ဘဝမှာ အရေးထားသင့်တဲ့ အရာတွေကို ဘယ်လို မှတ်တမ်းတင်မလဲ

0
2134

ဒေးဗစ် (David) နဲ့ မိုက်ကယ်လ် ( Michael ) တို့ သူငယ်ချင်းနှစ်ယောက် သဲကန္တာရထဲမှာ ဖြတ်သန်းလာကြရင်း လမ်းခုလတ်မှာ စကားများကြပါတယ်။ အဲဒါနဲ့ စိတ်မထိန်းနိုင်တော့ မိုက်ကယ်လ် ( Michael ) က ဒေးဗစ် (David) ကို ထိုးလိုက်တယ်။ ဒေးဗစ် (David) ဟာ အရမ်းနာကျင်နေပေမယ့် ဘာမှ မတုန့်ပြန်ဘဲ သဲထဲမှာပဲ ” ဒီနေ့ ကျွန်တော့အချစ်ဆုံး သူငယ်ချင်းက ကျွန်တော့ကို လက်သီးနဲ့ ထိုးတယ်။” ဆို မှတ်တမ်းရေးလိုက်တယ်။
ဒီလိုနဲ့ သူတို့ ကိုယ်လက်သန့်စင်ဖို့ စီစဉ်ထားတဲ့ အိုအေစစ်ဆီ ရောက်သည်အထိ ခရီးဆက်လာ ခဲ့ကြပါတယ်။ တစ်နေရာအရောက်မှာ ဒေးဗစ် (David)ဟာ ရွှံ့နွံထဲ နစ်သွားခဲ့ပါတယ်။ ဒါနဲ့ မိုက်ကယ်လ် ( Michael )က ကူညီကယ်ဆယ် ပေးခဲ့ပါတယ်။ ဒီလိုနဲ့ အသက်ဘေးက လွတ်မြောက်လာတဲ့ ဒေးဗစ် (David)ဟာ ” ဒီနေ့တော့ ကျွန်တော့ အချစ်ဆုံး သူငယ်ချင်းက ကျွန်တော့အသက်ကို ကယ်ခဲ့တယ်။” ဆိုပြီး ကျောက်တုံးပေါ်မှာ မှတ်တမ်း ရေးလိုက်တယ်။

ဒါနဲ့ မိုက်ကယ် ( Michael )က နားမလည်ခြင်းများစွာနဲ့ “နေပါဦး။ မင်းက ငါမင်းကိုထိုးတဲ့နေ့က သဲထဲမှာရေးတယ်။ အခုကျတော့ ကျောက်တုံးပေါ်မှာ ရေးတယ်။ ဘာကြောင့်လဲ။ ရှင်းစမ်းပါဦး။” လို့မေးလိုက်တယ်။ ဒါနဲ့ ဒေးဗစ်(David) လည်း ” တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်စေခဲ့ရင် ခွင့်လွှတ်ခြင်းဆိုတဲ့ လေပြေလေးနဲ့ ပယ်ဖျက်လို့ရအောင် သဲပေါ်မှာ ရေးခြင်းဖြစ်တယ်။ ဒါပေမယ့် ကိုယ့်အပေါ် တစ်စုံတစ်ယောက်က ကျေးဇူးပြုလာခဲ့ရင်တော့ အဲဒါကို ဘာနဲ့မှ တိုက်စားလို့ မရအောင် ကျောက်တုံးပေါ်မှာ မှတ်တမ်း ရေးခြင်းဖြစ်တယ်” ဆိုပြီး ရှင်းပြလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အထက်ပါ အဖြစ်ပျက်လေးက လူတစ်ယောက်ရဲ့ ကျေးဇူးတရားဆိုတာ တစ်သက်လုံး အောက်မေ့သတိရနေသင့်တယ် ဆိုတာရယ်။ နာကျင်မှုတွေ အမုန်းတရားတွေကိုတော့ ခွင့်လွှတ်သည်းခံခြင်းနဲ့ တယ် ဆိုတာကို မီးမောင်းထိုးပြ သွားခဲ့ပါတယ်။

ဒီစာစောင်လေးကို သင့်ဘဝ ရဲ့ အမှတ်တရ အဖြစ်ဆုံးလူသားကို tag လုပ်ပြီး ဂုဏ်ပြုလိုက်ပါ။ ဒါဟာ သူတို့ကို သင့်တစ်သက်တာလုံး အမှတ်တရ ဖြစ်နေတော့မယ်ဆိုတာ ပြလိုက်တာနဲ့ အတူတူပါပဲ။

သဘာကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။