလေးထားတတ်တယ်။ ဘာအကြောင်းကြောင့်နဲ့မှ ချစ်ရသူတွေကို...
သာယာကောင်းမွန်တဲ့ ဘဝဆိုတာ ဘာလဲ။ ပျော်ရွှင်မှု၊ အောင်မြင်မှု နဲ့ ကျေနပ်ပျော်ရွှင်မှု ဆိုတာတွေကရော။ အခြားသူတွေကိုရော ဘယ်လိုဆက်ဆံသင့်လဲ၊ လောကဓံရဲ့ နှိပ်စက်မှုတွေ ကြုံလာတဲ့အခါ ဘယ်လို ရင်ဆိုင်ရမလဲ။ မလိုအပ်ဘဲ စိုးရိမ်နေတာတွေကို ဘယ်လိုရပ်တန့်ရမလဲ၊ ဘဝကို ဘယ်လို လွတ်လွတ်လပ်လပ် ဖြတ်သန်းရမလဲ အခက်တွေ့နေပါသလား။ ဒီအပတ်မှာတော့ ဂန္ထဝင် စာဖတ်ပရိသတ်ကြီးတို့အတွက် ဘဝကို သာယာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေကို ရေးသားတင်ဆက် လိုက်ပါတယ်။ ၁။ ဘဝကို မျက်ခြေမပျက် သုံးသပ်နေပါ။ ကိုယ့်အတွက် စိတ်ကြည်နူးချမ်းမြေ့စရာတွေ အမြဲ ရှာဖွေနေပါ။ ကိုယ်စိတ်ပါဝင်စားတဲ့...
ရင့်ကျက်ပြီး ယောက်ျားပီသတဲ့ အမျိုးသားတစ်ယောက်ဟာ ၁။ မိန်းမသားတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို အထင်သေးပြီး ကဲ့ရဲ့ရှုံ့ချတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ၂။ ကိုယ့်ချစ်သူအပေါ် သံသယတွေထားပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေအထိ အတင်းဝင်ရောက်စွက်ဖက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ ၃။ ကိုယ့်ချစ်သူအခက်အခဲကြုံတဲ့အခါ ကူညီဖြေရှင်းမပေးဘဲ ကိုယ်လွတ်ရုန်းပြီး ရှောင်ထွက်သွားတာမျိုး ဘယ်တော့မှ မလုပ်ဘူး။ ၄။ ခံစားချက်တွေကို ထုတ်ဖော်ပြသတာက လူညံ့တွေရဲ့အလုပ်လို့ မှတ်ယူမထားဘူး။ ၅။ အနာဂတ်ကို ထည့်မစဉ်းစားဘဲ လက်ရှိအချိန်မှာ စိတ်ကျေနပ်မှုရဖို့သက်သက် ပေါ့ပေါ့တွေးပြီး၊ ဖြစ်သလိုနေတတ်တဲ့အကျင့် မရှိဘူး။ ၆။ ကိုယ့်ချစ်သူထက် ကျန်တဲ့အရာတွေကို ဦးစားပေးတဲ့...
အောက်မှ ဖော်ပြထားတဲ့ အမူအကျင့်လေးတွေကို လုပ်ဆောင်ဖို့ သင့်အတွက် မခက်ခဲပါဘူး။ လက်တွေ့လုပ်ဆောင်ကြည့်လိုက်ပါ။ သင့်ဘဝကို သိသိသာသာ ပြောင်းလဲသွားစေမှာ သေချာပါတယ်။ ၁။ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအသောက်တွေကို မျှတစွာ စားသုံးပါ။ ၂။ သွေးလည်ပတ်မှု အားကောင်းစေဖို့ ကိုယ်လက် လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။ ၃။ လက်ရှိ အချိန်မှာ အကောင်းဆုံး ခံစားပျော်ရွှင်ပါ။ ၄။ ကျေးဇူးတရားတွေကို အောက်မေ့ပြီး ဘဝကို အဓိပ္ပါယ်ရှိရှိ      ရပ်တည်ရှင်သန်ပါ။ ၅။ မနေ့ကထက် ဒီနေ့ ပိုပြုံးပါ။ ၆။ လူရောစိတ်ပါ စိတ်ရောကိုယ်ပါ လန်းဆန်းနေစေဖို့ အိပ်ရေး ဝဝ အိပ်ပါ။ ၇။...
ကျွန်မအိမ်ထောင်ကျပြီးကာစက  ကလေးရလာတဲ့အခါမှာ ဟန်းနီးမွန်းကာလရဲ့ ချိုမြိန်မှုတွေပျောက်ဆုံးသွားမယ်လို့ ကျွန်မကို အားလုံးကပြောပြကြတယ်။  ကိုယ်ဝန်ဆောင်ကာလမှာလည်း ခက်ခဲတဲ့ အချိန်တွေကိုကျွန်မကျော်ဖြတ်ရလိမ့်မယ်၊ ကျွန်မအမိဝမ်းထဲက ထွက်လာတုန်းက မေမေခံစားခဲ့ရတဲ့ နာကျင်ခြင်းတွေကို ကျွန်မကြုံတွေ့ရလိမ့်မယ်ဆိုတာကိုလည်း ကျွန်မကိုသတိပေးကြတယ်။ အဲဒါတွေအပြင်လေ… ကလေးရောက်လာတဲ့အခါ ကျွန်မနဲ့ကျွန်မခင်ပွန်း အခုလို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး နေလို့ရတော့မှာ မဟုတ်ဘူးဆိုတာကလည်း ပါလိုက်သေးတယ်။ သူတို့ သတိပေးတာတွေကြားပြီး ကျွန်မရဲ့ရင်သွေးလေးမွးဖွားလာမယ့်အချိန်ကို ရင်တမမနဲ့စောင့်မျှော်ခဲ့တယ်။ ဒါပေမဲ့လေ…. ကျွန်မသမီးလေးရဲ့ မျက်နှာကို ပထမဆုံးမြင်တုန်းက ကျွန်မနှလုံးသားအရည်ပျော်မတတ် ဝမ်းသာကြည်နူးသွားလိမ့်မယ်ဆိုတာ ကျွန်မကိုဘယ်သူမှ မပြောပြခဲ့ကြဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ ကျွန်မသမီးလေးကို ရင်ခွင်ထဲပွေ့ထားရင်း...
အနံ့အရသာနဲ့ပြည့်စုံတဲ့ ကော်ဖီပူလေးတစ်ခွက်မှာ သင့်စိတ်နဲ့ ခန္ဓာကိုယ်ကို သဘာဝအတိုင်း လန်းဆန်းတက်ကြွစေမယ့် အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ သင်းပျံ့ကော်ဖီအနံ့လေးက သင့်ရဲ့စိတ်နှလုံးကို လွင့်မျောသွားသလို ခံစားစေနိုင်တာ ကြောင့် နေ့သစ်တစ်နေ့ကို ကော်ဖီပူလေးတစ်ခွက်နဲ့ စတင်သင့်ပါတယ်။ ကော်ဖီတစ်ခွက်ဟာ ထူးခြားဆန်းပြားတဲ့အရသာ၊ လန်းဆန်းစေတဲ့ ကဖိန်းဓာတ် အပြင် ကျန်းမာရေးအတွက် အောက်ဖော်ပြပါ အထောက်အပံ့ကောင်းတွေပါ သင့်ကို ပေးစွမ်းနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ ၁။ ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ စားသုံးလိုက်တဲ့အစားအစာတွေကို စွမ်းအင်အဖြစ်လျင်မြန်စွာ ပြောင်းလဲပေးနိုင်ပါတယ်။ မနက်ခင်းတိုင်းမှာ ကော်ဖီ သောက်သုံးခြင်းက တစ်နေ့တာလုံးရဲ့...
၁။ ကိုယ့်အချိန်တွေကို မိတ်ဆွေကောင်းတွေနဲ့ပဲ ကုန်ဆုံးပါ။ ၂။ အခက်အခဲ ပြဿနာတွေ ကြုံတွေ့လာရင် ရဲရဲ ရင်ဆိုင်ပါ။ ၃။ ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ရိုးသားပါ။ ၄။ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင် ဖန်တီးပါ။ ၅။ ကိုယ့်အားကိုယ် ကိုးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ၆။ အတိတ်တွေ အနာဂတ်တွေဆိုတာထက် ပစ္စုပ္ပန်ကို အကောင်းဆုံး ရပ်တည်ပါ။ ၇။ အမှားတွေက တစ်ဆင့် သင်ယူပါ။ ၈။ ကိုယ့်မှာ ရှိတဲ့ အရာတွေကို တန်ဖိုးထားတတ်ပါ။ ၉။ ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ခြေလှမ်းတွေ စတင်လိုက်ပါ။ ၁၀။ နောက်ထပ်လှမ်းမယ့် ခြေလှမ်းသစ်တွေအတွက် အားမန်အပြည့်ရှိပါ။ ၁၁။ မိတ်ဆွေအပေါင်းအသင်း...
ကျောက်ကပ်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ရော အသက်ရှည်ဖို့အတွက်ရော အရေးပါ အရာရောက်ပါတယ်။ ကျောက်ကပ်ဟာ ကျွန်တော်တို့တွေ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ပါလာတဲ့ အဆိပ်အတောက်တွေ ကင်းဝေးအောင် သွေး ၂၀၀ လီတာ (200 liters) ခန့်ကို နေ့စဉ် စစ်ထုတ်ပေးရတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ အဆိပ်အတောက်တွေဟာ ကျောက်ကပ်ကို ပျက်စီးစေပြီး ဆီးနဲ့ပတ်သတ်တဲ့ ရောဂါတွေလည်းဖြစ်ပွားနိုင်ပါတယ်။ ကျောက်ကပ်ကို အန္တရာယ်အပြုနိုင်ဆုံး အရာတွေကတော့… ဆား သဘာဝမဟုတ်သော ဖျော်ရည်များ မူးယစ်ဆေးများ ...
၁။ ကျွန်မနဲ့ မသက်ဆိုင်တဲ့ post တွေမှာ ကျွန်မကို tag မလုပ်ပါနဲ့။ ၂။ ကျွန်မရဲ့ ဆန္ဒကိုမမေးဘဲ ကိုယ့်သဘောနဲ့ကိုယ် group တွေထဲ မထည့်ပါနဲ့။ ၃။ “ဤစာကို ခုနှစ်ရက်အတွင်း သူငယ်ချင်း ခုနှစ်ယောက်ကို ပို့ပေးပါ” စတဲ့ စာမျိုးတွေ ကျွန်မကို မပို့ပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၄။ ကျွန်မကို “ hello” လို့ နှုတ်ဆက်ချင်ဆက်ပါ။ အဓိပ္ပါယ်မဲ့ Poke လုပ်လုပ်ပြီး စိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ပါနဲ့။ ၅။ ကျွန်မကို messenger...
၁။ အသက်ရှူလေ့ကျင့်ခန်းအတွက် (၅)မိနစ်အချိန်ယူပါ။ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာထိုင်ပြီး ငြိမ်းချမ်းတဲ့နေရာလေးတစ်ခုကို စိတ်ကူးပုံဖော်ပါ။ အသက်ကိုနက်နက်ရှိုင်းရှိုင်း ရှူထုတ်၊ ရှူသွင်းပါ။ ထိုပုံစံအတိုင်း တစ်ရက်ကို ၅ မိနစ်အချိန်ပေးပြီး လုပ်ဆောင်ခြင်းဖြင့် တစ်နေ့တာ ကုန်ဆုံးသွားသမျှ အားအင်တွေကို ပြန်လည်ရရှိစေသလို နောက် တစ်နေ့တာရဲ့ စိန်ခေါ်မှုတွေကိုလည်း ခွန်အားအပြည့်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ၂။ အတွေးတွေကို တည်ဆောက်ဖို့ (၅ မိနစ်)အချိန်ယူပါ။ စိတ်လက်မကြည်မလင်နဲ့နိုးထလာရတဲ့ နံနက်ခင်းတစ်ခုဟာ တစ်နေ့တာလုံးကိုပါ အဆင်မပြေ ဖြစ်စေပါတယ်။ ဒါကြောင့် နံနက်ခင်းမှာ ၅ မိနစ်ခန့်အချိန်ပေးပြီး ကောင်းမွန်တဲ့အတွေးတွေ၊ ခံစားမှု တွေကို တည်ဆောက်ပြင်ဆင်ရပါမယ်။...
သင့်ဆီကို လာမတွေ့နိုင်တဲ့သူတွေက သင့်ကိုရှောင်ဖယ်ချင်လို့မဟုတ်ပါဘူး။ ဘဝအပြောင်းအလဲတစ်ခုခုကြောင့် သင့်ဆီလာဖို့ ခက်ခဲသွားလို့ပါ။ ဘဝအခြေအနေတွေအတွက် အချိန်မလပ်ရုန်းကန်လှုပ်ရှားနေရလို့ပါ။ လူတွေအများကြီးနဲ့ ပေါင်းသင်းဆက်ဆံဖို့ စိတ်မောလူမော ဖြစ်နေလို့ပါ။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်ပေးခြင်းဖြစ်သည်။ ဘဝရှင်သန်ဖို့ အားသွန်ခွန်စိုက်ကြိုးစားနေရတဲ့အချိန်မှာ အဆင်ပြေပါတယ်ဆိုတဲ့စကားကို ဟန်ဆောင်ပြုံးရင်း မပြောချင်လို့ပါ။ ဒါ့ကြောင့် သင့်ဆီမလာနိုင်တဲ့ သင့်သူငယ်ချင်း၊ မိတ်ဆွေတွေကို ရှောင်ဖယ်ရှောင်ဖယ်လုပ်တယ်ဆိုပြီး တစ်ဖက်သတ်ကြီး မစွပ်စွဲလိုက်ပါနဲ့။ သူတို့ဘဝတွေအကြောင်းကို သူတို့ကိုယ်တိုင်ပဲ သိနိုင်တာပါ။  
          ဂန္ထဝင်ပျိုမေတို့ရေ… မကြာခင်မှာ နွေရာသီကို ရောက်ရှိလို့လာတော့မယ်နော်။ နွေရာသီရဲ့ ပူပြင်းလှတဲ့ နေဒဏ်က ပျိုမေတို့ရဲ့ အသားအရေကိုသာမက ဆံသားတွေကိုပါ ထိခိုက်စေနိုင်တယ်ဆိုရင် ယုံမလား။ တကယ်တော့ နေရောင်ခြည်ဟာ အသားအရေတွေကို ထိခိုက်စေသလို ဆံသားကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုထိခိုက်စေနိုင်သလဲဆိုတာကို အောက်မှာ ဆက်လက်လေ့လာကြည့်လိုက်ရအောင်နော်။ ၁။ နွေရာသီရဲ့ လေထုအတွင်းမှာ ရေခိုးရေငွေ့ပမာဏမြင့်တက်လာမှုကြောင့် ဆံသားတွေကို စေးကပ်ကပ်ဖြစ်စေပြီး လေးလံစေပါတယ်။ ၂။ နွေရာသီရဲ့ ဝိသေသတွေဖြစ်တဲ့ ချွေးတွေ၊ ဖုန်မှုန့်တွေကြောင့် ဗောက်ထခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ကျိုးကြေလွယ်ခြင်းနဲ့ ဆံပင်ကျွတ်လွန်းခြင်းစတဲ့ ဆံသားဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။...
           ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးဟာ ကျွန်မတို့လိုလူသားတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် လှပမှုတွေ ဆုတ်ယုတ်လာခဲ့ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကြောင့် သမုဒ္ဒရာကြီးတွေ၊ ရေထု၊ လေထုတွေ ညစ်ညမ်းရတယ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ သတ္တဝါတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ ဒါကို မကြည့်ရက်နိုင်တဲ့ ရိုင်ယန်ဆိုတဲ့ ၇နှစ်အရွယ်ကောင်လေးဟာ စွန့်ပစ်အမှိုက်တွေထဲက recycle လုပ်နိုင်တဲ့ပစ္စည်းတွေကို ရွေးထုတ်ပြီး လူသုံးကုန်ပစ္စည်းတွေအဖြစ် ပြန်လည်တီထွင်ရောင်းချတဲ့ Ryan's Recycling Company ကို တည်ထောင်ခဲ့ပါတယ်။ ရိုင်ယန်ဟာ ဖခင်ဖြစ်သူနဲ့အတူ recycling center ကို သွားရောက်လည်ပတ်ပြီးတဲ့အချိန်မှာ ဒီလုပ်ငန်းကို စတင်ခဲ့တာဖြစ်ပါတယ်။ လုပ်ငန်းစတာနဲ့...
၁။ အိပ်ရာကို သပ်သပ်ရပ်ရပ်သိမ်းပါ။ အိပ်ရာကိုသပ်ရပ်စွာသိမ်းဆည်းခြင်းက စိတ်ကို ကိုယ့်ကိုယ်ကို ယုံကြည်မှုဖြစ်ပေါ်စေပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ဦးနှောက်ကိုလည်း တည်ငြိမ်စေပါတယ်။ ဦးနှောက်တည်ငြိမ်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေပြီး တစ်နေ့တာလုံးကို ပေါ့ပါးပျော်ရွှင်စွာအလုပ်လုပ်နိုင်စေပါတယ်။ ၂။ ရေဓာတ်ဖြည့်တင်းပါ။ အိပ်စက်နေချိန်အတွင်းမှာ ရေဓာတ်မဖြည့်တင်းနိုင်တာကြောင့် အိပ်ရာမှနိုးထလာတဲ့အခါ ဘာမှမလုပ်ခင် ရေအဝသောက်သင့်ပါတယ်။ ဒါဟာ သင့်အတွက် တစ်နေ့တာလုံး လုပ်ကိုင်နိုင်မှု စွမ်းအင်ကို ဖြည့်တင်းပေးရာ ရောက်ပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။ ၃။ အစီအစဉ်ဆွဲပါ။ အရေးကြီးဆုံးအလုပ် ၃ခုကို ချရေးပြီး ကြိုတင် ပြင်ဆင်ပါ။ ဒါက သင့်တစ်နေ့တာကို စိတ်ဖိစီးမှု တွေမပါဘဲ အလုပ်တွေကို...
၁။ များများပြုံးပါ။ ၂။ ပျော်စရာအမှတ်တရတွေကို မှတ်ထားပါ။ ၃။ စိတ်ချမ်းသာအောင်နေပါ။ ၄။ သင့်ကို ပျော်ရွှင်စေတဲ့အရာတွေကို စဉ်းစားပါ။ ၅။ ကျေးဇူးသိတတ်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၆။ အကောင်းမြင်ဝါဒီရှိပါ။ ၇။ တရားထိုင်ပါ။ ၈။ ပရဟိတလုပ်ပါ။ ၉။ ခွင့်လွှတ်ပါ။ ၁ဝ။ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ။ ၁၁။ သဘာဝတရားကို လက်ခံပါ။ ၁၂။ အွန်လိုင်းကို အချိန်အကန့်အသတ်နဲ့သုံးပါ။ ၁၃။ အတွေ့အကြုံတွေကို မျှဝေပါ။ ၁၄။ အတွေ့အကြုံတွေကို ရှာဖွေပါ။ ၁၅။ ပန်းအိုးထိုးပါ။ ၁၆။ ညည်းညူတတ်တဲ့အကျင့်ကို ဖျောက်ပါ။ ၁၇။ စာအုပ်စင်ရှင်းလင်းပါ။ ၁၈။ ပိုမိုအိပ်စက်ပါ။ နေ့ရက်တွေတိုင်းကို ခွန်အားဖြည့်ပေးမယ့် ယခုစာစောင်လေးကို SHARE ရင်း အခြားသူတွေ ကိုပါ ပြန်လည်...