Oops! It appears that you have disabled your Javascript. In order for you to see this page as it is meant to appear, we ask that you please re-enable your Javascript!
သင့်သူငယ်ချင်းတွေအားလုံး အိမ်ထောင်ရက်သားကျကုန်ကြလို့ မင်္ဂလာမဆောင်ပါနဲ့။ အိမ်နီးချင်းအန်တီကြီးတွေရဲ့ အပျိုကြီးပဲလုပ်တော့မှာလား ဆိုတဲ့ မေးခွန်းတွေကို စိတ်ပျက်ပြီး မင်္ဂလာမဆောင်ပါနဲ့။ ချစ်သူများနေ့မှာ အထီးကျန်နေတော့မှာပဲလို့ တွေးမိပြီးလည်း အိမ်ထောင်ပြုဖို့မစဉ်းစားပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ အနောက်ကတန်းစီနေတဲ့ မောင်နှမတွေကို အားနာပြီးတော့လည်း မင်္ဂလာမဆောင်ပါနဲ့။ ရည်စားဟောင်းက မင်္ဂလာဆောင်တော့မှာမို့လို့ ကိုယ်လည်းအားကျမခံလိုက်ဆောင်တာမျိုးလည်း မင်္ဂလာမဆောင်ပါနဲ့။ အသက်ကြီးလာတဲ့အခါ ကြည့်ရှုစောင့်ရှောက်မယ့်သူမရှိမှာ စိုးရိမ်ပြီးတော့လည်း မင်္ဂလာမဆောင်ပါနဲ့။ အသက်အရွယ်ကြီးလွန်းပြီး ကလေးမမွေးနိုင်တော့မှာ စိုးရိမ်ပြီးတော့လည်း အိမ်ထောင်မပြုလိုက်ပါနဲ့။ သင်အချိန်တွေနဲ့ ထိုက်တန်တဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်… သင့်ကို တန်ဖိုးထားမြတ်နိုးပြီး သင်လေးစားမြတ်နိုးရတဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်.. သင့်ကို အရှိအတိုင်းလက်ခံပေးပြီး သင်ကအရှိအတိုင်းလက်ခံနိုင်တဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်… သင့်ကိုပျော်ရွှင်စေပြီး သူ့ရဲ့ဝမ်းနည်းမှုတွေကို ဝေမျှချင်တဲ့သူတစ်ယောက်ကို တွေ့တဲ့အချိန်… ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်သင့်ကို မေတ္တာတရားတွေနဲ့...
စာချစ်သူတို့ရေ… သင့်ဆီက ထွက်ပြေးချင်နေတဲ့သူတွေ လောကမှာ အများကြီးရှိနေပါတယ်။ သင့်ဆန္ဒအတိုင်း လိုက်လုပ်မပေးချင်သူတွေလည်း ရှိပါတယ်။ သင့်ကိုနာကျင်စေတဲ့ဒဏ်ရာတွေရှိသလို အူနာအောင်ရယ်ရစေတဲ့ ဟာသတွေလည်း ရှိနေပါတယ်။ သင်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေရှိနေတာက သင့်အတွက် ကံကောင်းသလို သူတို့အတွက် လည်း ကံကောင်းခြင်းပါ။ ဒါကြောင့် သင့်ကို ဘဝအတွေ့အကြုံတွေပေးတဲ့ သင့်ဘေးမှာရှိနေသူတွေကို ကျေးဇူးတင်လိုက်ပါ။ သင့်နှလုံးသား ကွဲကြေနေတဲ့အခါ သူတို့က သင့်ကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ သင့်ဘဝမှာ စိတ်ကိုလန်းဆန်းစေတဲ့ သာယာလှပတဲ့ နွေရာသီညနေခင်းအချိန်တွေ ရှိပါတယ်။ ကော်ဖီဆိုင်ထောင့်လေးမှာ သတင်းစာလေးဖတ်ရင်း၊ ကော်ဖီတစ်ကျိုက်သောက်ရင်း...
စာချစ်သူတို့ရေ.... ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ သိပ်အရေးကြီးပါတယ်။ သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်မှုဟာ စိုးရိမ်စရာ အခြေအနေတွေရှိနေပြီဆိုတဲ့ အချက်အလက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီထဲက လက္ခဏာတစ်ခုခုရှိနေပြီဆိုရင် နားလည်တတ်ကျွမ်းသူနဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူလိုက်ပါဦးနော်။
၁။ အရာရာပြောင်းလဲနေတဲ့လောကကြီးမှာ သင်ကြုံနေရတဲ့အခက်အခဲဆိုတာလည်း သင့်ဘဝအ ပြောင်းအလဲတစ်ခုခုကို ဖန်တီးပေးမယ့် အခွင့်အရေးတစ်ခုဖြစ်တယ်။ ၂။ အရင်ကလည်း အခက်အခဲတွေကို သင်ကျော်လွှားခဲ့ဖူးတယ်။ ဒီအခက်အခဲကိုလည်း သင် သေချာ ပေါက်ကျော်လွှားသွားနိုင်မှာ ဖြစ်တယ်။ ၃။ ဒါဟာ သင့်ဘဝအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေကို သင်ယူနေရတာဖြစ်တယ်။ ၄။ လောကကြီးမှာ အဆိုးအကောင်းဒွန်တွဲနေတာမို့ အဆိုးတွေကြုံလာရင်လည်း လက်ခံနိုင်ဖို့ ကြိုးစား သင့်တယ်။ ၅။ အခက်အခဲတွေထဲမှာပဲ သင့်ကိုယ်သင်လှောင်ပိတ်မထားဘဲ ရယ်မောစရာလေးတွေကို ရှာဖွေသင့် တယ်။ ၆။ သင့်ကိုယ်သင်ကြင်နာခြင်းကသာ လက်ရှိအချိန်မှာ သင့်အတွက် အလိုအပ်ဆုံး ဆေးဝါးဖြစ်တယ်။ ၇။ တခြားသူတွေရဲ့အဆိုးမြင်စိတ်တွေကြောင့် သင့်ကိုယ်သင် ပိုမွန်းကြပ်နေအောင်လုပ်နေမိတာ...
အိပ်ရာပေါ်မှာ လူးလှိမ့်နေမယ့်အစား ပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့နေ့တစ်နေ့ ပိုင်ဆိုင်ရဖို့ ပြင်ဆင်လိုက်စမ်းပါ။ ဘဝဆိုတာ ပျင်းစရာမကောင်းပါဘူး။ အမြဲတမ်းလှုပ်ရှားရုန်းကန်ရမှုတွေနဲ့ပဲ ပြည့်နှက်နေဖို့လည်း မလိုပါဘူး။ မနက်ခင်းမှာသာ စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထလာခဲ့မယ်ဆိုရင် ဘဝဟာ စိတ်လှုပ်ရှားစရာကောင်းတယ်၊ ပျော်စရာကောင်းတယ်၊ အံ့သြစရာလည်း ကောင်းပါလိမ့်မယ်။ ဒါကြောင့် အိပ်ရာထဲမှာ လူးလှိမ့်ပြီး ဖုန်းပွတ်နေမယ့်အစား အိပ်ရာကထပြီး ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ လုပ်လိုက်ပါ။ တစ်နေ့တာကို အင်အားရှိစွာနဲ့ စတင်လိုက်ပါ။ သံသယတွေ၊ ကြောက်ရွံ့မှုတွေနဲ့ ကိုယ် ပိုင်ဆိုင်ခွင့်မရှိတဲ့အရာတွေကို လှမ်းမျှော်နေမယ့်အစား အခုရှေ့မှာရှိနေတဲ့ အခွင့်အရေးကိုပဲ အသုံးချလိုက်ရအောင်။ ဆော့ကစားလိုက်ပါ။ ရယ်မောလိုက်ပါ။ ပျော်စရာတွေဖန်တီးပြီး အရာအားလုံးကို...
၁။ ကျွန်မက ထမင်းဟင်းချက်ကျွေးတဲ့အခါလုံးဝ ချေးမများပါနဲ့။ စောဒကမတက်ပါနဲ့။ ကျွန်မမချက်ရင် ရှင်ချက်ရမှာပါ။ ၂။ နေ့ရက်တစ်ရက်ကို ဆူပူခြင်း၊ ဗျစ်တောက်တောက်ပြောခြင်းနဲ့ မစတင်ပါနဲ့။ ကျွန်မလည်း မနက်ခင်းတွေမှာ ဆူပူတာမျိုး မလုပ်ပါဘူး။ ၃။ ကျွန်မဘက်က ပြိုင်မငြင်းချင်လို့ အလျှော့ပေးလိုက်တဲ့အခါ သဘောတူလက်ခံတယ်လို့ မမှတ်ယူလိုက်ပါနဲ့။ ၄။ ရှင် ကျွန်မအပေါ် ထားတဲ့အချစ်တွေကို မကန့်သတ်ပါနဲ့။ ၅။ PMS ဝေဒနာ၊ နေမကောင်းတာနဲ့ တခြားကျန်းမာရေးအခြေအနေတွေကြောင့် စိတ်အပြောင်းအလဲများနေချိန်မှာ ကျွန်မကို စိတ်ချမ်းသာအောင်ထားပါ။ ၆။ ကျွန်မတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်ကြောင်းလေးတွေ မကြာခဏ ပြောကြမယ်။ ၇။ ရက်ရောခြင်း၊ စေတနာထားခြင်းက ပျော်ရွှင်မှုရဲ့...
၁။ နူတ်ခမ်းသားခြောက်သွေ့အက်ကွဲခြင်း နူတ်ခမ်းသားတွေ ခြောက်သွေ့ပြီး အရေခွံလန်နေတာက ဓာတ်မတည့်မှုရဲ့လက္ခဏာ တစ် ရပ်ပါ။ အဲ့ဒီလိုအခြေအနေမှာ ခံတွင်းသန့်ရှင်းရေးထုတ်ကုန်တွေ၊ ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစား အစာနဲ့ ဆေးတွေကို အသုံးပြုပေးသင့်ပါတယ်။ ၂။ မျက်ခုံးမွေးကျွတ်ခြင်း မျက်ခုံးမွေးကျွတ်တာက သာမန်ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါပေမဲ့ မျက်ခုံးမွေးတွေ အကွက်လိုက်ကျွတ် ပြီး တဖြည်းဖြည်းပါးလာတယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။ ဒါဟာ သိုင်းရွိုက်ပမာဏများ လွန်းတာ၊ နည်းလွန်းတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ၃။ လက်သည်းမညီညာခြင်း လက်သည်းခွံလေးတွေ ပါးလွှာပြီး အရောင်ဖျော့နေတာက သွေးအားနည်းနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ လက်သည်းခွံဝါနေတယ်ဆိုရင် သံဓာတ်အားနည်းတဲ့ လက္ခဏာဖြစ်တာကြောင့် အသည်း၊...
ဖေဖေမေမေတို့ရေ... ဒီနေ့ခေတ်မှာ မိဘများအနေနဲ့ ရွေးချယ်စရာကလေးပြုစုပျိုးထောင်နည်းတွေ၊ လမ်းညွှန်စာအုပ် တွေ၊ အကြံပေးနေတဲ့ကျွမ်းကျင်ပညာရှင်တွေ အများကြီးရှိနေပါတယ်။ သင်ဟာ သင့်ဝန်းကျင်က လက်လှမ်းမီရာ နည်းလမ်းတွေကို လိုက်နာကျင့်သုံးနေပေမဲ့ သင်နဲ့ သင့်ကလေးကြားမှာ ထင်သလောက် တိုးတက်မလာဘူးလို့ တွေးနေမိလား။ တကယ်တော့ ကလေး ပြုစုပျိုးထောင်ရေးအတွက် အကောင်းဆုံးနဲ့အခြေခံအကျဆုံးတစ်ချက်ကတော့ မိဘနဲ့ သားသမီးကြား ရင်းနှီးခိုင်မြဲတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ပါပဲ။ မှန်ပါတယ်။ အဲ့ဒီလိုပေါင်းသင်းဆက်ဆံရေးတည်ဆောက်ဖို့ သင့်အသက်ဘယ်လောက်၊ သင့်ကလေးရဲ့ အ သက်က ဘယ်လောက်ဆိုတာက အရေးမကြီးပါဘူး။  သားသမီးတွေရဲ့ဘဝမှာ မိဘတွေရဲ့အားပေး ကူညီမှု၊ မှန်ကန်တဲ့လမ်းညွှန်မှုတွေဆိုတာ အမြဲလိုအပ်နေကြတာပါ။ ဒါကြောင့် ကလေးတစ်ယောက် ကို ပြုစုပျိုးထောင်ဖို့ တခြားနည်းလမ်းတွေကို...
သမီးလေးရေ…. ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေဖို့ ဘာတွေလိုသလဲလို့ သမီးလေးမေးဖူးတယ်နော်။ သမီးက တကယ်ပဲ စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တာလား။ အဲ့ဒါဆိုရင်တော့ မေမေ့ရဲ့ဒီစာလေးကို သေချာဖတ်ကြည့်လိုက်နော်။ ကြံ့ခိုင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လုပ်သမျှအလုပ်တွေကို ၁ဝဝ% အားစိုက်ပြီးလုပ်ပါ။ ဘယ်သူတွေက အသိအမှတ်ပြုပြုမပြုပြု၊ ဂုဏ်ပြုပြုမပြုပြု သမီးရဲ့ စွမ်းအင်တွေကို အကောင်းဆုံးအသုံးချပါ။ ရှုံးခဲ့ရင်တောင် အဆုံးစွန်အထိ ကြိုးစားခဲ့တယ်ဆိုတဲ့ စိတ်က သမီးကို ဂုဏ်ယူစေမှာသေချာတယ်လေ။ သမီးရဲ့ဘဝမှာ အသည်းကွဲတဲ့အခါမှာပဲဖြစ်ဖြစ်၊ အလုပ်မှာအတားအဆီးတွေ ကြုံရတာပဲဖြစ်ဖြစ် လွန်မြောက်နိုင်မယ်ဆိုတာကို ယုံကြည်ပါ။ ဘာပဲဖြစ်လာဖြစ်လာ သမီးကိုယ်သမီး ချစ်မြတ်နိုးတာကို မစွန့်လွှတ်လိုက်ပါနဲ့။ သမီးဟာ သမီးအတွက် အကောင်းဆုံးအဖော်ဆိုတာကို နားလည်ထားပါ။ ကိုယ့်ကိုယ့်ကိုယ်...
ဂန္ဓမာပန်းတွေဟာ စိုက်ပျိုးရတာ အလွယ်ကူဆုံးပန်းပင်လေးတွေပါ။ ထိန်းသိမ်းရတာ သိပ်မခက်သလို ရာသီဥတုဒဏ်ကိုလည်း ခံနိုင်ရည်ရှိတာမို့ အပင်စိုက်ဝါသနာပါတဲ့သူတွေစိုက်ကြည့်ဖို့ စိုက်ပျိုးဖို့အသင့်တော်ဆုံး ပန်းပင်လေးတွေပါပဲ။ ဂန္ဓမာပင် အမျိုးအစားပေါင်း ၃ဝ ကျော်ရှိတဲ့ထဲမှာ တစ်နှစ်ခံအပင်လေးတွေရှိသလို နှစ်ရှည်ကြာခံတဲ့အပင်တွေလည်း ရှိပါတယ်။ ဂန္ဓမာပင်တွေဟာ ရာသီမရွေးစိုက်ပျိုးနိုင်တဲ့အပင်တွေပါ။ ဂန္ဓမာပန်းတွေဟာ ဘန်ဇင်း (benzene) နဲ့ ဖော်မယ်လ်ဒီဟိုက် (formaldehyde) ၉ဝ ရာခိုင်နှုန်းကို ဖယ်ရှားပေးလိုက်နိုင်ပြီး လေကို သန့်စင်ပေးနိုင်ပါတယ်။ ဂန္ဓမာပန်းတွေကို စိုက်ပျိုးချင်တယ်ဆိုရင်တော့… ဂန္ဓမာပန်းလေးတွေဟာ ခြောက်သွေ့နေတာကို ကြိုက်နှစ်သက်တဲ့အတွက် နေရောင်လုံလုံလောက်လောက်ရတဲ့ နေရာမှာ စိုက်ပါ။ ရေဝပ်နိုင်တဲ့ မြေနိမ့်နိမ့်နေရာတွေ၊ မာကျောကျစ်ခဲနေတဲ့မြေတွေပေါ်မှာစိုက်ခြင်းကိုတော့...
ကျွန်မဟာ သူစိမ်းတွေကိုတောင်မှ ချီးမွမ်းစကားတွေ ပြောတတ်တဲ့အတွက် လူတွေက ကျွန်မကို အံ့သြတတ်ကြပါတယ်။ ကျွန်မကိုသဘောကျလာစေချင်လို့ ဟန်ဆောင်ပြီး ချီးမွမ်းနေတာပါလို့လည်း ထင်တတ်ကြတယ်လေ။ ကျွန်မက ကျွန်မဘေးနားက ဖြတ်သွားတဲ့ လူတစ်ယောက်ဆီမှာ ကျွန်မသဘောကျတဲ့ အရာလေးတွေ တွေ့ပြီဆိုရင် "ဖိနပ်လေးတွေ သဘောကျတယ်ဟေ့" ၊ "ကောင်းလိုက်တဲ့ဆံပင်" ၊ "မင်း မျက်လုံးလေးတွေက သိပ်လှတာပဲ" စသဖြင့် ချီးမွမ်းမိတတ်ပါတယ်။ တကယ်တော့ ကျွန်မ အဲ့ဒီလိုလိုက်လံချီးမွမ်းစကားတွေ ပြောနေတာမှာ အကြောင်းရှိပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်ရံမှာ ဘဝက ခက်ခဲကြမ်းတမ်းပြီးတော့ လောကဓံရဲ့ ဖိစီးမှုဒဏ်ကို ခံစားရတတ်ပါတယ်။ ဤဆောင်းပါးကို...
တနင်္လာသားသမီး ဒီအပတ်မှာ အရာရာအဆင်ပြေပြေဖြစ်ဖို့ အစွမ်းကုန်ကြိုးစားရပါလိမ့်မယ်။ ချမှတ်ထားတဲ့ အစီအစဉ်တွေ နှောင့်နှေးနေတဲ့အခါ စိတ်အနှောက်အယှက်ဖြစ်စရာတွေကို သင့်ရဲ့စိတ်အားထက်သန်မှုနဲ့ ကျော်လွှားနိုင်ပါလိမ့်မယ်။ အနာဂတ်ခရီးလမ်းအတွက် လိုအပ်ချက်တွေကို လက်တွဲဖော်နဲ့ အချိန်အတော်ကြာ ညှိနှိုင်းဆွေးနွေးရတတ်ပါတယ်။ ယတြာ- ပိတ်ဆို့နေတဲ့ ရေမြောင်းတွေကို ဆယ်ပေးပါ။ အင်္ဂါသားသမီး ဒီအပတ်ထဲမှာ အလုပ်ကိစ္စ၊ အိမ်ကိစ္စွနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်စရာ၊ ဒေါသဖြစ်စရာတွေ ကြုံရတတ်ပါတယ်။ အခြားသူတွေရဲ့ဆန္ဒကို ဦးစားပေးခြင်းဖြင့် အဆင်ပြေသွားတတ်ပါတယ်။ မလိုသူတွေရဲ့သွေးထိုးစကားကြောင့် ချစ်သူနဲ့စိတ်ဝမ်းကွဲတတ်ပါတယ်။ ယတြာ- ဘုရားစင်ကို နံနက်တိုင်း သန့်ရှင်းပေးပါ။ ဗုဒ္ဓဟူးသားသမီး ဒီအပတ်မှာ လုပ်ချင်တဲ့ ကိစ္စတွေကို ပြီးမြောက်အောင် မလုပ်နိုင်တာကြောင့် စိတ်မောနေရတတ်ပါတယ်။ တက်တက်ကြွကြွလုပ်ဆောင်မှသာ ကိစ္စအားလုံး အဆင်ပြေချောမွေ့ပါလိမ့်မယ်။...
စာချစ်သူတို့ရေ….။ မိဘတိုင်းဟာ သားသမီးတွေကို ချစ်ကြတယ်တဲ့။ သားသမီးတွေကို ချစ်တာချင်းတူပေမယ့် ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တဲ့ မိဘတွေရဲ့ မှားယွင်းနေတဲ့ ပျိုးထောင်မှုတွေလည်း ရှိပါတယ်။ အဲ့ဒါကတော့ မောင်နှမအချင်းချင်းကြားမှာ နှိုင်းယှဉ်မှုတွေနဲ့ ပြုစုပျိုးထောင်ခြင်းပါပဲ။ “ညီမလေးလောက်တောင် လက်ရေးမလှဘူး” တို့၊  “ အစ်မလို အဆင့်တစ်ရအောင် ကြိုးစား” တို့၊ “ညီလေးလောက်တောင် အားမကိုးရဘူး” စတဲ့ စကားလေးတွေဟာ ကျွန်မတို့အနေနဲ့ အမှုမဲ့အမှတ်မဲ့ ပြောလိုက်တဲ့အရာလေးတွေဖြစ်ပေမယ့် ကလေးတွေရဲ့ ရင်ထဲမှာတော့ ဆူးငြှောင့်ခလုတ်လေးတွေ ဖြစ်သွားနိုင်ပါတယ်။ နှိုင်းယှဉ်မှုတွေနဲ့ ပျိုးထောင်မှုတွေက မောင်နှမအချင်းချင်းကြားမှာ သွေးကွဲစေသလို၊ ရင်သွေးလေးတွေကို ယှဉ်ပြိုင်တတ်တဲ့စိတ်ကိုမွေးဖွားပေးလိုက်ပါတယ်။ သူတို့ကိုယ်သူတို့...
သမီးလေးရေ….။ ကိုယ်ပိုင်ဝင်ငွေနဲ့ ဘဝကိုရပ်တည်ပြီး ကိုယ့်ရဲ့လိုအပ်ချက်တွေတိုင်းကို ကိုယ်တိုင်ဖြည့်ဆည်းနေနိုင်တာ အမေတွေ့ရတော့ အမေဝမ်းသာလိုက်တာ။ မိခင်တစ်ယောက်အတွက် ကိုယ့်ရဲ့သားသမီးအောင်မြင်နေတာ မြင်တွေ့ရတာထက် ပိုကြီးမားတဲ့ ပျော်ရွှင်မှု မရှိနိုင်ဘူးမဟုတ်လား။ သမီးလေးရေ.. သမီးလေးတစ်ယောက် ငွေကြေးတွေအဆင်ပြေလာတာ၊ မေမေတို့ကို ထောက်ပံ့လာနိုင်တာတွေ့ရတော့ မေမေဝမ်းသာမိသလို၊ ငွေကြေးတွေကို အကိုင်အတွယ်မတတ်ဘဲ လမ်းမှားရောက်မှာလည်း စိုးရိမ်မိပြန်ရော။ သမီလေးရေ…။ လူအများစုက ငွေမရှိတဲ့ဒဏ်ကို ခံနိုင်ကြပေမယ့် ငွေရှိတဲ့ဒဏ်ကိုတော့ လူအနည်းစုကပဲ ခံနိုင်ရည်ရှိကြတယ်။ သမီးအနေနဲ့ အရင်ကထက်ဝင်ငွေပိုရလာတဲ့အခါမှာ ငွေတွေကိုစနစ်တကျသုံးတတ်ဖို့နဲ့ သမီးချစ်ခင်ရသူတွေရဲ့ အကျိုးအတွက် သုံးတတ်ဖို့ လိုတယ်နော်။ လူတွေကပြောကြတယ် “မိန်းကလေးတွေက ငွေမရှိရင်ပျက်စီးပြီး ယောက်ျားလေးတွေက ငွေရှိရင်ကပျက်စီးတယ်”...
တစ်ခါတုန်းက ချစ်ရမှာကြောက်တဲ့ ဖြူဖြူဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ ဖြူဖြူရဲ့ဖခင်ဟာ ဆေးလိပ်သောက်လွန်းတာကြောင့် ကင်ဆာဖြစ်ပြီး ဖြူဖြူ ၁၃ နှစ်သမီးအရွယ်မှာပဲ ကွယ်လွန်သွားခဲ့တယ်။ ဖြူဖြူ့မိခင်ဟာ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့ရတာကြောင့် ဖြူဖြူကလည်း အချစ်ကိုရှာရမှာ ကြောက်နေခဲ့ တယ်။ ဒါပေမဲ့ ကံကြမ္မာဆိုတာ အံ့သြစရာကောင်းပါတယ်။ ဆေးလိပ်ကိုမုန်းတဲ့ဖြူဖြူဟာ ဆေးလိပ်မပြတ် သောက်တဲ့ ကျော်ကျော်ဆိုတဲ့ ကျောင်းနေဖက်သူငယ်ချင်းနဲ့ကြိုက်သွားပါတယ်။ ချစ်သူတွေဖြစ်ကတည်းက ဖြူဖြူဟာ သူမဖခင်ရဲ့ဇာတ်လမ်းကို ပြောပြပြီး ကျော်ကျော့်ကို ဆေးလိပ်မသောက်ဖို့ ပြောပေမဲ့ ကျော်ကျော် ကတော့ သောက်တာပါပဲ။ နောက်ပိုင်းကျတော့ ကျော်ကျော်စိတ်ဆင်းရဲတာ မမြင်ရက်တာနဲ့ ဖြူဖြူက ဆေးလိပ် ဖြတ်ဖို့...
မိန်းကလေးတွေကို နူးညံ့တယ်လို့ ပြောကြတယ်။  ပန်းကလေးတွေနဲ့ တင်စားကြတယ်။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ထိ စိတ်ဓာတ်သန်မာတယ်ဆိုတာ သင်သိလား။ မိန်းကလေးတစ်ယောက် ပိုးဟပ်တစ်ကောင်ကို မြင်ရင် ကြောက်ရွံ့စွာ ထွက်ပြေးကောင်း ထွက်ပြေးလိမ့်မယ်။ ဒါပေမဲ့ သူမချစ်ခင်ရတဲ့သူတစ်ယောက် အခက်အခဲ ကြုံတွေ့ရတဲ့အခါမှာတော့ ထိပ်ဆုံးက ကူညီဖြေရှင်းပေးတတ်ကြတယ်။ သွေးစက်တွေကို ကြောက်ရွံ့တဲ့ မိန်းကလေးတစ်ယောက်ဟာ မီးဖွားခြင်းဆိုတဲ့ နာကျင်မှုတွေကို သားသမီးဆိုတဲ့ ပီတိတွေနဲ့ လဲလှယ်နိုင်ကြတယ်။ မိန်းကလေးတွေဟာ ထိခိုက်လွယ်တယ်၊ အားနွဲ့တယ်လို့ ပြောစမှတ်ပြုကြပေမယ့် အရေးကိစ္စကြုံလာတဲ့အခါမှာ အားကောင်းမောင်းသန်ယောက်ျားလေးတစ်ယောက်ကို စိတ်ဓာတ်ကြံ့ခိုင်လာအောင် အားပေးနိုင်စွမ်းရှိကြသူတွေပါ။ မိန်းကလေးတွေဟာ မျက်ရည်လွယ်ကြတယ်။...
လူရယ်လို့ဖြစ်လာရင် အကောင်းအဆိုး၊ အကြောင်းအကျိုးကြားမှာ ဝေဖန်သုံးသပ်မှုတွေ အမြဲတမ်းပြုလုပ်ရပါတယ်။ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့၊ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် critical thinking ဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရည်အသွေးပဲ မဟုတ်လား။ အဲ့ဒီ critical thinking ဟာ ပညာရေးမှာကော ဘာ့ကြောင့်အရေးပါတာလဲ။ Critical Thinking နဲ့ စာသင်ကြားခြင်းအားဖြင့်… ကျောင်းသား၊သူတွေရဲ့ စူးစမ်းတတ်တဲ့ စိတ်၊ သိလိုတဲ့စိတ်ကို အားပေးနိုင်ပြီး မေးခွန်းတွေမေးဖို့၊ ကိုယ်ပိုင်အတွေးတွေနယ်ချဲ့ဖို့ ကူညီပေးနိုင်တယ်။ အကြောင်းအရာ၊ သတင်းအချက်အလက်တွေကို ကိုယ်ပိုင်ဉာဏ်ရည်နဲ့ ဝေဖန်သုံးသပ်နိုင်ဖို့၊ ကြားသိတဲ့အကြောင်းအရာအချက်အလက်တွေကို မျက်စိမှိတ်ယုံတတ်တဲ့ အကျင့်တွေ မရှိစေဖို့...
          စာချစ်သူတို့ရေ…။           တက္ကသိုလ်ကျောင်းသူ၊ သား ဘဝဆိုတာ ဘဝရဲ့ အလွတ်လပ်အပေါ့ပါးဆုံး အချိန်တွေပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသား၊သူဘဝရဲ့ အချိန်တွေမှာ စာမေးပွဲရမှတ်တွေထက် ကျောင်းသားဘဝနဲ့ အနာဂတ်အတွက် အထောက်အကူပြုနိုင်မယ့် အရာလေးတွေကိုလည်း ပြုလုပ်သင့်ပါတယ်။           ဒါ့ကြောင့် တက္ကသိုလ်ကျောင်းသူ၊ သား ဘဝမှာ စာမေးပွဲရမှတ်တွေများဖို့ထက် အရေးပေးသင့်တဲ့အရာလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။  
         ၂ဝ၁၉ ဟာ မိဿရာသီဖွားများအတွက် အလိုဆန္ဒတွေ ပြည့်ဝဖို့ အပြောင်းအလဲလေးတွေ လုပ်ဆောင်ပြီး အောင်မြင်မယ့် ပြည့်စုံမယ့်နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာကို လုပ်နေတဲ့အချိန်မှာ အကြောက်တရားတွေကို ဖယ်ရှားထားသင့်ပါတယ်။ သင်ထင်တာထက် သင့်စိတ်က စွမ်းအားပိုကြီးတာကြောင့် ဘာပဲဖြစ်ဖြစ် စိတ်ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ရလဒ်ကောင်းတွေ ရလာပါလိမ့်မယ်။ မိဿရာသီဖွားတွေမှာ အရာအရာကို အောင်နိုင်မယ့် စိတ်စွမ်းအားမျိုးရှိတာကြောင့် ဘယ်အရာမှ သူတို့လမ်းကြောင်းမှာ အနှောင့်အယှက်အကြာကြီး မပေးနိုင်ကြပါဘူး။ မိဿရာသီဖွားတွေဟာ တက်ကြွတဲ့၊ ဆွဲဆောင်နိုင်တဲ့၊ စိတ်စွမ်းအားကြီးတဲ့သဘောတွေ ဆောင်ပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ကောင်း နည်းနည်းဆန်တယ်၊ ဒေါသထွက်လွယ်တယ်၊ ခေါင်းမာတတ်ကြပါတယ်။...
၁။ သင့် ခံစားချက်တွေကို အမြဲလျစ်လျူရှုထားခံရတယ်။ ၂။ သူလိုအပ်မှ သင့်ကို ဆက်သွယ်တယ်။ ၃။ သင့်အတွက် ပေးစရာအချိန် သူ့မှာအမြဲရှားပါးနေတတ်တယ်။ ၄။ သင့်ကို သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့ တွန့်ဆုတ်ပြီး အမြဲချောင်ထိုးထားတတ် တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၅။ သင်တို့စကားဝိုင်းဟာ ဘယ်တော့မဆို သူဖြစ်ချင်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ချည်း အဆုံးသတ်တတ် တယ်။ အချစ်ဆိုတာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ခင်တွယ်တာမှုတွေနဲ့ ချည်နှောင်ထားတဲ့အရာပါ။ ဒီလိုမဟုတ်ဘဲ အထက်ဖော်ပြပါအချက်တွေနဲ့ပဲပြည့်နေပြီဆိုရင် ဒါဟာ အချစ်မဟုတ်တော့ဘဲ၊ သူ့ ပျော်ရွှင်မှုနဲ့လိုအပ်ချက်အတွက် သင့်အချစ်တွေကို အသုံးချတာဖြစ်နေပါပြီ။ လူတိုင်းဟာ ကိုယ့်တန်ဖိုး...