လက်မထက်ခင်မှာ အရောင်တင်ထားရမည့် ကိုယ်ပိုင်အရည်အသွေးလေးများ

0
1372

အိမ်ထောင်သည်ဘဝမှာ ကိုယ့်ကိုချုပ်ကိုင်မယ့် စည်းမျဉ်းစည်းကမ်းရယ်လို့ မရှိပေမယ့် မင်္ဂလာခန်းမထဲ လမ်းလျှောက်တော့မယ်လို့ မဆုံးဖြတ်ခင်မှာ ကိုယ့်ကိုယ်ကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှလည်း သာယာတဲ့အိမ်ထောင်ရေးကို ရိုက်ခတ်စေမယ့် အငြင်းပွားစရာတွေနဲ့ တခြားပြဿနာတွေရဲ့ ရန်တွေကို လျှော့ချနိုင်မှာပေါ့။ အခု ဂန္တဝင်မဂ္ဂဇင်းကနေ ပျိုမေတို့ရဲ့ဘဝမှာ ရင်ခုန်စရာအကောင်းဆုံးဖြစ်တဲ့ မင်္ဂလာပွဲလေးအတွက် ပြင်ဆင်သင့်တာတွေ ပြင်ဆင်လို့ရအောင် အကြံကောင်းအချို့ကို မျှဝေပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ပုဂ္ဂိုလ်ရေးဆိုင်ရာ အရည်အချင်း

မင်္ဂလာဆောင်ပြီဆိုတာနဲ့ “ငါ” ဇွဲကို လက်ကိုင်ထားလို့မရတော့ဘူးနော်။ ကိုယ်နဲ့ အတူလက်တွဲပြီး ဘဝတစ်ခုတည်ဆောက်မယ့် ကိုယ့်ခင်ပွန်းလောင်းကို ရိုသေလေးစားဖို့လိုလာပြီ။ အလိုက်သင့်နေတတ်အောင်၊ သူ့အတွက်ပါ ထည့်စဉ်းစားတတ်အောင် ကြိုးစားရမယ်။ ဒါမှ လင်နဲ့မယား လျှာနဲ့သွားလို ရေရှည်မှာ လက်တွဲညီကြမှာပေါ့။

၂။လင်မယားကြားဆက်ဆံရေးဆိုင်ရာ အရည်အချင်း

လင်မယားကြားဆက်ဆံရေးတွေမှာ “ငါမှန်တယ်” “သူမှန်တယ်” ဆိုတာလေးတွေက အမြဲတွေ့ရပါတယ်။ ဒါပေမယ့် အရှုပ်ထွေးဆုံး အခြေအနေတစ်ခုမှာတောင် လင်မယားနှစ်ယောက်စလုံး ရိုးရိုးရှင်းရှင်း အဖြေရှာနိုင်မယ်ဆိုရင် “နင်မှန်တယ်” ဆိုတာလေး ဖြစ်လာတာပေါ့။ ဒါကြောင့် လင်မယားကြားဆက်ဆံရေးတွေမှာ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ပေါင်းသင်းဆက်ဆံနိုင်စွမ်းလေးတွေ ပါဝင်နေပါတယ်။ ဒီအချက်လေးတွေက လင်မယားနှစ်ယောက်စလုံးအတွက် စိတ်ကျေနပ်ခြင်း၊ စိတ်မကျေမနပ်ဖြစ်ခြင်းတွေကို အဆုံးအဖြတ်ပေးပါတယ်။ ဒါကြောင့် မခံချင်စိတ်တွေ မမွေးဘဲ မတူညီကွဲပြားတာကို လက်ခံဖို့ သင်ယူထားရမယ်။

၃။စိတ်ကူးရင်ကမ္ဘာကထွက်ပြီး လက်တွေ့ဘဝကိုရင်ဆိုင်နိုင်တဲ့ အရည်အချင်း

ဘယ်လို အိမ်ထောင်ရေးမျိုးမဆို ဖြတ်သန်းရတဲ့ အဆင့် (၃)ဆင့်ရှိတယ်နော်။

  • ပထမအဆင့် – မေတ္တာမျှခြင်း (နတ်သမီးပုံပြင်ထဲက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်လိုပေါ့)
  • ဒုတိယအဆင့် – အမှန်အတိုင်း သိမြင်လာခြင်း
  • တတိယအဆင့် – လက်ခံခြင်းနဲ့ ရောင့်ရဲတင်းတိမ်ခြင်း

အိမ်ထောင်သက်တမ်းကြာပြီဖြစ်တဲ့ မိတ်ဆွေတွေကို မေးကြည့်ပါ၊ ဒီအချက်တွေကို လက်ခံလားဆိုတာလေ။ ပထမအဆင့်မှာဆိုရင် အချစ်စတင်ဖြစ်ပေါ်လာတာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီစွဲလမ်းမှုတွေကို ကျော်လွန်ပြီး ဘာကိုမှ မြင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်ဘဝမှာ ဖြတ်သန်းနေရတဲ့အခါ ကျေနပ်ခြင်းတွေ၊ အနစ်နာခံခြင်းတွေနဲ့ မျှော်လင့်ခြင်းတွေကို ကြုံတွေ့ခံစားလာပြီဆိုရင်တော့ အရာရာကို မြင်နိုင်လာပြီလို့ ဆိုလို့ရပါတယ်။ ဒါကြောင့် ရှုထောင့်အမျိုးမျိုးကနေ မြင်နိုင်အောင်လို့ အိမ်ထောင်သည်ဘဝရဲ့ သာယာမှုတွေအပြင် ဒွန်တွဲပြီးပါလာမယ့် အခက်အခဲတွေကိုပါ လက်ခံနိုင်အောင် ပြင်ဆင်ထားပါ။

မင်္ဂလာဆောင်တယ်၊ လက်ထက်တယ်ဆိုတာ ထာဝရအတွက်ပါ။ ဒါကြောင့် အထက်မှာဖော်ပြထားတဲ့ လျှို့ဝှက်ချက်လေးတွေကို အသုံးချပြီး အပျော်ဆုံးနဲ့ အကောင်းဆုံး အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်လိုက်ပါ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊