အိမ်မွေးတိရစ္ဆာန်လေးများနဲ့အတူ အိပ်စက်ခြင်းက ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်သလားဆိုတာ…

0
391

မင်္ဂလာပါ အိမ်မွေးတိရစ္ဆာန်ချစ်သူလေးတို့ရေ…

အိမ်မွေးတိရစ္ဆာန်ချစ်သူအားလုံးလိုလိုကတော့ မိမိတို့ရဲ့ခွေးလေး၊ ကြောင်လေးတွေကို အိပ်ရာ ပေါ်ပေးအိပ်ပြီး ပွတ်သပ်ယုယ၊ အတူဆော့ကစားရတာကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း မိမိတို့အိပ်ရာပေါ် အတူအိပ်စက်ခွင့်ပြုသူတွေကတော့ ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လေး တွေကို အိပ်ရာပေါ်ခေါ်သိပ်ခြင်းက နှစ်ခြိုက်စွာ အိပ်ပျော်မှုကို ဟန့်တားထားတယ်လို့ အရင်ကယူဆခဲ့ ကြလို့ပါ။ အခုချိန်မှာတော့ အဲ့ဒီအဆိုမမှန်ကန်ကြောင်း လေ့လာတွေ့ရှိမှုအသစ်တွေက ဖော်ပြလာကြ ပါပြီ။

အိပ်စက်ခြင်းနဲ့ပတ်သက်တဲ့ ဆေးဘက်ဆိုင်ရာသုတေသနတွေပြုလုပ်တဲ့ စင်တာတစ်ခုကနေ လူပေါင်း (၁၅ဝ) ကို သူတို့ရဲ့အိပ်စက်ခြင်းဆိုင်ရာ အလေ့အထတွေအကြောင်းကို တွေ့ဆုံမေးမြန်းခဲ့ပါ တယ်။ အဲ့ဒီလူတွေထဲမှာ (၄၉) ရာခိုင်နှုန်းက အိမ်မွေးတိရစ္ဆာန်ရှိသူတွေဖြစ်ပြီး အများစုက အိမ်မွေး တိရစ္ဆာန်လေးတွေကို အိပ်ရာပေါ်အတူအိပ်စက်ခွင့်ပြုကြတဲ့သူတွေပါ။ စာရင်းကောက်ယူမှုအရ (၂ဝ) ရာခိုင်နှုန်းသောသူတွေက အိပ်ရေးပျက်ကြတယ်ဆိုပေမဲ့ ကျန်တဲ့ရာခိုင်နှုန်းအများစုကတော့ ထိခိုက် စရာဆိုးကျိုးတွေမရှိဘဲ နှစ်ခြိုက်စွာအိပ်ပျော်ကြတယ်လို့ ဆိုကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နှစ်ခြိုက်စွာအိပ်မပျော်ကြသူအများစုရဲ့ ဆင်ခြေတွေကတော့ မိမိတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေကို အိပ်ရာထဲမှာ ထားသိပ်ခြင်းအားဖြင့် အိပ်ရာအနှံ့ခြေဦးတည့်ရာ လျှောက်သွားခြင်း၊ ဆူညံစွာ ဟောက်ခြင်းနဲ့ ညည်းညူခြင်းတို့ကြောင့် အနှောင့်အယှက်ဖြစ်ရကြောင်း ဆိုကြပါတယ်။
တကယ်တော့ ဒါဟာ မိမိတို့ရဲ့အိပ်ရေးပျက်ခြင်းအတွက် အိမ်မွေးတိရစ္ဆာန်လေးတွေကို အပြစ် ဖို့မိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လေ့လာတွေ့ရှိသူတွေရဲ့အဆိုအရ တကယ်အိပ်ရေးပျက် စေတဲ့ အကြောင်းရင်းတွေက မိမိအိမ်ထောင်ဖက်ရဲ့ကျယ်လောင်တဲ့ဟောက်သံ၊ အလုပ်ကြောင့် စိတ် ဖိစီးမှု၊ ဓာတ်မတည့်မှုနဲ့ အီလက်ထရောနစ်ပစ္စည်းတွေရဲ့ သံလိုက်လှိုင်းတွေကြောင့် ပိုဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့အိပ်မပျော်တဲ့ဝေဒနာရှင်တွေကို ရောဂါသက်သာပျောက်ကင်းဖို့ရာ အိမ် မွေးတိရစ္ဆာန်လေးတွေနဲ့အတူ အိပ်စက်ဖို့ ဆရာဝန်တွေက ညွှန်ကြားထားတာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ မိမိတို့နဲ့လက်ပွန်းတတီးနေမယ့် အိမ်မွေးတိရစ္ဆာန်လေးများကို ကာကွယ်ဆေးထိုးပေးဖို့၊  ပိုးမွှားကင်းစင်ပြီး သန့်ရှင်းသပ်ရပ်နေအောင်ဂရုစိုက်ဖို့ရာကလည်း အရေးကြီးတဲ့အကြောင်း သုတေသီ တွေက သေချာသတိပေးထားပါသေးတယ်နော်။

ကဲ… သင့်သူငယ်ချင်းတွေထဲမှာ အိမ်မွေးတိရစ္ဆာန်ချစ်သူလေးတွေရှိနေရင်လည်း သူတို့ကို ဗဟုသုတလေးတွေ မျှဝေဖို့ mention ခေါ်ပေးလိုက်ပါဦးနော်။